မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, March 31, 2014

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်မည့် မြိတ်တ္ကသိုလ်မှ ကျောင်းသား/ သူများ ကော့သောင်းမြို့သို့ ထွက်ခွာ

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်မည့် မြိတ်တ္ကသိုလ်မှ ကျောင်းသား/ သူများ ကော့သောင်းမြို့သို့ ထွက်ခွာ

( မြိတ် မတ် ၃၀ ရက် )

၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်မည့် မြိတ်တက္ကသိုလ်မှ ကျောင်း သား/သူများသည် မတ်လ(၃၀)ရက် နံနက်(၇း၅၀)နာရီ က မြိတ်မြို့ မှ ကော့သောင်းမြို့သို့ Forture အမြန်ရေ ယာဉ် 727 ဖြင့် ထွက်ခွာသွား ခဲ့သည်။

တနင်္သာရီ ရိုးရာ နဂါးလှေတော် အသစ်နှစ်စင်း ထပ်မံ ထွင်းလုပ်မည်



တနင်္သာရီ ရိုးရာ နဂါးလှေတော် အသစ်နှစ်စင်း ထပ်မံ ထွင်းလုပ်မည်

မြိတ်   မတ်   ၂၈
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ရှေးဟောင်း ယဉ်ကျေးမှု ရိုးရာ အမွေအနှစ် နဂါးလှေ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် နဂါးလှေတော် အလှပြ   လှော်ခတ်  ပူဇော်ပွဲကို တနင်္သာရီမြစ် အတွင်း နှစ်စဉ် သီတင်းကျွတ် လဆန်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ကြရာ  လာမည့်နှစ်တွင်  ပိုမိုစည်ကားသိုက်မြိုက်စွာ   ကျင်းပနိုင်ရေး အတွက် ချောင်းကြီး   ကျောင်းဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့်  နဂါးလှေတော် အသစ် နှစ်စင်း ထပ်မံပြုလုပ်  မည်   ဖြစ်ကြောင်း သိရသည်။


Saturday, March 29, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ (၄၃၆) အမြန်ဆုံး ပြင်ဆင်ရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ပြည်သူ မလိုလားသော ဥပဒေများ အလိုမရှိ ၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် ကြွေးကြော်သံများနှင့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ပွဲအား ယနေ့ မတ်လ (၂၉) ရက်နေ့ နံနက် (၈)နာရီအချိန်၌ မြိတ်မြို့ ကမ်းနားလမ်း အမှတ် (၁) ဗောတံတားထိပ်မှ ပုလဲရတနာ ခန်းမရှေ့ အထိ လူအင်အား (၄၀၀) ဦးခန့်ဖြင့် စီတန်း လှည့်လည် ဆန္ဒဖော် ထုတ်ကြသည်။ 

Friday, March 28, 2014

မြိတ်မြို့တွင် ဖိနပ်အရောင်းဆိုင်တစ်ဆိုင်မှ စတင်မီးလောင်မှုဖြစ်ပွား

( မြိတ် မတ် ၂၇ ရက် )

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးတွင် မတ်လ(၂၇)ရက် နံနက် (၄)နာရီခန့်က မြို့မအားကစားကွင်းရှေ့ဈေးဆိုင်ခန်း တွင် ဈေးဆိုင်ခန်းအမှတ်(၂၄) ဦးထိန်လင်းအောင် ပိုင်ဆိုင် သော SCHOll ဖိနပ်အရောင်းဆိုင်မှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။



(၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မြိတ်မြို့နယ် စစ်မှုထမ်းဟောင်း မိသားစုမှ ဒုတိယ အကြိမ်မြောက် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာ ကျင်းပ



(၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မြိတ်မြို့နယ် စစ်မှုထမ်းဟောင်း မိသားစုမှ ဒုတိယ အကြိမ်မြောက် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာ ကျင်းပ

( မြိတ် မတ် ၂၇ ရက် )

(၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် မြိတ်မြို့နယ်စစ်မှု ထမ်းဟောင်း မိသားစုမှ ဒုတိယအကြိမ် မြောက် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာကို တပ်ဦး ဇဗ္မူအေးကျောင်း တွင် နံနက်(၉း၃၀)တွင် ကျင်းပရာတက် ရောက်လာကြ သူများက ဇဗ္မူရတနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာစာရထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး တရားဒေသနာတော်များ နာယူကြသည်။

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် (၆၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ



ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် (၆၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ

( မြိတ် မတ် ၂၇ ရက် )

(၆၉)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကို မြိတ်မြို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် စစ်ရေးပြ ကွင်းတွင် ကျင်းပရာ ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများ နိုင်ငံတော်အလံနှင့် ကျဆုံးလပြီးသော ခေါင်ဆောင်များအား အလေးပြုကြပြီး သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။


ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်



ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

( မြိတ် မတ် ၂၇ ရက် )

ပထမအကြိမ် ရှင်သာမဏေ၀တ်ပွဲနှင့် န၀မမြောက်အကြိမ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်ပွဲကို မတ်လ(၂၇)ရက် နံနက်(၉း၄၅) နာရီက မြိတ်မြို့ စံကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စေတနာရှင် အလှူရှင်များက ဆရာတော် သံဃာတော်အ ရှင်သူမြတ်များနှင့် ရှင်သာမဏေများအား သိမ်ဆင်းဆွမ်းလောင်း ကြသည်။


Thursday, March 27, 2014

တကူကျေးရွာတွင် ကျောက်မိုင်းခွဲရာ ကိုးလုံးမြောက် ကျောက်မိုင်းခွဲစဉ် သေဆုံးဒဏ်ရာ ရမှုဖြစ်ပွား

တကူကျေးရွာတွင် ကျောက်မိုင်းခွဲရာ ကိုးလုံးမြောက် ကျောက်မိုင်းခွဲစဉ် သေဆုံးဒဏ်ရာ ရမှုဖြစ်ပွား

တနင်္သာရီ   မတ်  ၂၆

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာ အနောက်တောင်ဘက် လေးမိုင်ခန့် အကွာတွင်  ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်မိုင်းခွဲရာမှ ကျောက်မိုင်း ကွဲစဉ် သေဆုံး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။

Wednesday, March 26, 2014

မြိတ်မြို့တွင် ပြည်သူ့ ဗဟိုပြု မီဒီယာ ၀န်ဆောင်မှု သင်တန်း ၂/၂၀၁၄ ဖွင့်လှစ်



ပြည်သူများကို အသိပညာပေးရေး အတွက် ပြည်သူ ဗဟိုပြု မီဒီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၏ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်း ဒေ သကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူ ဗဟိုပြု အများပြည်သူ ဝန်ဆောင်မှု မီဒီယာ သင်တန်း(/၂၀၁၄) ဖွင့်ပွဲကို မတ်လ (၂၅)ရက်နေ့  နံနက်(၁၀) နာရီတွင် မြိတ်ခရိုင်ရုံး သင်တန်း ခန်းမ၌ ကျင်းပသည်။

  

Tuesday, March 25, 2014

ကျွန်းစုမြို့နယ် NLD ဥက္ကဌနှင့် မြိတ်ခရိုင် NLD ကော်မတီဝင်တို့ စကားများ ရန်ဖြစ်ပြီး မြို့နယ် ဥက္ကဋ္ဌမှ ခရိုင်ကော်မတီဝင်အား တရားရုံး၌ အမှုဖွင့် တရားစွဲဆို

