မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Tuesday, June 30, 2015

အရှေ့မော်တုန်းရွာ၌ တောင်သူများ စပါးအထွက်တိုးရေး ပညာပေး ဆွေးနွေး



အရှေ့မော်တုန်းရွာ၌ တောင်သူများ စပါးအထွက်တိုးရေး ပညာပေး ဆွေးနွေး
တနင်္သာရီ - ဇွန်လ (၂၇) ရက်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်  တနင်္သာရီမြို့နယ်  အရှေ့မော်တုန်းကျေးရွာ အုပ်စု အရှေ့မော်တုန်းရွာ အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင် အတွင်းတောင်သူများ စပါး အထွက်နှုန်းတိုး၍ ၀င်ငွေ တိုးပွားစေရေး ရည်ရွယ်၍ ဇွန်လ(၂၇)ရက် နံနက်(၀၉း၀၀) အချိန်က မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးသည် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းစိုးနှင့် ၀န်ထမ်းများ လိုက်ပါလျက် အရှေ့မော်တုန်းကျေးရွာ အုပ်စု အတွင်းမှ တောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
 

တနင်္သာရီမြို့နယ် ရပ်ကွက်/ကျေးရွာ စာရေးများအား (၆)လ (၁)ကြီမ် အရည်အချင်းစစ်ဆေးမှု ပြုလုပ်




တနင်္သာရီမြို့နယ် ရပ်ကွက်/ကျေးရွာ စာရေးများအား (၆)လ (၁)ကြီမ် အရည်အချင်းစစ်ဆေးမှု ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးစီး၍ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၏ ညွှန်ကြားချက်များနှင့် အညီ ရပ်ကွက်/ ကျေးရွာစာရေးများ စွမ်းဆောင်ရည် မြှင့်မား တိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် တနင်္သာရီမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီး သီးတို့မှ စာရေးများအား (၆)လ (၁)ကြီမ် အရည်အချင်း စစ်ဆေးခြင်းအား ဆောင်ရွက်လျက် ရှိရာ ဇွန်လ(၂၉)ရက်နေ့ နံနက်(၀၉း၃၀) အချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် စွမ်းဆောင်ရည် မြင့်မားရေး ရက်တိုသင်တန်း ဖွင့်လှစ် ပို့ချရာသို့ ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအုပ်စု(၁၉)အုပ်စု တို့မှ စာရေး(၂၁)ဦးတို့တက်ရောက်ကြသည်။


Monday, June 29, 2015

* ဝိုင်းတောင်အလက(ခွဲ)သို့ ပညာဒါန အလှူ *

* ဝိုင်းတောင်အလက(ခွဲ)သို့ ပညာဒါန အလှူ *
= = = = = = = = = =
မြိတ်မြို့နယ် မဇောကျေးရွာ အုပ်စု ဝိုင်းတောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း( ခွဲ ) တွင် ကျင်းပပြုလုပ်သော " မိသားစုညီညွှတ်ရေး ဘဝသုံးပါး အသင်း ( မြိတ်မြို့ ) မှ မတည်ပြီး အလှူရှင် စေတနာရှင်များ စုပေါင်း၍ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာ ပေးအပ် လှူဒါန်းပွဲ အခမ်အနား ကို ၁၃၇၇ ခုနှစ် ပထမဝါဆိုလဆန်း ၁၃ ရက်နေ့ ၂၀၁၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တနင်္ဂနွေနေ့ မွှန်းလွဲ ၁ နာရီ တွင် ကျင်းပခဲ့ပါသည်။



"ပွဲစားထံ အကြွေးဘတ်၁၀သိန်း အလုပ်လုပ်ရင်း ပေးဆပ်နေ" ရသော ပုလောမြို့နယ်မှ မြန်မာ မိန်းကလေး သုံးယောက် ယနေ့လွတ်မြာက်


"ပွဲစားထံ အကြွေးဘတ်၁၀သိန်း အလုပ်လုပ်ရင်း ပေးဆပ်နေ" ရသော ပုလောမြို့နယ်မှ မြန်မာ မိန်းကလေး သုံးယောက် ယနေ့လွတ်မြာက်
===============================
ထိုင်းနိင်ငံ မဟာချိုင်နယ်မြေတွင် ထိုင်းနိင်ငံသို့ ခေါ်တင်လာသော ပွဲစားတစ်ဦး ထံတွင် လမ်းစရိတ်၊ အလုပ်သွင်းခ၊ အလုပ်မရခင် ကျွေးထားသော စားစရိတ်များကို သုံးနှစ်နီးပါး အ လုပ်လုပ်ရင်း အကြွေးဆပ်နေသော်လည်း မကျေနိင်သေးပဲ အတိုးပေါ် အတိုးတက်ရင်း ခုချိန်ထိ သုံးဦးပေါင်း ဘတ်၁၀သိန်း အကြွေးတင်နေတာကို မြန်မာသံရုံးမှသံအမတ်ကြီး ဦးဝင်းမောင်၏ ကိုယ်ရေးအရာရှိ ဦးအောင်စိုးမှ ဦးဆောင်ပြီး အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်ကော်မတီက အောင်မြင်စွာ ဖြေရှင်းပေးနိင်ခဲ့ပါသည်။




အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တနင်္သာရီမြို့နယ်၌ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တနင်္သာရီမြို့နယ်၌ ပြုလုပ်

 တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်  တနင်္သာရီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို တနင်္သာရီခန်းမတွင် ဇွန်(၂၆)ရက် နံနက်(၀၉း၃၀) နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ ကျောင်းသူ ကျောင်းများက မူးယစ်ရန်စွယ် ဒို့တိုက်ဖျက်မယ် တေးသီချင်းသီဆိုလျက် အခမ်းအနားက ဖွင့်လှစ်ပေးခဲ့ပြီး ရှေးဦးစွာ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့  ဒု-ဥက္ကဌ တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ကပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော  သ၀ဏ်လွှာအား ဖတ်ကြားပြီး    မြို့နယ် ဥပဒေအရာရှိ ဦးဇေယျာဝင်းထက် က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းရှင်းလင်းပြောကြားသည်။

““အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား မြိတ်တက္ကသိုလ်၌ ကျင်းပ ပြုလုပ်

““အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား မြိတ်တက္ကသိုလ်၌ ကျင်းပ ပြုလုပ်

---------------------------------------

““အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ””  နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်း အချိန်၌ မြိတ်တက္ကသိုလ်၊ အဆောင်(၈)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး  ယာယီဒု ရဲမှူးကြီး တင်ထွန်း၊ မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူး၊ ခရိုင်တရားသူကြီး ဒေါ် ၀ီလ်မာထွန်းခင်၊ မြိတ်ခရိုင် ပြန်/ဆက် ဒု ဦးစီးမှူး ဒေါ်သန်းသန်းဌေး၊ ခရိုင်/ မန အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ် ဆရာ/ ဆရာမများ၊  ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ သူများ၊ စုစုပေါင်း အင်အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့သည်။





  

မူးယစ်ဆေးဝါး အန္တရာယ် ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်

မူးယစ်ဆေးဝါး အန္တရာယ် ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်
------------------------
မြိတ်မြို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ရောင်းချနေသူ တရားခံများ၏ ထွက်ဆို အစစ်ခံ ဖော်ထုတ်ချက် အရ မူးယစ်ဆေးဝါး သုံးစွဲသူ (၃၄)ဦး၊ အခြား ဖိတ်ကြားထားသူ(၁၆)ဦး၊ စုစုပေါင်း (၅၀)ဦး တို့ဖြင့် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် (၂၃.၆.၂၀၁၅) ရက်နေ့ (၁၈၀၀)  အချိန်မှ (၁၉၃၀) အချိန်ထိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၊ မြို့နယ် ဥပဒေ အရာရှိ ဦးအောင်စိုးမင်း တို့မှ မူးယစ်ဆေးဝါးဆိုးကျိုး အန်္တရာယ် ပညာပေး ဟောပြောခြင်းနှင့်  ၀န်ခံကတိ လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


Tuesday, June 23, 2015

ကျောင်းဆောင်သစ်ပေးအပ်ပွဲကျင်းပ

ကျောင်းဆောင်သစ်ပေးအပ်ပွဲကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဘုတ်ချောင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း စာသင်ကျောင်းဆောင်သစ် ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Monday, June 22, 2015

တနင်္သာရီမြို့နယ်၌ ဘိန်းစာပင် များအား စုပေါင်း အဖွဲ့ဖြင့် ခုတ်ထွင် ရှင်းလင်း မီးရှို့ ဖျက်ဆီး

တနင်္သာရီမြို့နယ်၌ ဘိန်းစာပင် များအား စုပေါင်း အဖွဲ့ဖြင့် ခုတ်ထွင် ရှင်းလင်း မီးရှို့ ဖျက်ဆီး

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးစီမံချက် (ယင်းမာ) ကို လူထု လှုပ်ရှားမှု အသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ တနင်္သာရီမြို့နယ် ဘန်လော ကျေးရွာအုပ်စု အရှေ့ သမီးလှ ကျေးရွာ အရှေ့တောင်ဘက် (၂) မိုင်ခန့် အကွာတွင် ဘိန်းစာပင်များ ပေါက်ရောက်လျက် ရှိကြောင်း သတင်းအရ အဆိုပါ ဘိန်းစာပင်များအား ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီးခြင်းကို ၂၀၁၅ ခုနှစ် ၊ ဇွန်လ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် တနင်္သာရီ မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။




