မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, April 30, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု အကြောင်း စုဝေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်မည်

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မြိတ်မြို့နယ်ပါတီရုံးမှ ဦးဆောင်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု အကြောင်း စုဝေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခွင့်အား ၂၀၁၄ ခုနှစ်၊ မေလ (၂) ရက်နေ့ ၊ နံနက်(၉)နာရီမှ (၁၁) နာရီ အထိ အင်အား (၂၀၀) ဦးဖြင့် မြိတ်မြို့ ပုလဲရတနာ ခန်းမ အရှေ့၌ ဆောင်ရွက်ရန် သက်ဆိုင်ရာ က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြိတ် - ကျွန်းစု အမြန်ရေယာဉ် လိုင်းသစ် တစ်ခု ထပ်မံ ပြေးဆွဲ

မြိတ်မြို့မှ ရေမိုင် (၁၄) မိုင်ခန့် ဝေးသည့် ကျွန်းစုမြို့သို့ သွားရောက်မည့် ခရီးသည်များ ပိုမိုအဆင်ပြေစေရေး အတွက် ဂန္ဓမာ အမြန်ရေယာဉ် လိုင်းသစ် တစ်ခုအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံ ပြေးဆွဲခွင့် ပြုလိုက်ရာ ယနေ့ ဧပြီလ (၃၀) ရက်နေ့ နံနက် (၈)နာရီမှ  စတင်ပြီး ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် စီမံကိန်းနှင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု အစိုးရအဖွဲ့ စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊
အမျိုး သားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး
ဒေါ်လဲ့လဲ့သိန်းသည် စီမံကိန်းနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ ဆပ်ကော်မတီ အဖွဲ့ဝင်များ နှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ ပုလဲရတနာခန်း မတွင် ဧပြီလ(၂၉)ရက် နံနက်(၉)နာရီက မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ခရိုင်/ မြို့နယ် စီမံခန့်ခွဲ မှု ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အထောက်အကူပြုကော်မတီ ၀င်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားတွေ့ဆုံ အမှာ စကားပြောကြားခဲ့သည်။

News of Myeik တွင် ဖော်ပြထားသည့် အမှိုက်ကား ရှယ်ယာ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း

မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် သန့်ရှင်းသာယာလှပရေးအတွက်  ရပ်မိရပ်ဖနှင့် ရပ်ကွက် ပြည်သူများ ပူးပေါင်း၍ အစုရှယ်ယာများ ထည့်ဝင်ကာ အမှိုက်ကား ထိန်းသိမ်းရေး ကော်မတီ တစ်ရပ်ကို စနစ်တကျ ဖွဲ့စည်းပြီး လစဉ် စာရင်းရှင်းတမ်း ရငွေ / သုံးငွေ ကို လစဉ် ပုံမှန် ကြေညာပေးခြင်း၊ အစုရှယ်ယာ ထည့်ဝင် သူများကို ရှယ်ယာ ခွဲဝေ ပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိပါသည်။



Tuesday, April 29, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပုလောမြို့၌ ဆန္ဒဖော်ထုတ်

ပုလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းကို ယနေ့ (၂၉) ရက် နံနက် (၉) နာရီ အချိန်  အမှတ်(၁) ရပ်ကွက် ဗိုလ်မှူးဗထူး လမ်းရှိ မြို့နယ် NLD ပါတီရုံးရှေ့မှ စတင်ပြီး မြို့တွင်း လမ်းတစ်လျှောက်  ကျောက်တိုင် လမ်းဆုံအထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊  ပုဒ်မ (၄၃၆) အမြန်ဆုံး ပြင်ဆင်ရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀  ရရှိရေး ၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ အင်အား (၃၅၀) ဦးခန့်ဖြင့် ဆန္ဒဖော်ထုတ်ကြသည်။ 



ထိုနောက် ပုလောမြို့ ဗိုလ်ချုပ် လမ်းမကြီးရှိ ပလာဇာ အရှေ့၌ စုရုံး၍ ပုလောမြို့နယ် NLD ပါတီဝင်များ ဖြစ်သည့် ဦးဇော်မင်း၊ ဦးသန်းလွင်၊ ဦးအောင်မိုးဦး၊ ဦးမြင့်ဇော်၊  ဦးဖိုးမင်း၊ ဦးသန်းမိုးအောင် တို့မှ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပုဒ်မ -၅၉(စ)၊ ၅၉ (ဃ)၊  ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောခဲ့ ပြီးနောက် (၁၀) နာရီ ကျော် အချိန်၌  ဆန္ဒဖော်ထုတ်ပွဲ ရုပ်သိမ်းခဲ့သည်။