၂၀၁၄ ခုနှစ်  မတ် ၂၅ ရက်နေ့ နံနက် (၁၀)နာရီ အချိန် ကျွန်းစုမြို့နယ်၊ အမှတ် (၃)ရပ်ကွက်ရှိ ဦးတင်အောင် နေအိမ်တွင် ဖွင့်လှစ်ထားသည့် ကောင်းကောင်းလေး လက်ဖက်ရည်ဆိုင်၌ ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးကိုလေးနှင့် ဒုဥက္ကဌ ဦးဇော်မင်းလေး တို့မှ လက်ဖက်ရည် ထိုင်သောက်နေစဉ် မြိတ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင် အလုပ် အမှုဆောင် ပြန်ကြားရေး တာဝန်ခံ ဦးသိန်းဇော်မင်းမှ ရောက်ရှိလာပြီး လူငယ်ညီလာခံ ကျင်းပရေးကိစ္စနှင့် ပတ်သက်ကာ ဦးကိုလေးနှင့် ဦးသိန်းဇော်မင်းတို့ စကားများ ရန်ဖြစ်ကြရာမှ ပါတီ ဥက္ကဌ ဦးကိုလေးအား ဦးသိန်းဇော်မင်းမှ လက်သီးနှင့်ထိုး၊ ပါးရိုက်မှု ဖြစ်ပွားခဲ့သည်။
 
ထိုဖြစ်စဉ်နှင့်ပတ်သက်၍  ဦးကိုလေးမှ ဦးသိန်းဇော်မင်းအား အရေးယူပေးပါရန် ကျွန်းစုမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ကျွန်းစုမြို့မ ရဲစခန်းမှ ရဲအရေးမပိုင် နှစ်စဉ် အမှတ် (၄/၂၀၁၄)ဖြင့် (၁၂၀၅)အချိန် ကျွန်းစုမြို့နယ် တရားရုံးသို့ ပုံစံ (က)(ခ)ဖြင့် ပေးပို့ တင်ပြခဲ့ရာ ကျွန်းစုမြို့နယ် တရားရုံးမှ ရာကြီး အမှတ် (၅၅/ ၂၀၁၄)ဖြင့် လက်ခံစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Monday, March 24, 2014

ဘုရားကိုင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေး အမြန်ဆုံး ကူညီဆောင်ရွက်ပေး ပါရန်



မြိတ်မြို့ ဘုရားကိုင်ချောင်းကြီးသည် ရပ်ကွက်() ရပ်ကွက်ရဲ့ အဓိက အားထားရချောင်းကြီး ဖြစ်ပါသည်၊ ကျွန်တော်တို့ငယ်စဉ်က ဘုရားကိုင်ချောင်းကြီးသည် သစ်ခုတ်လှေ၊ ဓနီဖက် တင်ဆောင်သောလှေ များသည် မြိတ်တောင် မြို့ပတ်လမ်းပေါင်းကူး တံတားထိ ဆိုက်ကပ်နိင်ပါသည်



Sunday, March 23, 2014

မြိတ်မြို့ အမျိုးသမီး သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ် သင်တန်း အမှတ်စဉ် (၃၆)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၅) ဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေး များ၏ ဘ၀ လုံခြုံရေး၊ စီးပွားရေး အထောက် အကူပြု အတတ်ပညာ များ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် အသက်မွေး ၀မ်းကြောင်း ပြုပြီး မိသားစု ဘ၀ တိုးတက် မြင့်မားစေရေး၊ တိုင်းတစ်ပါးကို အထင်မကြီးဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပြီး လမ်းမှား မရောက် စေရေး၊ မိမိတို့ ၏  ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၃၆)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း(၆၅) ဆင်းပွဲကို မတ်လ(၂၁)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

မြိတ်မြို့၌ မြန်မာငွေ ကျပ် (၅၀၀၀)တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိ

စားသောက်ဆိုင်(စင်တင်တေးဂီတ) ဆိုင်တွင် သီချင်းသီဆိုသူ အမျိုးသမီးငယ်အား အကြွေးဆပ်ပြီး မုန့်ဖိုးပေးရာ ထိုငွေများမှာ ကျပ် (၅၀၀၀)တန် ငွေစက္ကူ အတုများ ဖြစ်သည့် အတွက် ငွေစက္ကူ အတုများအား လက်ဝယ် ထားရှိ သုံးစွဲသူအား ဖမ်းဆီး တရားစွဲဆိုမှု မြိတ်မြို့၌ ဖြစ်ပွားခဲ့သည်။ 
 
ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ ည (၇)နာရီ ခွဲ အချိန်တွင် မြိတ်ခရိုင် အထူး မှုခင်း နှိမ်နှင်းရေး အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် အဖွဲ့သည် ရုံးခန်း၌ တာဝန်ထမ်းဆောင်နေစဉ် မြိတ်မြို့ ဘုရားကိုင် ရပ်ကွက် သုခလမ်းနေ မဆောင်းအိဖြူ (ခ) စမိုင်း (၁၉)နှစ် (ဘ) ဦးဥာဏ်ရွှေ ၊ ၆/မမန(နိုင်) ၁၆၂၈၈၉ ( မြိတ်ဂေါက်ကလပ် စားသောက်ဆိုင်တွင် သီချင်းဆိုသူ ) နှင့် ၄င်းအစ်ကို ဖြစ်သူ ချစ်မင်းတို့ ရောက်ရှိလာပြီး မဆောင်းအိဖြူ (ခ) စမိုင်း၏ ပြောပြချက်အရ ပုလောမြို့နယ် ပလကျေးရွာ အောင်မင်္ဂလာလမ်း အမှတ် (၇၅) တွင် နေထိုင်သူ စိုးနိုင် အသက် (၄၉)နှစ်၊ (ဘ) ဦးထွန်းကြွယ် ၊ ၆/ပလန (နိုင်) ၀၁၀၉၀၇ ၊ ဗမာ / ဗုဒ္ဓ ၊ (ဥယျာဉ်ခြံလုပ်) မှာ လွန်ခဲ့သော (၂) ပတ်ခန့်က မြိတ်ဂေါက်ကွင်း စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ငွေကျပ် (၄၀၀၀၀)ကျော် အကြွေး စားသောက်သွား၍ ၄င်းမှ စိုက်ထုတ် ရှင်းပေးထားရှိကြောင်း ၊ ထိုအကြွေးငွေများအား ၄င်းမှ ဖုန်းဆက်ပြီး တောင်းခံခဲ့ရာ စိုးနိုင်မှ မတ်လ (၁၈) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ရရန် အကြွေးအား မြိတ်ဟိုတယ် အနီးရှိ ငွေဇင်ယော် စားသောက်ဆိုင်၌ လာယူရန် ချိန်းဆို၍ သွားယူရာတွင် စိုးနိုင်မှ မဆောင်းအိဖြူ (ခ) စမိုင်း အား အကြွေးငွေနှင့် ၄င်း၏ မုန့်ဖိုးအတွက် ဆိုကာ မြန်မာငွေ စက္ကူ (၅၀၀၀) ကျပ်တန် (၁)အုပ်အား ငွေကျပ် (၁)သိန်းဟု ဆိုကာ ပေးထားခဲ့၍ ငွေအား ရယူပြီး နေအိမ်သို့ ပြန်သွားခဲ့ကြောင်း၊ နေအိမ်သို့ ရောက်ပြီး စိုးနိုင်ပေးသော ငွေအား ရေတွက်ကြည့်ရာ ငွေစက္ကူ (၁၉) ရွက် ရှိကြောင်း တွေရှိရပြီး ၄င်းငွေစက္ကူ (၁၉) ရွက် အနက်မှ (၁)ရွက်ကို အဒေါ်ဖြစ်သူ ဒေါ်အေးအေးမာ အား အ၀တ်ဖိုးငွေ အကြွေး ဆပ်ရန် ပေးစဉ် ဒေါ်အေးအေးမာမှ ၄င်း ငွေစက္ကူမှာ အတု ဖြစ်နိုင်ကြောင်း သတိထားမိပြီး ချစ်မင်းအား ထပ်မံပြသ ၍ ငွေစက္ကူ (၁၉) ရွက်အား စိစစ်ရာ နံပတ်တူ ငွေစက္ကူများ ဖြစ်နေပြီး ငွေစက္ကူ အတုများ ဖြစ်နေကြောင်း သိရှိရသဖြင့် မြိတ်ခရိုင် မှုခင်းနှိမ်နှင်းရေး အဖွဲ့သို့ လာရောက် သတင်းပေး အပ်နှံခဲ့သည်။ 