Friday, June 19, 2015

မြိတ်မြို့နယ် အတွင်း၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စိတ်ကြွရူးသွပ် ဆေးပြား များ ဖမ်းဆီ ရမိ

မြိတ်မြို့နယ် အတွင်း၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စိတ်ကြွရူးသွပ် ဆေးပြား များ ဖမ်းဆီ ရမိ
-------------------------------------------------------------
၂ဝ၁၅ ခုနှစ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား အလေးထားသော အားဖြင့် လူထု လှုပ်ရှားမှု အသွင်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူး စီမံချက် (ယင်းမာ) ကို မေ ၂၆ ရက် မှ ဇွန် ၂၆ ရက် အထိ ဆောင်ရွက်လျက် ရှိရာ မြိတ်မြို့နယ် အတွင်းတွင်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၅ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် စိတ်ကြွ ရူးသွပ် ဆေးပြား ဖမ်းဆီးရ မိမှု (၂)မှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ (၁၈-၆-၂၀၁၅) ရက်နေ့ နေ့လည် အချိန်တွင် မြိတ်မြို့မ ရဲစခန်းမှ အမှတ်(၁)နယ်မြေ ရဲကင်းမှူး  ဒုရဲအုပ် ရဲထွဋ်ကိုနှင့် အဖွဲ့သည် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့်အဖွဲ့၊ အမှတ်(၂) နယ်မြေရဲကင်းမှ ဒုရဲအုပ် စည်သူလင်းနှင့်အဖွဲ့၊ အမှတ်(၃)နယ်မြေရဲကင်းမှ ရဲတပ်ကြပ်ကြီး ဇင်ယော်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့ တို့သည် သက်သေများနှင့်အတူ  မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်၊ ဗန္ဓုလ လမ်းသွယ်ရှိ ဇော်ဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသော ၀င်ရောက် ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်း အမှတ်(၁၃/၂၀၁၅) ဖြင့် သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ရာ ဇော်ဦး(၂၈)နှစ် (ဘ)ဦးလှဝင်း၊  မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကြက်မွေးမြူရေး လုပ်ငန်း၊ ဗန္ဓုလလမ်းသွယ်၊ လမင်းရပ်၊ ရေပုန်းနယ်မြေ၊ မြိတ်မြို့နေသူ နှင့် ၎င်းနေအိမ်အတွင်းရှိ ယောက်ဖတော် စပ်သူ ကျော်သူစိုး(ခ) ဖိုးအ(၂၃)နှစ်(ဘ) ဦးသန်းမြင့်၊  မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊  ကြက်မွေးမြူရေး လုပ်ငန်း၊ ဗန္ဓုလလမ်းသွယ်၊ လမင်းရပ်၊ ရေပုန်းနယ်မြေ၊ မြိတ်မြို့နေသူ တို့ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ကီလို ဂရမ်လျှင် ကျပ်သိန်း(၅၀၀)၊ ဆေးပြား(၁)ပြားလျှင် (၅၀၀၀) ကျပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၃၆၁)ပြား၊ စုစုပေါင်း အလေးချိန်(၀.၀၃၆၁) ကီလိုဂရမ် လျှင် တန်ဖိုးငွေ (၁၈၀၅၀၀၀) ကျပ် - ဒေသပေါက်ဈေး)၊ ပလတ်စတစ်အိတ် အကြည်ရောင်ဖြင့် ထည့်လျက် တစ်ထုပ်လျှင် အလေးချိန်(၇၀) ဂရမ်ခန့်စီပါ  ဘိန်းစာမှုန့်ထုပ် (၆)ထုပ်နှင့် (၃၀)ဂရမ်ခန့်ပါ တစ်ထုပ်၊ စုစုပေါင်း အလေးချိန်(၀.၄၅) ကီလိုဂရမ်ခန့်၊ (ဘိန်းစာမှုန့်(၁) ကီလိုဂရမ်ခန့်လျှင် (၁)သိန်းကျပ်၊ စုစုပေါင်း အလေးချိန်(၀.၄၅) ကီလိုဂရမ်လျှင် တန်ဖိုးငွေ (၄၅၀၀၀)ကျပ်- ဒေသပေါက် ဈေး)နှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သော (၂  x ၁) လက်မရှိ ပလတ်စတစ် အကြည်ရောင် ကပ်ခွာ အိတ်အလုံး (၅၀)ပါ တစ်ထုပ်၊ အပြာရောင် အအေးစုပ်ပိုက် (၂၀)ချောင်းပါ တစ်ထုပ်၊ အမည်းရောင် ကြွပ်ကြွပ်အိတ် တစ်လုံး  ရှာဖွေတွေ့ရှိသဖြင့် ဒုရဲအုပ် ရဲထွဋ်ကိုမှ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။


ထိုသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီး နေစဉ် ပိုင်စိုးသူ (၂၄)နှစ်(ဘ) ဦးကြည်ရှင်၊ ၆/မမန(နိုင်) ၂၀၃၀၁၉၊ မွတ်ဆလင်/ အစ္စလာမ်၊ ကျပန်းလုပ်၊ အမှတ်(၆၅)၊ အောင်ချမ်းသာလမ်း၊ မြို့သစ်(၃)ရပ်၊ မြိတ်မြို့နေသူသည် ဆိုင်ကယ်တစ်စီးဖြင့် ဇော်ဦး၏ ရောက်ရှိလာ၍ ပိုင်စိုးသူ၏ ခန္ဓာကိုယ်အား ရှာဖွေရာ ၎င်းဝတ်ဆင်သော ကော်ဖီ/ အမည်းရောင် ကွက်ကြားပါ ဒူးဖုံး ဘောင်းဘီတို ယာဘက်ရှေ့ အိတ်ကပ် အတွင်းမှ အသုံးမပြုရသေးသော ခဲပြားစတစ်ခု၊ ဆေးထိုးအပ် တစ်ချောင်း၊ အအေးစုပ်ပိုက် တစ်ချောင်းနှင့် နံပါတ်မပါ Wave ၁၁၀ အမျိုးအစား၊ အမည်းရောင် ဆိုင်ကယ် တစ်စီးနှင့် တွေ့ရှိရသဖြင့် ဆိုင်ကယ်ကိုပါ သက်သေများ ရှေ့တွင် ဒုရဲအုပ် ရဲထွဋ်ကို မှပင် ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါးများ လက်ဝယ် ထားရှိ ရောင်းချ သုံးစွဲ ပူးပေါင်း ဆောင်ရွက်ကြသူများ ဖြစ်သော ဇော်ဦး၊ ကျော်သူစိုး(ခ) ဖိုးအ၊ ပိုင်စိုးသူ၊ ဥပဒေ အရ အရေးယူပေးပါရန် လ ၂၂၈၂၆၈ ဒုရဲအုပ် ရဲထွဋ်ကိုမှ တရားလို ပြုလုပ် တိုင်တန်းလာသဖြင့်  (၁၅-၆-၂၀၁၅)ရက်နေ့ (၁၇၄၀)အချိန်တွင် မြိတ်မြို့မရဲစခန်း၏ မယ(ပ)၄၀/၂၀၁၅၊ မူး / စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ဖြင အမှုဖွင့် ဆောင်ရွက်ပြီး အမှုအား လ  ၂၁၉၄၄၀ ဒုရဲအုပ် ညီမင်းထိုက်မှ စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများ စိုက်ထူ



မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများ စိုက်ထူ

ဇွန်​လ ၂၆ ရက်​​နေ့တွင်​ ကျ​ရောက်​မည့်​ အပြည်​ပြည်​ဆိုင်​ရာ မူးယစ်​​ဆေးဝါး အလွဲသုံးမှုနှင့်​ တရားမ၀င်​​ရောင်းဝယ်​မှု တိုက်​ဖျက်​​ရေး​နေ့ အထိမ်းအမှတ်​ ပိုစတာများ စုပေါင်း စိုက်ထူခြင်းအား ဇွန်လ(၁၈)ရက် နံနက်(၀၆း၀၀)နာရီ အချိန်  တနင်္သာရီမြို့၌ ပြုလုပ်ခဲ့သည်




ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး မြိတ်ခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်နှင့် အလှူငွေများပေးအပ်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး မြိတ်ခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်နှင့် အလှူငွေများပေးအပ်လှူဒါန်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဇွန် ၁၇ ရက်

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးသည် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဇွန်(၁၆)ရက် နံနက် ၁၁ နာရီခွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ပထက်ကျေးရွာ စာကြည့်တိုက် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု အားပေး၍ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များအား စာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မာ စေရေးအတွက် ဆွေးနွေး ပြောကြားသည်။

 ထိုနောက် ပထက်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းစာကြည့်တိုက်အား သွားရောက်ကြည့်ရှု အားပေးကာ အလှူငွေ ကျပ်(၅)သိန်းပေးအပ် လှူဒါန်းပြီး ကျောင်းစာကြည့်တိုက်များ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ ပညာရည် မြှင့်မားရေး အတွက် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မြိတ်ခရိုင် တနင်္သာရီမြို့နယ်သို့ သွားရောက်ကာ ကျေးရွာ စာကြည့်တိုက်များ ဖွံဖြိုး တိုးတက်ရေးနှင့် ပြည်သူများ အသိပညာ မြှင့်မားရေး ကိစ္စများ ကိုလည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။