လယ်သစ်ကျေးရွာ၌ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံး

၂၀၁၄ ခုနှစ် ဧပြီလ (၉) ရက်နေ့ နံနက် (၆)နာရီ အချိန်၌ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ အုပ်စု အနောက်လယ်သစ် ကျေးရွာတွင် စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သိ ရ သည်။

Monday, April 28, 2014

၉၆၉ ဘုန်းကြီးတစ်ပါးမှ ရိုက်နှက်သည်ကို အရေးမယူပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ လာရောက် တိုင်ကြားသည့် အရှင်စန္ဒမာလာ ၏ဖြစ်စဉ်အမှန်

ထားဝယ် မဘသ အဖွဲ့မှ ဖော်ပြစရာ များစွာ ရှိသည့် အနက် အမြန်ဖော်ပြ စရာပေါ်လာသည့် အတွက် အရှင် စန္ဒမာလာ ကိစ္စကို ဦးစွာ တင်ပေးလိုက်ပါသည်။။ သူနှင့် မိသားစုဝင် များ၏ မျက်နှာကို ထောက် ထားသော အားဖြင့် ဂုဏ်ငယ်မည့် အရာများကို ချန်လှပ်၍ တင်ပြထား ပါသည်။



မြိတ်မြို့တွင် Home Service စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းဆောင်ရွက်

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (ထားဝယ်)မှ မြိတ်မြို့နေ ပြည်သူများ ၏နိုင်ငံကူး လက်မှတ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် Home Service စနစ်ဖြင့် ဧပြီလ(၂၇)ရက် နံနက်(၉)နာရီမှစတင်၍ မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ရုံးတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


Sunday, April 27, 2014

မြိတ်- ဘန်ကောက် လေယာဉ် တိုက်ရိုက် ပြေးဆွဲမည်



တနင်္သာရီတိုင်း - မြိတ်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုက်ရိုက် သွားရောက် နိုင်မည့်  လေယာဉ် ခရီးစဉ် အား (--၂၀၁၄) ရက်နေ့မှ စတင်ပြီး ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အား Myanmar Union Epxress Charter Airline မှ အထူး အစီအစဉ် အနေဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း ခရီးသည် (၁၆၈) ဦးလိုက်ပါ နိုင်သော ဘိုးရင်း (၇၃၇) လေယာဉ်ဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရှိရပြီး လေယာဉ်  လက်မှတ်မှာ အသွား/ အပြန် အမေရိကန် ဒေါ်လာ (၁၄၀) ကျသင့်မည် ဖြစ်ကြောင်း သိရသည်။


Friday, April 25, 2014

ဓာတ်ပုံသတင်း




တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် မွမ်းမံသင်တန်း ဖွင့်လှစ်



ပညာရေး ၀န်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော အလယ်တန်း အထက်တန်းအဆင့် ဘ၀တွက်တာကျွမ်းကျင်စရာ ဘာသာရပ်မွမ်းမံသင်တန်း ဖွင်ပွဲ အခမ်းအနားကို ဧပြီ လ(၂၅)ရက် နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမက(မြစ်ငယ်) ကျောင်းတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး ပညာရေးမှူးကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူး ဦးသီးလှိုင်နှင့် မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦးတို့က အမှာစကား ပြောကြားကြသည်။

တနင်္သာရီမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု၌ လေပြင်းတိုက်၍ နေအိမ်(၆)လုံး ပြိုလဲ

၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျောက်တလုံး ကျေးရွာအုပ်စု ကျောက်တလုံး ကျေးရွာနှင့် မြေမအုံကျေးရွာများတွင် နေအိမ် (၆)လုံး ပြိုလဲ ပျက်စီးသွားကြောင်း သိရှိရသည်။ 

Wednesday, April 23, 2014

ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၁၄) မြိတ်စခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်