Thursday, March 20, 2014

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

 ၂၀၁၄ ခုနှစ် မတ်လ (၁၄)ရက်နေ့ ညနေ (၅း၂၀)အချိန်ခန့်တွင် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေး
အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် အဖွဲ့၊ တနရ (မှုခင်းအကူဌာနစိတ်)မှ ရဲတပ်ကြပ်ကြီး ကျော်မိုး၊ မြိတ်မြို့မရဲစခန်း နယ်ထိန်းအဖွဲ့မှ တပ်ကြပ်ကြီး မောင်ထွန်းနှင့် အဖွဲ့၊ အမှတ် (၄) နယ်မြေရဲကင်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ (၁)ရပ်ကွက်၊ သဇင်နွယ်လမ်း၊ မ/၁၀၃ နေ သက်ဦး (၄၅)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ် အခန်း အနောက်ဘက်ရှိ အိမ်သာအနီး ၀ှက်သိမ်းထားသော ပလတ်စတစ် အကြည်ရောင် ကပ်ခွာအိတ်ငယ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၈)ပြားပါ တစ်ထုပ်နှင့် (၁၃)ပြားပါ တစ်ထုပ်၊ စုစုပေါင်း ဆေးပြား (၃၁)ပြား၊ တန်ဘိုးငွေကျပ် (၁.၅၅) သိန်းနှင့် လက်ကိုင်ဖုန်း (၁)လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 



မြိတ်မြို့တွင် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ပြင်ပ ဆေးကုသဆောင် တည်ဆောက်ပြီးစီး



မြိတ်မြို့ အထက်ရေပုန်းရပ် စပါးရွှေဝါလမ်းတွင် ဒေသခံ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်း လှူဒါန်းငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သော ခမ်းနားထည်ဝါ လှသည့် ဇိဝိတဒါန သံဃာတော်နှင့် သီလရှင် များ၏ ကုသိုလ်ဖြစ်ပြင်ပ ဆေးကုသဆောင် အဆောက် အဦသည် မြိတ်မြို့နေ ပြည်သူများ၏ ကျယ်ပြန့်လှသော ပရဟိတ သာသနာပြု လုပ်ငန်းကို ဆောင်ရွက်နေသည့် ဂုဏ်ဒြပ်ကို ဖော်ဆောင် လျက်ရှိပေသည်။


တရားမ၀င် ယိုးဒယား ဆီတင်လှေ (သံခွံ) တစ်စီးအား တပ်မတော် (ရေ)က ဖမ်းဆီး

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဗိုလ်မှူး စိုင်းမောင်မောင် ဦးစီး အမှတ် (၅၅၆) စစ်ရေယာဉ် သည် ပင်လယ်ပြင် စိုးမိုးရေး ဆောင်ရွက်နေစဉ် မြန်မာရေပိုင်နက် အတွင်းရှိ စူလာကျွန်း အနောက်မြောက်ဖက် မိုင် ၁၂၀ ခန့်အကွာ၌ မြန်မာ့ရေပြင် ပိုင်နက် အတွင်း ခိုးဝင်လာသည့် ယိုးဒယား စာတမ်းပါ  စက်မကြီး CUMMINS INLINE KTA 19 – M3 (6) လုံးထိုး အမျိုးအစား မြင်းရေကောင် (၆၄၀) ခန့် အင်ဂျင်တပ်ဆင် ထားသည့် အလျား (၉၅)ပေ ၊ အနံ (၁၈) ပေ၊ ရေစူး (၁၀)ပေ အရွယ်ရှိ တရားမ၀င် ယိုးဒယား ဆီတင်လှေ (သံခွံ) တစ်စီးအား ၂၀၁၄ ခုနှစ် မတ်လ (၁၇) ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်၌ မြန်မာ သင်္ဘောသား (၆) ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


Monday, March 17, 2014

သိရှိသူများ ကူညီ အကြောင်းကြား ပေးပါရန်

အောက်ဖော်ပြပါ ဓာတ်ပုံရှင်သည် (၁၅-၃-၂၀၁၄)ရက်နေ့ ည(၇) နာရီ အချိန်ခန့် မြိတ် - ကျွဲကူး လမ်းမကြီး ရွှေပေးကျေးရွာအနီးတွင် မြိတ်မှ ကျွဲကူးဖက်သို့  မောင်းနှင်လာစဉ် ဂျစ်ကား တစ်စီးနှင့် ချိတ်မိပြီး ဦးခေါင်း ဒဏ်ရာရကာ  သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူအား မြိတ်ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် စစ်ဆေးပြီး ထားရှိပါသည်။



မြိတ်မြို့၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အလှူတော်ရေစက်ချမင်္ဂလာ နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို မတ်လ(၁၅)ရက် နံနက်(၉)နာရီက စေတီတော် ဗုဒ္ဓသာသနာ့ ဗိမာန် တော်တွင် ကျင်းပရာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

Sunday, March 16, 2014

လူမျိုးအမည်တွင် ‘မြိတ်’ ဟု ဖြေရမည်ကို ဒေသခံအများစု မသိဟုဆို

လူမျိုးအမည်တွင် ‘မြိတ်’ ဟု ဖြေရမည်ကို ဒေသခံအများစု မသိဟုဆို
************************************************
မြိတ်၊ မတ် ၁၅

လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မြိတ်လူမျိုးဟု ပြန်ဖြေရမည်ကို လက်ရှိအချိန် (သန်းခေါင်စာရင်း ကောက်ယူရန် နှစ်ပတ်ကျော်အလို) အထိ မြိတ်ဒေသခံ အများစု မသိသေးဟု မြိတ်ဒေသခံများထံမှ သိရသည်။

Saturday, March 15, 2014

ကလေးပျောက်ကြော်ငြာ (ပျောက်ဆုံးသွားသေား ကလေးအား ပြန်လည်တွေ့ရှိပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ )


မြိတ်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားသည့် ကလေးပျောက်ကြော်ငြာ (Share လုပ်ပေးခြင်းဖြင့် ကူညီကြပါ။)



မြိတ်ဒေသ သစ်မှောင်ခိုများကို စစ်ကြောင်းအသွင်ဖြင့် ဖမ်းဆီးရန် စီစဉ်နေ

ထိုင်း-မြန်မာ နယ်စပ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ သိမ်ခွန်းသစ်တော ကြိုးဝိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ သစ်ခိုးထုတ်ယူမှုများ ရှိနေ သည့်အတွက် သစ်တောဦးစီးဌာနက စစ်ကြောင်းအသွင်ဖြင့် ဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းရသည်။