မြိတ်ခရိုင်မဲစာရင်းတွင် မှတ်ပုံတင် အပါအဝင် (၅) ချက်မပါသူ ၉ဝဝဝဝ ကျော်ရှိ

မြိတ်ခရိုင်မဲစာရင်းတွင် မှတ်ပုံတင် အပါအဝင် (၅) ချက်မပါသူ ၉ဝဝဝဝ ကျော်ရှိ

((Wednesday, 17 June 2015 နေ့ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာမှ ))

မြိတ်ခရိုင် အတွင်း ယခုလ ၈ ရက်မှ စပြီး စတင်ကြေညာသည့် မဲစာရင်းများတွင် မှတ်ပုံတင်အပါအဝင် အချက်(၅)ချက် မပါသူဦးရေ ၉ဝဝဝဝ ကျော်အထိရှိနေကြာင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားထံမှ သိရသည်။


Thursday, June 18, 2015

တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး ပညာပေး ဟောပြော ကျင်းပပြုလုပ်


တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး ပညာပေး ဟောပြော ကျင်းပပြုလုပ်           
                                                                         
တနင်္သာရီတိုင်းဒေသကြီးး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် သည် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး၊ မှုခင်း ကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပွဲနှင့် နံရံကပ် ဓါတ်ပုံ ပိုစတာပြပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ၊ ဇွန်လ ၇ ရက် နေ့ နံနက် ၀၉၃၀ အချိန် မှ ၁၁၀၀ အချိန်ထိ  ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မရင်းကြီး ကျေးရွာ မူလွန် စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။





ဆွေးမြေ့နေသည့် ဓာတ်တိုင် ပြင်ဆင်ပေးပါရန် (ပေးစာ)



ဆွေးမြေ့နေသည့် ဓာတ်တိုင် ပြင်ဆင်ပေးပါရန် (ပေးစာ)

မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပြင်းငယ် ဘုန်းတော်ကြီးကျောင်း တောင်ဆင်းလမ်းတွင် စိုက်ထူထားသော လျှပ်စစ်မီးတိုင် တစ်တိုင်သည် အောက်ခြေ တိုင်ရင်းမှ ဆွေးမြေ့နေပြီး မီးတိုင်မှာ နေအိမ်ဖက်သို့ လဲကျလုနီးပါး ဖြစ်နေပါသည်။ 





Wednesday, June 17, 2015

မြိတ်မြို့ ပသောင်း ကြေးနန်းတိုင် တံတား၌ တစ်နာရီ အတွင်း စိတ်ကြွဆေးပြား (၂)မှု ဖမ်းဆီးရမိ



မြိတ်မြို့   ပသောင်း ကြေးနန်းတိုင် တံတား၌ တစ်နာရီ အတွင်း စိတ်ကြွဆေးပြား (၂)မှု ဖမ်းဆီးရမိ

၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ကာလ၌ မူးယစ်ဆေးဝါး နှိမ်နှင်းရေးကို မြိတ်မြို့နယ် အတွင်း အရှိန်အဟုန်မြှင့်၍ ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်  ရှိရာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မြိတ် - ပသောင်း တံတား၌ တစ်နာရီ အတွင်း စိတ်ကြွဆေးပြား မူးယစ်ဆေးဝါး အမှု (၂)မှုအား တောင်းရှည် ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

Tuesday, June 16, 2015

တနင်္သာရီ မြို့နယ်၌ ဘိန်းစာပင်မျာ့း ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီး

တနင်္သာရီ မြို့နယ်၌ ဘိန်းစာပင်မျာ့း ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီး

 မြိတ်ခရိုင် တနင်္သာရီမြို့နယ် သကျက် ကျေးရွာအုပ်စု ကျွဲထိန်းကုန်း ကျေးရွာ၏ အနောက် မြောက်ဘက်(၂)မိုင်ခန့် အကွာ၌် ဘိန်းစာပင်များ ပေါက်ရောက်နေ
ကြောင်း သတင်း ရရှိသဖြင့် အဆိုပါ ဘိန်းစာပင် များအား ခုတ်ထွင်ရှင်းလင်း မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ဇွန်လ (၁၄)ရက် နံနက်(၀၉း၁၅)နာရီ အချိန်က ၄င်းဘိန်းစာ ပင်များပေါက်ရောက်ရာနေရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်များမှ အဖွဲ့အစည်း အသီးသီးတို့က ပူပေါင်းလျက် မူးယစ်ဆေးဝါး ပပျောက်ကင်းစင် စေရေး ရည်ရွယ်ချက်ဖြင့် အမြှစ်ပါမကျန် ခုတ်ထွင်ရှင်း လင်းကြပြီး မီးရှို့ဖျက်ဆီးခဲ့ ကြကြောင်း သိရှိရသည်။