ရေကြောင်း ပညာကို စိတ်ပါဝင်စားသော အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်နိုင်ရန်၊ နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့် ထူးချွန် ထက်မြက်သော လူငယ် လူရွယ်များ ဖြစ်ပေါ်လာစေရေး လေ့ကျင့်ပေးရန်နှင့် လှေလှော် အားကစားနည်း၊ ရွက်တိုက် အားကစားနည်းများ အတွက် နိုင်ငံ့ ဂုဏ်ဆောင် အားကစား သမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍  ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ဖွင့်လှစ်ခဲ့သည့် လူငယ်ရေကြောင်း သင်တန်း (၁/၂၀၁၄) မြိတ်စခန်း ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၂၃) ရက်နေ့ နေ့လည် (၁၂)နာရီ ခွဲအချိန် မြိတ်မြို့ နောက်လယ်ရပ် အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်း (အထက-ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင်နှင့် စစ်ရေယာဉ်မှူးများ၊ တပ်မှူးများ၊ မြိတ်ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 


လေကြောင်း လူငယ်သင်တန်း မြိတ်မြို့၌ ဖွင့်လှစ်

လေကြောင်းနှင့် အာကာသ သိပ္ပံပညာရပ် များတွင် စိတ်ဝင်စားမှု တိုးပွား လာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များ ကို တတ်သိ နားလည်စေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့် မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့် ရရှိစေရန် ရည်ရွယ်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) က ကြီးမှူးး ဖွင့်လှစ်သော လေကြောင်း လူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို မြိတ်မြို့ နောက်လယ်ရပ် အမှတ်(၃) အခြေခံ ပညာ အလယ်တန်းကျောင်း (အထက-ခွဲ)၌ ဧပြီလ (၂၃) ရက်နေ့ နံနက် (၉)နာရီ အချိန် ကျင်းပပြုလုပ်ရာ မြိတ်လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်နှင့် အုပ်မှူးး ၊ တပ်မှူးများ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။

Monday, April 21, 2014

မြိတ်မြို့ အောင်မင်္ဂလာရပ် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဖွင့်လှစ်



မြိတ်တောင်ကျေးရွာ အတွင်းရှိ ကလေးငယ်များ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြိတ်တောင် ကျေးရွာသူ/ သားများမှ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်လှစ်၍ မူကြိုအရွယ် ကလေးငယ် များအား ပြုစု ပျိုးထောင်ကာ မူလတန်းကြို ပညာသင် ကြားရေး အဆင်ပြေ ချောမွေ့စေရေး အတွက် တည်ဆောက် ခဲ့သော အောင်မင်္ဂလာရပ် ကိုယ့်အား ကိုယ်ကိုး မူလတန်း ကြိုကျောင်း ကျောင်းဆောင် သစ် ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ(၂၁)ရက် နံနက် (၇း၃၀)နာရီက အဆိုပါ ကျောင်းဆောင် သစ်တွင် ကျင်းပသည်။


Sunday, April 20, 2014

မြိတ်မြို့ မြိတ်တောင်ရပ်ကွက်၌ သက်ကြီးပူဇော်ပွဲ ပြုလုပ်

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ ၊ စေတနာရှင် အလှူရှင်များ ရပ်ကွက် ပြည်သူလူထုများ စုပေါင်းပြီး တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အား မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ ဧပြီလ (၁၉) ရက်နေ့ ညနေ (၄) နာရီအချိန် ကျင်းပပြုလုပ် ခဲ့သည်။


Friday, April 18, 2014

ဖိုးရှမ်းကမ်းခြေ၌ ရေကစားစဉ် (၁၄)နှစ်သား တစ်ဦး ရေနစ်သေဆုံး

မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာရှိ ဖိုးရှမ်း ဘုရား ကမ်းခြေတွင် ဧပြီလ (၁၇)ရက်နေ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့၌ (၈)တန်း ဖြေဆိုထားသော ကျောင်းသား ကလေး တစ်ဦး ရေကစား ရင်း ရေနစ်သေ ဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 

Thursday, April 17, 2014

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ မြိတ်မြို့၌ ကျင်းပ



၁၃၇၅ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်၌ မြိတ်မြို့တွင် ကုသိုလ်ကောင်းမှုပြုသူများ နှင့် ရေကစားသူ များဖြင့် အေးချမ်း ပျော်ရွင်စွာဖြင့် နှစ်သစ်ကိုကြိုဆိုခဲ့ကြပြီးနောက် မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည့် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ အချိန် အခါ တွင် မြိတ်မြို့ စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု များ ပြုလုပ် ဆောင်ရွက်လျက် ရှိသူများနှင့် စည်ကားလျက် ရှိသည်။ 