“ကျနော်တို့ မကြာခင်မှာပဲ အဲ့ဒီ မောတောင် ဒေသမှာ သစ်တောကနေ စစ်ကြောင်းအသွင်နဲ့ ဖမ်းဆီးသွားဖို့ စီစဉ်နေပါပြီ”ဟု မြိတ် ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်လင်းက ပြောသည်။

ပင်လယ်ပျော် ဂျစ်ပစီများနဲ့အတူ



အချိန်က နံနက် ၃ နာရီရှိပြီ ဖြစ်ပါသည်။ လှေသားတယောက်က ကမ်းခြေသို့ မီးရောင်ဖြင့် အချက်ပြနေချိန်တွင် မြိတ်ကျွန်းစုများထဲရှိ ကျွန်းတကျွန်းအနားက ပင်လယ်ပြင်တွင်ရှိနေသည့် ကုန်တင်လှေ တစီးပေါ်၌ ကျနော်ထိုင် နေသည်။


မြိတ် ဆိပ်ကမ်းတွင် စောင့်ကြပ်နေသော လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၏ စစ်ဆေးခြင်း ကို ရှောင်ရှားနိုင်ရန် ကျနော့်၏ လမ်းပြလည်းဖြစ် မိတ်ဆွေလည်းဖြစ်သူ ဦးစိုးခိုင် (နာမည်လွှဲပြောင်းထား ပါသည်) က ကျနော့်ကို လှေပေါ်သို့ ခိုးပြီး ပို့ပေးခဲ့သည်။ စာနယ်ဇင်းသမား တယောက်အဖြစ် ခွင့်ပြု ချက်ရထားသည့် အတွက် ကျွန်းများဆီသို့ အတား အဆီးမရှိ သွားရောက်နိုင် ပါလျက် မည်သည့် အတွက်ကြောင့် ယခုလိုလုပ်ရသနည်းဟု ကျနော် မေးကြည့်ခဲ့ရာ သူက “ဒီနည်းနဲ့ သွားရင် လူဝင်မှု ကြီးကြပ်ရေးက မမြင်တော့ မကြားတော့ဘူးပေါ့” ဟု ဖြေပါ သည်။

Friday, March 14, 2014

နှလုံးသား ပင်လယ် ပန်းချီပြပွဲ မြိတ်မြို့၌ ပြုလုပ်


မြိတ်မြို့မှ ပန်းချီဆရာ(၁၃)ဦးနှင့် ဆရာမ (၃) ဦး၏ ပန်းချီလက်ရာ ရေဆေး၊ ဆီဆေး ၊ အခရိုင်းလစ် စသည်ဖြင့် ရေးဆွဲထားသည့် ပန်းချီကား (၁၉၅)ကား ပြသထားသည့် နှလုံးသား ပင်လယ် ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ၊ မတ်လ ၁၄ ရက်နေ့ နံနက် (၈) နာရီ အချိန် မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် မြိတ်မြို့နယ် ပန်းချီပန်းပု  အစည်းအရုံး ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက ပန်းချီလက်ရာများအား ကြည့်ရှု အားပေးခဲ့သည်။



ရန်ဖြစ်ရာမှ ဇနီးက ခင်ပွန်းအား လည်ပင်းညစ်သတ်



၂၀၁၄ ခုနှစ် ၊ မတ်လ (၁၃) ရက်နေ့ ည (၈) နာရီ အချိန်  မြိတ်တောင် ကျေးရွာ အုပ်စု အင်းလေးကမ်းရပ် အောင်ဇမ္ဗူ (၄)လမ်းတွင် နေထိုင်သူ မမိုးအေး (ခ) တင်တင်မိုး (၃၇)နှစ် (ဘ) ဦးလှရွှေ ၊ ၄င်း၏ ခင်ပွန်းဖြစ်သူ မှတ်ကြီး(ခ) ကျော်နိုင် (၃၄)နှစ်၊ (ဘ) ဦးလှသိန်း ကျပန်း လုပ်ကိုင်သူ တို့သည် စကားများ ရန်ဖြစ်ကြပြီး နဘန်းလုံး သတ်ပုတ်ကြရာ မမိုးမိုးအေး(ခ) တင်တင်မိုးမှ ခင်ပွန်းဖြစ်သူ မှတ်ကြီး  (ခ) ကျော်နိုင်အား လည်ပင်းကို ညစ်ခဲ့သဖြင့် ကျော်နိုင်မှာ သတိမေ့သွားပြီး မြိတ်ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ်  ရရှိသော ဒဏ်ရာများကြောင့် ည (၉)နာရီ (၄၅) မိနစ် အချိန်တွင် ကွယ်လွန် သွားခဲ့သည်။ 

မြိတ်မြို့တွင် တက္ကသိုလ် အဆင့် ဆင့်ပွား အခြေခံ စာတတ်မြောက်ရေး နည်းပြသင်တန်းဖွင့်လှစ်




မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့  ၂၀၁၄ခုနှစ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း တက္က သိုလ် အဆင့် ဆင့်ပွားအခြေခံ စာတတ်မြောက်ရေး နည်းပြသင်တန်းကို မတ်လ(၁၃)ရက် နံနက်()နာရီက မြိတ်တက္ကသိုလ်တွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြား သည်။


မြန်မာတွေမသိသေးတဲ့ မြန်မာ့ရတနာသိုက်

ဒီတပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်ပိုင်း)မှာ မြန်မာတွေ ကိုယ်တိုင် မသိသေးတဲ့ မြန်မာ့ရတနာသိုက် တစ်ခုအကြောင်းကို Amaury Lorin ဆိုသူ က တင်ပြထားပါတယ်။ အဲဒါကတော့ အင်္ဂလိပ်လို MacLeod Island လိုခေါ်ပြီး မြန်မာလို ခက်ရင်းခွကျွန်းလို့အမည်ရတဲ့ မြိတ်ကျွန်းစုအတွင်းက ကျွန်းရိုင်းလေး အကြောင်း ဖြစ်ပါတယ်။ စာရေးသူ ကတော့ အဲဒီကိုသူရောက်သွားချိန်မှာ သူကိုယ့်သူ “ရော်ဘင်ဆင် ကရူးဆိုးလို” တောင် ခံစားမိတယ်လို့ ဆိုထား ပါတယ်။

Thursday, March 13, 2014

မြန်မာရေပြင်ပိုင်နက်အတွင်း ရေငန်ငါးသယံဇာတ မလျော့နည်းရန်လို

မြန်မာရေပြင်ပိုင်နက်အတွင်း ရေငန်ငါးသယံဇာတ မလျော့နည်းရန်လို
--------------------------------------------------------------------------
ရန်ကုန် မတ် ၁၁

မြန်မာ့ရေပြင်ပိုင်နက်အတွင်း ငါးသယံဇာတများ ပေါများခဲ့သည်။ ငါးသယံဇာတ ပေါများမှုကြောင့် ရက်အနည်းငယ်အတွင်း ငါးဖမ်းယာဉ်တစ်စင်းစာ ဖမ်းဆီးနိုင်ခဲ့မှုများ ရှိခဲ့သည်။ ယခုအခါ စည်းကမ်းမဲ့ငါးဖမ်းမှုများ၊ တရားမဝင် ငါးဖမ်းမှုများကြောင့် မြန်မာ့ရေပြင်ပိုင်နက်တွင် ငါးသယံဇာတများ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ငါးသယံဇာတ လျော့နည်းလာမှုကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာပြီ ဖြစ်သည်။