Sunday, June 7, 2015

သစ်ပင် စိုက်ပျိုးပွဲတော် ကျွန်းစုမြို့နယ်၌ ကျင်းပ

သစ်ပင် စိုက်ပျိုးပွဲတော် ကျွန်းစုမြို့နယ်၌ ကျင်းပ

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဌာနချုပ် ဘောလုံးကွင်း အနီး၌ ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့ နံနက် (၈)နာရီ ကျင်းပပြုလုပ်ရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဒုတိယဌာနချုပ်မှူး ဦးစီး အရာရှိ (၁၈)ဦး၊ စစ်သည် (၇၀)ဦး၊ ရဲမေ (၃၀)ဦးနှင့် အရပ်ဘက် ဌာနဆိုင်ရာ (၉)ဦးတို့ တက်ရောက် စိုက်ပျိုးကြသည်။





Saturday, June 6, 2015

အခြေခံမဲစာရင်းများ မြိတ်ခရိုင်အတွင်း ထုတ်ပြန်ကြေညာမည်

အခြေခံမဲစာရင်းများ မြိတ်ခရိုင်အတွင်း ထုတ်ပြန်ကြေညာမည်

၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် အခြေခံ မဲဆန္ဒစာရင်းများကို ၂၀၁၅ ခုနှစ် ဇွန်လ (၈) ရက်နေ့မှ စတင်၍ ဇွန်လ (၂၁) ရက်နေ့ အထိ (၁၄) ရက်တိုင်တိုင် ကြေညာ ထားမည် ဖြစ်ရာ မြိတ်ခရိုင် အတွင်းရှိ မြို့နယ် (၄)မြို့နယ်တွင်လည်း ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဇွန်လ (၆) ရက်နေ့တွင် အသိပေး ကြေညာ ထားသည်။




Thursday, June 4, 2015

တနင်္သာရီ မြို့နယ်ရှိ တနင်္သာရီ အောက်ကင်း ရေလမ်းဖြတ် တံတားအား အာရ်စီ တံတားအဖြစ် ပြန်လည် ပြုပြင်မည်

တနင်္သာရီ မြို့နယ်ရှိ တနင်္သာရီ အောက်ကင်း ရေလမ်းဖြတ် တံတားအား အာရ်စီ တံတားအဖြစ် ပြန်လည် ပြုပြင်မည်

ပြည်ထောင်စု လမ်းမကြီးဖြစ်သော ရန်ကုန်- မော်လမြိုင်- ထားဝယ်- မြိတ်- တနင်္သာရီ- ဘုတ်ပြင်း- ကော့်‌သောင်းလမ်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပေါ်ရှိ တနင်္သာရီ တိုင်းဒေသကြီး အတွင်းတွင်   တနင်္သာရီမြို့အဝင်တွင် တည်ရှိသော အဆိုပါ တံတားကို ၁-၆-၁၉၉၉ က စတင်ပြီးတော့ ၁၂-၁၁-၂၀၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊  တည်ဆောက်စဉ်က Foundation ကို သံကူ ကွန်ကရစ်နှင့်  ရေတွင်းငွေ Foundation၊ Well Foundation ဟူ၍ တည်ဆောက်ခဲ့ပါကြောင်း၊ Foundation ကို နှစ်လမ်းသွားအနေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း တံတားကို အမြန်ပြီးစီးစေရန်နှင့် ပြည်သူများ အမြန်ဆုံး အသုံးပြုနိုင်ရန်အတွက် ဘီလီတံတားကို  အကျယ် ၁၂ ပေ ၄ လက်မရှိသည့်  တစ်လမ်းသွား တံတားအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒီလို ဆောင်ရွက် ဘီလီ တံတား ဆောင်ရွက်ပြီးစီးချိန်တွင် အလေးချိန် ပိုမိုဖြတ်သန်းနိုင်ရန် အတွက် ၂၄ တန် ဖြတ်သန်း နိုင်သော အဆင့်ရောက်ရောက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ထို့ကြောင့် အဆိုပါ ဘီလီ တံတားကို အဆင့်လိုက် ပြန်လည် ပြုပြင်ပြီး သံကူတံတား အဖြစ် ဆောင်ရွက်ရန် အစီအစဉ် ရှိပါကြောင်း၊ တံတား ၏ အောက်‌ခြေကို  RC ဖြင့် တည်ဆောက် ထားပြီး နှစ်လမ်းသွား အဆင့် ဖြစ်ပါကြောင်းနှင့် ပျက်စီးနေသော ကြမ်းခင်းများကို ပြုပြင် ဆောင်ရွက်ပေး သွားမည် ဖြစ်သည့် အပြင် မကြာခင်ကာ လအတွင်း RC တံတားအဖြစ် ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ပြောကြားသည်။

Wednesday, June 3, 2015

ကျွန်းစုမြို့နယ် အတွင်း သားဖွားဆရာမ သင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ် သင်ကြားပေး ရန် အစီအစဉ် မရှိ