Sunday, April 13, 2014

မြိတ်ခရိုင် မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်း မြိတ်မြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ အခမ်းအနားကို မြိတ်မြို့ ကန်ဖျားရပ်ကွက် ကန်ဖျား လမ်းမကြီးပေါ်ရှိ ၄င်းမဏ္ဍပ်တည်နေရာတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်ရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့ဝင်များ ၊ ပြည်သူလူထုများ တက်ရောက်သည်။

Saturday, April 12, 2014

မြိတ်မြို့နယ်အတွင်းရှိ ပရိယတ္တိကျောင်းပေါင်းစုံအား ဆွမ်းဆန်လောင်းလှူပွဲ ကျင်းပ



မြိတ်မြို့ ကန်ကြီးရပ်ကွက်မှ စေတနာရှင်များ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်း၍ မြိတ်မြို့နယ် အတွင်းရှိ ပရိယတ္တိ ကျောင်းပေါင်းစုံမှ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန် လောင်းလှူပွဲကို ယနေ့ ဧပြီလ (၁၂) ရက်နေ့ ညနေ (၃)နာရီခွဲအချိန်တွင် ကန်ကြီး ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။ 



သင်္ကြန်ပွဲတော်၌ လိုက်နာရန်အတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကြေညာချက်များ ထုတ်ပြန်

မဟာသင်္ကြန်ပွဲတော်၌ ဆိုင်ကယ် အိတ်ဇော ပိုက်ဖြုတ် မမောင်းရန်။  ဘေးတွဲ ဆိုင်ကယ်၊ ထော်လာဂျီဖြင့် ရေပက်ခံ မထွက်ရ။ ရေပက်ခံကားများတွင် တုတ် ဓား ကို သယ်ဆောင်ခြင်း မပြုရ။ အရက်ဘီယာ သောက်သုံးပြီး ယာဉ်များ မောင်းနှင်ခြင်း မပြုရန် ၊ လူကို နာကျင်စေနိင်သည့် ရေပက်ခြင်း ရေပူဗောင်းများဖြင့် မပက်ရန်၊  နိင်ငံတော်ကို အကြည်ညိုပျက် စေသည့် သံချပ်ထိုးခြင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေသည့် ပြောဆိုခြင်း၊ နိင်ငံခြားအလံကို ကိုင်ဆောင် အသုံးမပြုရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မထိခိုက်အောင် ၀တ်စား ဆင်ယင်ရန် စသည့် စည်းကမ်းချက် လိုက်နာရန်နှင့် စည်းကမ်းချက်များ ချိုးဖောက်ပါက တည်ဆဲ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း  မြိတ်မြို့ မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်ကြေညာ ထားသည်။ 


 ဓာတ်ပုံ - သင်္ကြန်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်နေသည့ှ်မဏ္ဍာပ် တစ်ခုအား တွေ့ရစဉ်

Tuesday, April 8, 2014

မြိတ်-ထားဝယ် ကားလမ်း မိုင် တိုင် အမှတ်(၈၅/၄)အနီးယာဉ်တိုက်မှုဖြစ်။ ABSDF ကျောင်းသားတပ်မတော် ရဲဘော်တစ်ဦး သေဆုံး

၂၀၁၄ ဧပြီလ ၇ ရက် မွန်းလွဲ (၃)နာရီခန့်က ပုလောမြို့နယ် ထမင်းမစားကျေးရွာ အုပ်စု တော်ဝင်ကျေးရွာ အနီး ကားလမ်းမ ပေါ်တွင် ထားဝယ် မှ မြိတ်သို့မောင်းနှင် လာသည့် "ရွှေထားဝယ်"(4C/4827)နှင့် မြိတ်မှထားဝယ်သို့ မောင်းနှင် သည့် Hi Jet (၁စ/၅၉၄၀)မျက်နှာချင်းဆိုင် တိုက်မိ သဖြင့် Hi Jet ပေါ်ပါလာသူ တစ် ဦး အခင်းဖြစ်ပွား သည့်နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ကျန် ၅ ဦးမှာ "ပ လောက်"ပြည်သူ့ဆေးရုံ သို့ အတွင်း လူနာအဖြင့် တင် ပို့ပေးခဲ့ပါသည်။ အဆိုပါ အတွင်းလူနာ ၅ ဦးအနက် မှ ဒဏ် ရာပြင်းထန် သည့် လူနာနှစ်ဦး ကို "ထားဝယ် ပြည်သူ့ဆေးရုံ"သို့ ယ နေ့ ၈ ရက်နေ့ နံနက်(၃)နာရီတွင် လွှဲပြောင်းတင် ပို့ ခဲ့ပါသည်။