"အရင်ကဆိုရင် ငါးဖမ်းယာဉ်တစ်စင်း ပင်လယ်ပြင်မှာငါးဖမ်းထွက်ရင် သီတင်းနှစ်ပတ် ဒါမှမဟုတ် သုံးပတ်ဆိုရင် ငါးဖမ်းယာဉ်တစ်စင်းစာ ရပြီ။ အခုတော့ ငါးဖမ်းယာဉ် တစ်စင်းကို ၄၅ ရက်မှ နှစ်လအထိ ကြာအောင် ငါးဖမ်းမှရတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါဟာ ငါးသယံဇာတ လျော့နည်းလာလို့ဖြစ်ပါတယ်" ဟု ငါးဖမ်းယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးတင်မောင်ဦးက ပြောသည်။

ထိုသို့ ငါးဖမ်းယာဉ်များ ရက်ကြာမြင့်စွာ ငါးဖမ်းနေရသော်လည်း ဖမ်းဆီးရမိသည့်ငါးများမှာ အရွယ်အစားသေးငယ်သော ငါးများဖြစ်ပြီး စီးပွားဖြစ်ငါးအမျိုးအစားများ နည်းပါးကြောင်း သိရသည်။ တန်ဖိုးနည်းသောငါးများ ဖမ်းဆီးရမှုများလာခြင်းက ငါးဖမ်းယာဉ်များ တွက်ခြေမကိုက် ဖြစ်လာလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရေငန်ငါးထုတ်လုပ်နိုင်မှု အနေအထားမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ကာလအတွင်း တန် ၂ ဒသမ ၄ သန်း ရှိခဲ့ရာ ကမ်းဝေးငါးထုတ်လုပ်မှုသည် မြန်မာ့ရေငန်ငါးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ ထို့အတူ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုသည်လည်း ၂၀၁၂-၂၀၁၃ ခုနှစ် ကာလအတွင်း တန် ၀ ဒသမ ၃၇ သန်းရှိခဲ့ရာ အမေရိကန်ဒေါ်လာ ၆၅၂ ဒသမ ၃သန်းခန့်ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လက်ရှိအချိန်၌ ငါးဖမ်းလိုင်စင်ရယူထားသည့် ငါးဖမ်းယာဉ် ၂၂၉၆ စင်းခန့်ရှိနေပြီး ရေလုပ်သားပေါင်း ၄၂၀၀၀ ခန့်ရှိနေရာ ငါးသယံဇာတ မလျော့ပါးစေရန် အားလုံးထိန်းသိမ်း စောင့်ရှောက်ရမည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။

MOI Webportal Myanmar

Wednesday, March 12, 2014

မြိတ်မြို့၌ သန်းခေါင်စာရင်း ကောက်ယူရေး အကြိုလှုံ့ဆော် ဖျော်ဖြေ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အတွက် အကြို လှုံ့ဆော် ဖျော်ဖြေပွဲအား မြိတ်မြို့ ဆိပ်ငယ်ရပ် စည်ပင်သာယာရေး ဈေးလမ်းမ၌ မတ်လ ၁၂ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန် ဖျော်ဖြေရေးယာဉ်ဖြင့် ကျင်းပ ပြုလုပ်ရာ နာမည်ကျော် လူရွှင်တော်များ ဖြစ်သည့် အရိုင်း၊ ဇီးသီး၊ စိန်သိန်း၊ ပန်းသီးနှင့် အဆိုတော် ဘန်နီဖြိုးတို့မှ တေးသီချင်းများ ၊



Monday, March 10, 2014

မြိတ်မြို့၌ သန်းခေါင်စာရင်း ကောက်ယူရေး အကြို လှုံ့ဆော်ဖျော်ဖြေမည်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်  စာရင်း ကောက်ယူရေး အကြို လှုံ့ဆော် ဖျော်ဖြေရေး အဖြစ်  ၂၀၁၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ (အင်္ဂါနေ့) ညနေ (၄)နာရီ အချိန်တွင် မြိတ်မြို့ ကန်ဖျားရပ် ဘုရားငါးဆူကွင်း အတွင်း ဖျော်ဖြေရေး ယာဉ်ဖြင့် လာရောက်  ဖျော်ဖြေ မည် ဖြစ်ကြောင်း သိရသည်။ 

Sunday, March 9, 2014

ကမ်းနီးငါးဖမ်း ဧရိယာအတွင်း ငါးဝင်ဖမ်းသည့် ၀ါးလတ်လှေ နှစ်စီးအား တပ်မတော်(ရေ)မှ ဖမ်းဆီး

၂၀၁၄ခုနှစ် မတ်လ (၇) ရက်နေ့ ည(၉) နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် ဒုံးကျွန်း၏ အရှေ့တောင်ဘက် (၁)မိုင်ခန့် အကွာ ကမ်းဝေးလှေများ ငါးမဖမ်းရ နေရာ အဖြစ် သတ်မှတ်ထားသည့် ကမ်းနီး ငါးဖမ်း ဧရိယာ အတွင်း ၀င်ရောက် ငါးခိုးဖမ်းနေသော အလျား (၇၀)ပေ (၈)လက်မ၊ အနံ (၁၅)ပေ ၊ (၅) လက်မ ၊ မြင်းကောင်ရေ (၂၈၀)ခန့် HENO EK – 100 (၆)လုံးထိုး စက်မကြီး တပ်ဆင်ထားသည့်  အောင်ချစ်ကိုကို (တ-၂၅၈) အမည်ရှိ စည်းပျက် ၀ါးလတ် ငါးဖမ်းလှေ တစ်စီးအား လှေသား (၁၄) ဦးဖြင့် လည်းကောင်း ၊ ည (၉)နာရီ ခွဲ အချိန်ခန့်၌ ဒုံးကျွန်း အရှေ့ဘက် (၁)မိုင်ခွဲခန့် အကွာတွင် အလျား (၇၃)ပေ၊ (၂)လက်မ၊ အနံ (၁၇)ပေ (၂)လက်မ ၊ ၊ မြင်းကောင်ရေ (၂၈၀)ခန့် HENO EK – 100 (၆)လုံးထိုး စက်မကြီး တပ်ဆင်ထားသည့် မြင့်မြတ်သိန်း - ၅ (တ-၂၆၃) အမည်ရှိ စည်းပျက် ၀ါးလတ် ငါးဖမ်းလှေ တစ်စီး စုစုပေါင်း (၂) စီးအား တနင်္သာရီ ရေတပ် စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ဗိုလ်ကြီး သက်ထွဋ်အောင် ဦးစီး အမှတ် (၆၁၁) ထောက်ပံ့ရေး ရေယာဉ်မှ ပင်လယ်ပြင် စိုးမိုးရေး ဆောင်ရွက်နေစဉ် ဖမ်းဆီး ရမိကြောင်း သိရသည်။ 

Saturday, March 8, 2014

မြိတ်မြို့တွင် ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ(၅) ရက် ညနေ(၄)နာရီက မြိတ်မြို့နယ် ကလွင်ကျေးရွာ အုပ်စု တောရအောက်ကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ သင်တန်းသား /သူများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ ဘာဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်သည်။။