ကျွန်းစုမြို့နယ် အတွင်း သားဖွားဆရာမ သင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ် သင်ကြားပေး ရန် အစီအစဉ် မရှိ

ကျွန်းစုမြို့နယ် အတွင်း ယခင်က ဖွင့်‌လှစ် သင်ကြားပေးခဲ့သည့် အရန်သားဖွား သင်တန်းများကို ပြန်လည် ဖွင့်လှစ်၍ သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိနှင့် ကျွန်းစုမြို့ပေါ်တွင် သားဖွားဆရာမ သင်တန်းကျောင်းဆောင် ဖွင့်‌လှစ်၍ သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိကို လည်းကောင်း၊ မရှိဟုဆိုပါက အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၅၅)ရက် မြောက်နေ့ (၁.၆.၂၀၁၅) ရက်နေ့တွင်
ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်) မှ မေးမြန်းချက်အား ကျွန်းစုမြို့နယ်တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ရန် လောလောဆယ်တွင် အစီအစဉ် မရှိသေးပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြန်လည် ဖြေကြားခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံ တစ်ရုံအား တွေ့ရစဉ်

တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ပွဲပြုလုပ်



တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့ရှိ မိသားစုဝင်များ၏ ကျောင်းနေအရွယ် သားသမီးများအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ပညာသင် စရိတ် ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



တနင်္သာရီမြို့တွင် စုပေါင်းရုံး အဆောက်အဦး (One Stop Service) ပန္နက်တင် မင်္ဂလာကျင်းပ


တနင်္သာရီမြို့တွင် စုပေါင်းရုံး အဆောက်အဦး (One Stop Service) ပန္နက်တင် မင်္ဂလာကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၊ စုပေါင်းရုံး နောက်ဘက် မြေနေရာတွင် ဇွန်လ ၂ ရက်နေ့ ၊ နံနက် ၈ နာရီ ၁၀ မိနစ်တွင် စုပေါင်းရုံး အဆောက်အဦး (One Stop Service) ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ရာ တနင်္သာရီ မြို့နယ် အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာန ၊   လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ဥက္ကဌ ဦးရဲထွန်းလွင် ၊ River Nine ကုမ္မဏီ မန်းနေဂျင်းဒါရိုက်တာ ဦးတင့်နိုင် တို့မှ အမွှေးနံ့သာများ ပက်ဖျန်း၍ ပန္နက်တင်ပေး ကြသည်။


အခြေခံ ရေကြောင်းလူငယ်သင်တန်း နှင့် တန်းမြင့် ရေကြောင်း လူငယ်သင်တန်းများ တက်ရောက်နိုင်ရန် အတွက် လိုအပ်သော အရည်အချင်းများအား ကြေငြာခြင်း

အခြေခံ ရေကြောင်းလူငယ်သင်တန်း နှင့် တန်းမြင့် ရေကြောင်း လူငယ်သင်တန်းများ တက်ရောက်နိုင်ရန် အတွက် လိုအပ်သော အရည်အချင်းများအား ကြေငြာခြင်း

နေပြည်တော် ၊ ဇွန် ၂

ရေကြောင်း ပညာရပ်များအား စိတ်ပါဝင်စားသော ကျောင်းသားလူငယ် များကို ရေကြောင်း ပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင် တတ်မြောက်စေရန် အတွက် အခြေခံ ရေကြောင်း လူငယ်သင်တန်း နှင့် တန်းမြင့် ရေကြောင်း လူငယ်သင်တန်း များအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက် ဧပြီလမှ မေလအတွင်း သင်တန်း ကာလ ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။


အခြေခံ ရေကြောင်းလူငယ်သင်တန်း အတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ -
- အနည်းဆုံး အခြေခံပညာ သတ္တမတန်းအောင်မြင်ပြီး အလယ်တန်း/ အထက်တန်း ကျောင်းသား/သူများ ဖြစ်ရမည်။
- အကျင့် စာရိတ္တကောင်းမွန်ပြီး မိဘအုပ်ထိန်းသူများမှ ခွင့်ပြုသူဖြစ်ရမည်။
- ရေကြောင်း ပညာရပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။
- သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်ကြားပို့ချမည့် ဘာသာရပ်များအနေဖြင့် -
- အခြေခံစစ်ရေးပြ ဘာသာရပ်။
- အခြေခံရေကူး ဘာသာရပ်။
- အခြေခံရေတပ်သားဘာသာရပ်။
- ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားဘာသာရပ်နှင့် နက္ခတ္တဗေဒဘာသာရပ်။
- GPS အပါအ၀င်ရေကြောင်းသွားလာရေးဘာသာရပ်။
- အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဘာသာရပ်။
- အခြေခံလှေလှော်ရွက်တိုက်ဘာသာရပ်။
အစရှိသည့် ဘာသာရပ်များကို သင်ကြား ပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းစခန်း ၅ ခု၌ သင်တန်း တစ်ခုလျှင် သင်တန်းသား အရေအတွက် ၃၀ ဦးစီဖြင့် နှစ်စဉ် ဧပြီလမှ မေလအတွင်း ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