မြိတ်မြို့တွင် ကုန်သွယ်ရေးမှုဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

မြိတ်မြို့တွင် ကုန်သွယ်ရေးဆိုင်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ(၆) ရက် နေ့လယ်(၂)နာရီက မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ခရိုင်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ဆန်ကုန်သည်၊ စားသုံးဆီလုပ်ငန်းရှင်များ၊ ကွမ်းသီး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မဟာသိဒ္ဓိစေတီတော် န၀မအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ ကျင်းပ


မြိတ်မြို့ မဟာသိဒ္ဓိစေတီတော်မြတ်ကြီး၏ န၀မအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ဧပြီလ(၇)ရက် နံနက်(၉)နာရီက အဆိုပါစေတီတော် လှိုဏ်ဂူအတွင်း တွင်ကျင်းပရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ(၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုဒဿနာဘိဝံသ ဗိုလ်တောင်  ပရိ ယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာ တော်များ ထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော် သံဃာတော် အရှင်သူမြတ် များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗိုလ်တောင်ပရိ ယတ္တိစာသင်တိုက် ပဓာနနာယက ဆရာ တော်ထံမှ အနုမောဒနာတရားများနာယူကြပြီးရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့ အား နေ့လည်စာဖြင့် တည် ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်မြို့တွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ စံကျောင်းဆရာတော်အား ဂုဏပူဇာ မင်္ဂလာ ကျင်းပ

မြိတ်မြို့ စံကျောင်းတွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ စံကျောင်းဆရာတော် ဘဒ္ဒန္တ ဥာဏ၀ံသ အား ဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ဧပြီလ(၆)ရက် နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ မြိတ်ခရိုင်အု ပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ တပည့်တကာ၊ တကာမများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။


Sunday, April 6, 2014

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ် ဖြစ်နိုင်ခြေ လျော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ မြိတ်မြို့၌ ပြုလုပ်



ပညာရေးဝန်ကြီးဌာန ၊ ယူနက်စကို နှင့် Save the Children (Myanmar) တို့ ပူးပေါင်းပြီး တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ပညာရေး စီမံခန့်ခွဲသူများအား သဘာဝဘေး အန္တရာယ် ဖြစ်နိုင်ခြေ လျော့ချရေး ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားအား  ဧပြီလ (၆) ရက်နေ့ နံနက် (၉)နာရီ အချိန်က မြိတ်မြို့ ကန်ဖျားရပ် အလယ်တန်းကျောင်းခွဲ (ကန်ဖျား)တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဦးသိန်းလွင်က အမှာစကား ပြောကြားရာတွင် ပညာရေးသည် ဖွံ့ဖြိုး တိုးတက် မှု၏ အခြေခံ    သော့ချက် ဖြစ်ကြောင်း၊  ပြည်သူများအား ရေရှည် တည်တံသော အနာဂတ် ဖန်တီးနိုင်စေဖို့ စွမ်းအားပေး ရန် အတွက် ပညာရေးကို ကမ္ဘာနှင့် အ၀ှမ်း နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝကြောင့် ဖြစ်စေ၊ လူကြောင့် ဖြစ်စေ ပေါ်ပေါက်လာသော ဘေးအန္တရာယ်များသည် ပညာရေးကို များစွာ ထိခိုက်စေကြောင်း၊ ထို့အတွက်ကြောင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ လျှော့ချရေး ပညာပေး အစီအစဉ်ကို ပညာရေးကဏ္ဍ၌ ချိန်ဆက် ဆောင်ရွက်နိုင်ရန် အလေးထားလုပ်ဆောင်ဖို့ လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။ 

မြန်မာ့နှစ်သစ်ကူး အကြို မြိတ်အကျဉ်းထောင် ထောင်ရှေ့အ၀င် ကတ္တရာလမ်းမကြီး ဖွင့်ပွဲ အခမ်းအနား ပြုလုပ်