ရှေးဦးစွာ မြိတ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တ ပညိန္ဒာစာရ
ရွှေကျောင်းဆရာတော် ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး တနင်္သာရီ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက်ဆရာတော်ထံမှ သြ၀ါဒကထာ နာယူမှတ်သားကြသည်။ ထိုနောက် ဓမ္မ စကူးလ်ဖောင်ဒေးရှင်းသင်တန်းနည်းပြ ဦးဇော်ဝင်းထွန်းက ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ နည်းစနစ်နှင့် ရည်ရွယ် ချက်များကို ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်၍ မြိတ်မြို့နယ်အတွင်း ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် သင်တန်းများဖြစ်မြောက်သင် ကြားနိုင်ရေးအတွက် ရှေးဆက်ပြုလုပ်ရမည့် လုပ်ငန်းစဉ်များကို ပုလောမြို့နယ် လယ်ဝိုင်းကျောင်းတိုက် ဆရာ တော်ဒေါက်တာအရှင်ကောဝိဒ ဦးဆောင်၍ သံဃာတော် အရှင်သူမြတ်များ က ဆွေးနွေးခဲ့ကြသည်။ ယင်း နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဓမ္မစကူးလ် ဆရာ ဖြစ်သင် တန်းဖြစ်မြောက်ရေး ပါဝင်ဆောင်ဆောင်ရွက်ခဲ့သူ ဦးစိုးပိုင်ဌေးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတဘဒ္ဒန္တ၀ိမလ ကန်သာကျောင်း တိုက်ဆရာတော်ထံမှ သင်တန်းဖြစ်မြောက်ရေး အတွက် စွမ်းနိုင်သည့်ဘက်မှ ပါဝင်ကူညီ လှူဒါန်းပေးကြသော ဆရာတော်၊ သံဃာတော်များ၊ စေတနာရှင်များ၏ ကုသိုလ်တော်များအား အနုမောဒနာ တရားနာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထိုနောက် သင်တန်းသား သင်တန်းသူများအား တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ဥက္ကဌဆရာတော်မှ သင်တန်းဆင်း လက်မှတ် များပေးအပ်ချီးမြင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုဆောင်၍ ရုပ်သိမ်းသည်။ အဆိုပါသင်တန်းကို သံဃာတော်(၅)ပါး၊ သီလရှင်(၉)ပါး၊ လူပုဂ္ဂိုလ်(၂၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ(၂၈)ရက်မှ မတ်လ(၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း 
သတင်းရရှိသည်

မြိတ် ပြန်ဆက်

မြိတ်ခရိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တာဝန်များပေးအပ်

၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း ခရိုင်/ မြို့နယ် အဆင့် သန်းခေါင်စာရင်းကော်မတီ ဥက္ကဌများထံ သန်းခေါင် စာရင်းကောက်ယူရေး တာဝန်ပေးအပ်လွှာများ ပေးအပ်ခြင်း အခမ်းအနားကို မတ်လ(၈)ရက် နံနက်(၁၀)နာရီက အမက(မြစ်ငယ်)ကျောင်းခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ကို အမျိုးသားရေးလုပ်ငန်းအဖြစ်ခံယူ၍ ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီ 
ဥက္ကဌများထံ သန်းခေါင် စာရင်းကောက်ယူရေး တာဝန်ပေးအပ်လွှာများပေးအပ်သည်။

ထိုနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သန်းခေါင်စာ ရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြိတ်ခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၁၄၂) ကွက်၊ စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာမပေါင်း (၁၄၃၅)ဦးဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ခရိုင် / မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်လျက်ရှိသည်များကို ရှင်းလင်း တင်ပြပြီး အခမ်းအနား ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
 
မြိတ် ပြန်ဆက်

ပင်လယ်စာစား သတိထား



ပင်လယ်ထွက် အစားအစာ (ပင်လယ်စာ) များအနက် အဆိပ်အတောက် ဖြစ်နိုင်သည့် အစာ မြောက်များစွာ ရှိ၏။ ယခင်က ဆိုလျှင် ပင်လယ်ထွက် အစားအစာများကို ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူ များသာ စားသောက်လေ့ ရှိကြ သဖြင့် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများ အတွက် ပြဿနာဖြစ်ခဲ့၏။  သို့သော် ခေတ်မီ နည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီ ဖြစ်ရာ ပင်လယ်နှင့် ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ် ပေသည်။ ပင်လယ်စာ (Sea Foods)များ ကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စား လာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။


ပြည်ထောင်စု အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း မြိတ်ခရိုင် တိုင်းရင်းသား ရေးရာကော်မတီ ၀င်များ၊ တိုင်းရင်းသား/ သူများ၊ အသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းသည် အဖွဲ့ဝင်များလိုက်ပါလျက် မတ်(၇)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ရောက်ရှိပြီး မြိတ်ခရိုင်၏ တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ တိုင်းရင်း သား/သူများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲအား နေ့လည်(၂)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည်။

Wednesday, March 5, 2014

ထားဝယ်သား တပ်ချုပ်ကြီးသို့ ပေးစာ

ထားဝယ်သား တပ်ချုပ်ကြီးသို့ ပေးစာ

ဗမောင်း |တနင်္သာရီ အပတ်စဉ် အတွဲ ၁ အမှတ် ၃၉ မှ |

တပ်ချုပ်ကြီးခင်ဗျား အာဆီယံနိုင်ငံတွေကို ချစ်ကြည်ရေးခရီးတွေ၊ စံချိန်မီ တပ်မတော် (Standard Army) ဖြစ်ရေး၊ အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး တွေနဲ့ အလုပ်ရှုပ်နေတုန်း ဆိုင်းမဆင့် ဗုံမပါဘဲ ဗမောင်းရဲ့ပေးစာရောက်လာတဲ့ အတွက် စိတ်အနှောင့် အယှက်ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။


မြစ်အော့သား (ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်သား) တပ်ချုပ်ကြီးကို အပူကပ်စရာတွေလည်း များသားဗျ။ အပူကပ်စရာဆိုလို့ ဗမောင်းအတွက် ကားပါမစ် ဘာညာမထင်လိုက်ပါနဲ့ဗျာ။ ကျုပ်တို့ ရွာနားက ရွာသားတွေ၊ မြို့သားတွေ ပြောနေဆိုနေတာ၊ ဆွေးနွေးနေတာကို ပြန်ပြီး ပဲ့တင်ထပ်ပေးချင် တာပါ။

တလောက သမ္မတကြီးရဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲမှာ တပ်ချုပ်ကြီးနဲ့ ထားဝယ်ပါတီက ကိုယ်စားလှယ် တစ်ဦးတွေ့တော့ လိုအပ်တာ ပြောပါလို့ အမှာတော် ပါးလိုက်တယ်ဆိုပဲ။ အဲဒီ ကိုယ်စားလှယ် က ပြန်ဖောက်သည်ချလို့ သိရတာပါ။ ဒီတော့ အရဲစွန့်ပြီး ပြောရတာပေါ့ဗျာ။ နေပြည်တော်နဲ့ ထားဝယ်က ခပ်လှမ်းလှမ်း ဆိုပေမင့် ဒီစာတော့ ရောက်မယ် ထင်ပါရဲ့ဗျာ။

ပြောစရာ တစ်ပုံတစ်ခေါင်းထဲမှာမှ အပြောများဆုံး ဖြစ်တဲ့ ကိစ္စကြီး လေးခုကို ဒီစာလွှာမှာ အဓိက ရေးပါရစေ ခင်ဗျား။

(၁)