တန်းမြင့် ရေကြောင်းလူငယ်သင်တန်း အတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ -
- ရေကြောင်း လူငယ် အခြေခံသင်တန်း တက်ရောက်အောင်မြင်ပြီးသူ ဖြစ်ရမည်။
- အကျင့်စာရိတ္တ ကောင်းမွန်ပြီး မိဘအုပ်ထိန်းသူများမှ ခွင့်ပြုသူဖြစ်ရမည်။
- ရေကြောင်း ပညာရပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။
- သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်ကြား ပို့ချမည့် ဘာသာရပ်များအနေဖြင့် -
- စစ်ရေးပြဘာသာရပ်။
- ရေကူး ဘာသာရပ်။
- အသုံးချ ရေတပ်သား ဘာသာရပ်။
- အသုံးချ ရေကြောင်း လမ်းညွှန်ဘာသာရပ်နှင့်နက္ခတ္တဗေဒဘာသာရပ်။
- GPS အပါအ၀င် ရေကြောင်းသွားလာရေးဘာသာရပ်။
- ရေတပ်သား အချက်ပြ ဆက်သွယ်ရေးဘာသာရပ်။
- လှေလှော်ရွက်တိုက်ဘာသာရပ်။
အစရှိသော ဘာသာရပ်များအား သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အခြေခံ ရေကြောင်း လူငယ် သင်တန်း အောင်မြင်ပြီး ထူးချွန်သော သင်တန်းသား/ သင်တန်းသူ များအား ရွေးချယ်၍ တန်းမြင့် သင်တန်းအဖြစ် လေ့ကျင့် သင်ကြားသွားမည် ဖြစ်ပါသည်။ ထို့ပြင် တန်းမြင့်သင်တန်းမှ တစ်ဆင့် စိတ်ပါဝင်စားပြီး ဆက်လက် လေ့ကျင့် ဆောင်ရွက်လိုသော ၀ါသနာရှင် သင်တန်းသားများအား တပ်မတော်(ရေ) လှေလှော်ရွက်တိုက် ကလပ် အသင်းဝင်များအဖြစ် လက်ခံ၍ အခြေခံသင်တန်းများတွင် အကူနည်းပြများ အဖြစ် တာဝန်ပေးအပ် သွားမည်ဖြစ်ပါသည်။

ရေကြောင်း လူငယ်သင်တန်း များအား စိတ်ပါဝင်စား၍ တက်ရောက် လိုသူများ အနေဖြင့် ဖုန်း ၀၃၆-၃၀၆၂၅ ၊ ၀၃၁-၃၁၆၅၀ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြ၀တီ နေ့စဉ်ထုတ်သတင်းစာ

Tuesday, June 2, 2015

တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြော

တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြော

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်သည် ၂၀၁၅ခုနှစ်၊ ဇွန်လ(၁) ရက်နေ့ နေ့လည် (၁၁း၃၀)အချိန် ၌ မူးယစ်ဆေးဝါး ပပျောက်ရေး (ယင်းမာ) စီမံချက် အရ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေးနှင့် တရားမ၀င် ရောင်းဝယ်မှု ပပျောက်ရေး အတွက် ပညာပေး ဟောပြောခြင်းနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး အကြောင်း ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

တနင်္သာရီမြို့နယ် ထွေအုပ် ၀န်ထမ်း မိသားစုဝင် သားသမီးများအား ပညာသင် စရိတ်ထောက်ပံ့

တနင်္သာရီမြို့နယ် ထွေအုပ် ၀န်ထမ်း မိသားစုဝင် သားသမီးများအား ပညာသင် စရိတ်ထောက်ပံ့
----------------------------------------------------
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူသည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ၀န်ထမ်း မိသားစုဝင်များ၏ ကျောင်းနေအရွယ် သားသမီးများ ဖြစ်သည့် မူလတန်း အဆင့် ကျောင်းသား/ ကျောင်းသူ(၁၀)ဦး၊ အလယ်တန်း အဆင့်ကျောင်းသား/ ကျောင်းသူ(၃)ဦး၊ အထက်တန်း အဆင့်ကျောင်းသူ (၁)ဦး၊ စုစုပေါင်း(၁၄)ဦးတို့ အား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းသား/ သူ (၁)ဦးလျှင် ငွေကျပ်(၁၀၀၀၀) ကျပ်နှုန်းစီ၊ စုစုပေါင်း (၃၂၂၇၀၀)ကျပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။