ရှမ်းချောင်း ဗလပ်စုံ ကျောင်းဆရာတော် အရှင်သုန္ဒရ နှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ ထောင်မှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်း မိသားစုတို့မှ ကမကထပြု မတည်၍ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များ မြိတ်အကျဉ်းထောင်ရှိ ၀န်ထမ်းမိသားစုများ ၊ အကျဉ်းသား အကျဉ်းသူ အချုပ်သား အချုပ်သူများ စုပေါင်း အကုန်ကျခံ၍ ဆောင်ရွက်ခဲ့သည့် မြိတ်အကျဉ်းထောင်ရှေ့ အ၀င် ကတ္တရာ လမ်းမကြီး ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ (၆)ရက် နံနက် (၈)နာရီ အချိန်တွင် ကျင်းပပြုလုပ်သည်။ 

Saturday, April 5, 2014

ကျောင်းသားတပ်မတော် (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် အခမ်းအနား မြိတ်မြို့၌ ကျင်းပမည်

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တပ်ဦး ကျောင်းသား တပ်မတော် ဖွဲ့စည်း တည်ထောင်ခြင်း (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် အခမ်းအနားအား မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု တောရအောက်ကျောင်း၌ မနက်ဖြန် ဧပြီလ (၆)ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၈)နာရီ အချိန်မှ စတင်ပြီး ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။


Thursday, April 3, 2014

ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း

မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု မဲတောကျေးရွာ သစ္စာမဏ္ဍိုင်ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဦးအာဒိတ္တသက်တော် (၈၂)၊ ၀ါတော် (၆၂) ၀ါသည် သက်ကြီးရောဂါဖြင့် ၂၀၁၄ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ နံနက် (၈)နာရီ အချိန်၌ ဘ၀နတ်ထံ  ပျံလွန်တော် မူသွားပါသဖြင့် ဈာပနအား (၇) ရက် အပူဇော်ခံပြီး စံကျောင်း ချမည် ဖြစ်ကြောင်းနှင့် ဆရာတော် ဘုရားကြီးများ၏ သြ၀ါဒ

မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဖွင့်ပွဲ အခမ်းအနား ကျင်းပ မြိတ်စီးပွားရေးဇုန် တစ်ခုအား ပထမဆုံး တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်မည်

မြိတ်မြို့တွင် လိုအပ်လျက် ရှိသော စီးပွားရေး အခြေခံ အဆောက်အအုံတစ်ခု တည်ဆောက်ပေးရန် ၊ မြိတ်လူထု အတွက် လူသား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ထူထောင်၍ ဒေသနှင့် လူထု အကျိုး ရှေးရှုသော ကုမ္ပဏီ ဖြစ်လာစေရန် ၊ မြိတ်မြို့၏ စီးပွားရေးသည် နိုင်ငံခြား မှီခိုမှုကင်းပြီး လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် တည်ထောင်ခဲ့သည့် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က မြိတ်မြို့ ကန်ဖျားလမ်းမကြီး မဟာစည် သာသနာ့ရိပ်သာ အနီးရှိ ၄င်းကုမ္ပဏီ ရုံးခန်းတည်နေရာတွင် ကျင်းပသည်။ 



Tuesday, April 1, 2014

မြန်မာရေတပ် အင်အားကောင်းလာမှုကြောင်း ပြည်ပ ရေယာဉ်များ ငါးခိုးဖမ်းမည်ကို စိုးရိမ်စရာ မလိုဟု ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူမှပြော

မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို ယခုလကုန်မှ စတင်ပြီး ရပ်နားမည် ဖြစ်ရာ  ပြည်ပ ရေယာဉ်များမှ  တရားဝင်ဖမ်းဆီး ခွင့်မရရှိ၍ တရားမ၀င် ခိုးယူ ဖမ်းဆီးမှုများ ပြုလုပ်မည်ကို ပြည်တွင်း ငါးလုပ်ငန်းရှင်များက စိုးရိမ်လျက် ရှိသည့် အပေါ်  လက်ရှိတွင် ၀င်ရောက် ခိုးဖမ်းရန် မလွယ်ကူနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၏ သားငါးကဏ္ဍ အပတ်စဉ် အစည်းအဝေးတွင်  အဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ကြောင်း မတ်လ (၃၁) ရက်နေ့ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာတွေ ရေးသား ဖော်ပြ ထားသည်။
 
ဓာတ်ပုံ - ရေတပ်မှ ဖမ်းဆီးခဲ့သည့် အင်ဒိုနီးရှား ငါးခိုးလှေမှ လှေသားများအား တွေ့ရစဉ်