ဦးစွာပြောလိုတဲ့ ကိစ္စကတော့ လျှပ်စစ်မီးပါပဲ တပ်ချုပ်ကြီးရေ။
ကြားလို့မှ ကောင်းသေးရဲ့လား သဘာဝဓာတ်ငွေ့ ဖင်ခုထိုင်နေတဲ့ နေရာမှာ လျှပ်စစ် တစ်ယူနစ်ကို အစိုးရဈေးရဲ့ အဆ ၂၀ အထိ ပေးနေရပါတယ်။ ကြားလို့မကောင်းတာ ကောင်းတာ မသိဘူးခင်ဗျ။ သုံးလို့က တော့ လုံးဝ မကောင်းရိုးအမှန်။ တစ်လတစ်လ ကို ရင်တုန်ပန်းတုန်နဲ့ လုပ်ငန်းရှင်ကြီး ငယ်လတ် များ ခမျှာ ဖြတ်သန်းနေရပါတယ်။

မြန်မာနိုင်ငံ တော်တော်များများနေရာတွေမှာ အစိုးရဈေး တစ်ယူနစ် ၃၅ ကျပ် ဖြစ်နေချိန်မှာ ဗမောင်းတို့ တစ်တိုင်းလုံးမှာတော့ သိတော်မူကြတဲ့ အတိုင်းပါပဲ။ ၁၉၉၈ မှာ ကံပေါက်ကနေ ဓာတ်ငွေ့ ထိုင်းကို စရောင်း တယ်။

၂၅ ရာခိုင်နှုန်း မြန်မာပြည်က ရမယ်။ ထားဝယ်ကို ပေးမယ်ဆိုပြီး တိုင်တွေ ထောင်တယ်။ နောက်ပြီးတော့မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ဘယ်လို ခုန်ပျံကျော်လွှား ရောက်သွားမှန်း ဗမောင်းတို့ မသိခဲ့ရိုးအမှန်ပါ။ ပြောနေကြတာကတော့ အဲဒီတုန်းက အဲဒီတုန်းက စေတနာကောင်းလှ ပါချည်ရဲ့ဆိုတဲ့ စစ်အစိုးရ ၀န်ကြီးတစ်ပါးက ထားဝယ်အစား သူပိုင်တဲ့ ဘိလပ်မြေ စက်ရုံကို ပြောင်းသွယ်ခိုင်း လိုက်တယ်ဆိုပဲ။

ကံပေါက် ထားဝယ် ကားလမ်းဘေးမှာ နှစ်ပါးသွားက နေရတဲ့ ဓာတ်ကြိုးမဲ့ မီးတိုင်ရှည်များ အခုထိ တွေ့မြင်နိုင်ပါသေးတယ်။

အဲတပ်ချုပ်ကြီးက လေကြောင်း ကပဲ လာတတ်တာ ဆိုတော့ မြင်ချင်မှ မြင်မှာပေါ့လေ။ နောက်တစ်ခေါက်လာရင် ဆင်းကြည့်ပါဦးလို့ လောဆော်ပါရစေ တပ်ချုပ်ကြီး  ခင်ဗျား။ ဒီမှာ ဆိုစရာရှိလာတာက တိုင်းပြည် အုပ်ချုပ် စီမံရေး ကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဘာဆိုင်လို့လဲဆိုတဲ့ မေးခွန်းပါပဲ။

လင်းပါရစေခင်ဗျား။

ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ တပ်မတော်က တင်သွင်းထားတဲ့ ရွေးကောက်ခံ မဟုတ်တဲ့ ဒုတိယ သမ္မတ တစ်ဦးရှိပါတယ်။ အဲဒီ ဒုတိယ သမ္မတဟာ အခုအခါမှာ သမ္မတ ဦးဆောင်တဲ့ ဘဏ္ဍာရေး ကော်မရှင်မှာ ပြည်ထောင်စု ၀န်ကြီးဌာနတွေကို ကြီးကြပ်ရတဲ့ တာဝန်ယူထားပါတယ်။

ဒီတော့ အဲဒီ တပ်ချုပ်ကြီးတို့ရဲ့ ဒုတိယ သမ္မတက တဆင့် ဗမောင်းတို့ ဒေသ လျှပ်စစ်မီးရအောင် အစီအစဉ် ထည့်ဆွဲ ဘတ်ဂျက် တိုးပေးဖို့ တွန်းအားပေးဖို့ တောင်းဆိုပါရစေ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ပေါ့ဗျာ။

နိုမို့ဆို ဗမောင်းတို့ ဒေသခံများ ခမျှာ သွေးခွဲအုပ်ချုပ်သလို ခံစားရတယ်။ ဟိုမှာက ၃၅ ကျပ် ဒီမှာက ကျပ် ၄၇၀ ကနေ ၇၀၀ အထိဆိုတော့လေ။ နိုင်ငံတော်သီချင်း အစဖြစ်တဲ့ 'တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ' ဆိုပြီး စဆိုဖို့တောင် နင့်ခနဲဖြစ်ဖြစ်သွားတယ်။ အခုက မတရားဘူးကိုဗျ။

(၂)

နောက်တစ်ခုကတော့ အခုတလော သတင်းကြီးနေတဲ့ လယ်ယာမြေကိစ္စပါ။ တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမယ်လို့ ပြောတယ်။ ဧကနဲ့ တကွ တိုင်းနဲ့ ပြည်နယ်တွေမှာ ဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာတယ်။ နောက် ပြည်ထဲရေးကို လွှဲတယ်။ အဲဒီကနေ တဆင့် မူရင်း ပိုင်ရှင်တွေကို ပြန်ပေးဖို့ပေါ့လေ။

အခုတော့ တပ်သိမ်းမြေပြန်ရဖို့ ဘယ်သူ့ကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာတော့ ထွက်လာပါပြီ။ တလောက ရွာဘက်ရောက်တော့ မြေတွေ ပြန်မပေးမီ ရှိတဲ့ အပင်တွေ ရောင်းစား မယ်ဆိုပြီး ကောလာဟလ ထွက်နေတယ်လို့ ရွာသားတွေက ပြောတယ်။

မြေတွေ တပ်ကယူထားတာ အများကြီးဗျ။ နောက်ပြီးခြံတွေကိုလည်း ပတ်စလတ်ခတ်ပဲ ထားထားတာ။ ခြံထဲလည်း ၀င်ကြည့်ပါဦး တပ်ချုပ်ကြီးရေ။

အသိမ်းခံထားရတဲ့ ခြံပိုင်ရှင်တွေကတော့ ရင်တမမနဲ့ မန်းမှုတ်နေရတာပေါ့ဗျာ။ ဆိုတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေးကလည်း တပ်ချုပ်ကြီး လက်အောက်မှာဆိုတော့ ဒါလေးများ ဇာတိအတွက် လှည့်ကြည့်ပါဦးလို့ တောင်းဆိုပါရစေခင်ဗျား။

ဆိုတော့ နောက်တစ်ခေါက်ထားဝယ်လာဖြစ်ရင် ဘုရားထီးတော်ဆီပဲ မဟုတ်ဘဲ မြေပြင်ကိုလည်း ဆင်းလေ့လာ ပါဦး။ ဆင်းလာရင်လည်း တပ်ဆေးခန်းနဲ့တင် မဟုတ်ဘဲ ရွာထဲ ၀င်ကြည့် ပါဦးလို့ တောင်းဆိုပါရစေ။ တပ်နားက ရွာတွေ မြေတွေဘယ်လောက် အဆုံးအပါးများနေလဲ ဆိုတာ။

(၃)

မပြောမပြီးပြန်တဲ့ နောက်တစ်ခုကတော့ ဗမောင်းတို့ဆီရောက်နေတဲ့ နေပြည်တော်က လွှတ်လိုက်တဲ့ အရာရှိများအကြောင်းပါခင်ဗျား။ လက်ရှိအစိုးရ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တယားမှာ အမြင့်ဆုံးနဲ့ အဓိက အာဏာအရှိဆုံးဌာနက ကြီးကြီးမာစတာများ အကြောင်း ပါခင်ဗျား။

ဟိုးခေတ် အဆက်ဆက်ကတည်းက ဗမောင်းတို့ တိုင်းဌာနီဟာ ဗမာပြည်မဘက်ကလာတဲ့ သူတွေ အတွက် ငွေတွင်း ဖြစ်နေခဲ့တာပါ။

မင်းနေပြည်တော်နဲ့ အဆက်ပြတ်တယ်ဆိုပြီး လုပ်ချင်သလိုလုပ်ကြတာပေါ့ဗျာ။ ဒါကြောင့်လည်း ဗမောင်းတို့ ထားဝယ်တွေ ပြောကြတာ။ ဂန်ဆိုရင် ထွက်လည်း ကန် ၀င်လည်း ကန်ဆိုပြီး။ မယုံရင် လမ်းပေါ်က လူများကို အင်တာဗျူးနိုင်ပါတယ် တပ်ချုပ်ကြီးခင်ဗျား။ ကောင်းတဲ့ ဂန်တွေလည်း အများကြီးပါ။ ဒါပေသိ အစိုးရဌာနတွေက ဂန်တွေနဲ့ တပ်က ဂန်အများစုကိုဆိုရင် ရွံကြောက်ဖြစ်နေပါပြီ။

အခုလိုမျိုး သတင်းဆက်သွယ်ရေး မြန်ဆန်တဲ့ခေတ်၊ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ ခေတ်မှာလည်း ဒါမျိုး မကုန်သေးဗျ။ အဲဒီ ဌာနကလူတွေ ပိုတောင်သည်းလာသလိုပဲ။

တိုင်းနဲ့ ပြည်နယ်အစိုးရတွေ ပေါ်လာတော့ သူတို့က အဓိက ကြောရိုးနေရာပေါ့။ အေးဆေးပေါ့ဗျာ။ ဘာလဲ လယ်ထဲမှာ လယ်သမားတွေနဲ့ ပြဿနာဖြစ်တော့ ပြောလိုက်သေးတယ်။ ဘယ်သူပြုတ်ပြုတ် ငါမပြုတ်ဘူးတဲ့။ သူက ရွေးကောက်ပွဲ ၀င်စရာမလို ထာဝရ ထိုင်ခုံနဲ့ ဆိုတဲ့ သဘောပေါ့ဗျာ။

အခုလည်း အသံတွေကြားနေရပြန်ပြီ လာရင်လူချည်းပဲ မလာဘူး။ ကုမ္ပဏီတွေပါခေါ်လာသတဲ့။ ဗမောင်းမှာ ရှိတဲ့ စာရင်းအရ ကုမ္ပဏီနာမည် အနည်းဆုံး သုံးလုံးရှိပါတယ် တပ်ချုပ်ကြီးခင်ဗျား။

ကုမ္ပဏီတွေဘာလို့ ခေါ်လာသလဲ လင်းပါဦးမယ်ခင်ဗျား။ နီးစပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အပြောအရတော့ စီးပွားရေး လုပ်ပိုင်ခွင့်ကို သူခေါ်လာတဲ့ ကုမ္ပဏီတွေကို ချပေး။ သတင်းဦးသတင်းထူးရပြီ၊ စီမံကိန်းဆိုင်ရာ အတွင်းသတင်းတွေ ရပြီဆိုရင် သူ့ကုမ္ပဏီတွေကို အရင်ပြော။ အရပ်စကားနဲ့ ပြောရရင် ဂွင်ဖန်ပေးပေါ့ဗျာ။

ဆိုတော့ အရင် ပဒေသရာဇ်ခေတ်ကလို နယ်မြေကို အပိုင်စားပေးလိုက်သည်လို့ မင်းနေပြည်တော်က အမိန့်နဲ့ လာသလားအောက်မေ့ ရတယ်။ ရောက်လာလိုက်ရင် အားလုံးက ဘယ်လို သွေးစုပ်မယ် ဆိုတာချည်းပဲ။ ဘယ်လို ကောင်းအောင် အလုပ်လုပ်ပေးမယ်ဆိုတာ မျိုးရှိသေးလားလို့ မေးမိတယ်။ ကိုယ့်ကိုယ်ကို မေးတာပါဗျာ။ သူတို့ကို မမေးရဲပါဘူး။

ဒေသခံ လုပ်ငန်းရှင်တွေလည်း ညည်းသံထွက် လာပြီ။ ပြောနေကြ စကားလည်း ရှိလာတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့သူတွေထက်တောင် တန်ခိုးထွားနေတယ်ဆိုပဲ။

ဆိုလိုရင်းပေါ့ဗျာ။ ကျန်တဲ့ သူတွေကို မျက်နှာနာလို့ စကားလုံး အတိအကျတော့ မပြောတော့ပါဘူး။ နောက်ကြုံရင်တော့ တပ်ချုပ်ကြီးကို တင်ပြပါဦးမယ်ခင်ဗျား။

ဒါကြောင့်မို့ ပြည်သူ့အခွန်နဲ့ တိုင်းပြည်ဘဏ္ဍာနဲ့ (တိုင်းပြည်ဘဏ္ဍာဆိုတာ အစိုးရ ဘဏ္ဍာလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ တပ်ချုပ်ကြီးကောင်းကောင်းနားလည်မယ်ထင်ပါတယ်) ပေးထားတဲ့ လစာကိုယူ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုယူ ပြည်သူတွေ၊ တိုင်းရင်းသားဒေသခံတွေကို ပြန်နှိပ်ကွက် ဆိုတဲ့ ခေတ် ကျန်ခဲ့သင့်ပြီထင်ပါတယ် တပ်ချုပ်ကြီးခင်ဗျား။

ဒီတော့ တပ်ချုပ်ကြီးလက်အောက်မှာရှိတဲ့ ၀န်ကြီးဌာနက အရာရှိကြီးများ ထင်တိုင်းကြဲနေတာကိုလည်း တစ်ချက် စုံစမ်းပါဦးခင်ဗျား။ ပြည်သူတွေက ခံရခက်လာရင် တန်ပြန်သက်ရောက်မှုက ပိုဆိုးပါလိမ့်မယ်။

(၄)

စာကလည်း အတော့ကို ရှည်နေပြီဆိုတော့ နံပါတ်လေးခုမြောက်ကို လိုရင်းပဲ ပြောပါရစေ။ ဒါကတော့ တပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စပါ။
ဗမောင်းတို့ရဲ့ အဓိက စီးပွားရေးထဲမှာ ရေလုပ်ငန်းလည်း ပါတယ်ဆိုတာ တပ်ချုပ်ကြီးအသိပါ။ အခုက ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေတွေကိစ္စပါ။

ဥပဒေအရ ကမ်းနီးငါးဖမ်းလှေတွေဟာ ကမ်းခြေကနေ ရေမိုင် ၅ မိုင် အကြားဖမ်းခွင့်ရှိပြီးတော့ ကမ်းဝေးကတော့ အဲဒီရဲ့ အပြင်ဘက် မှာ ဖမ်းခွင့်ပေးထားပါတယ်။

ဒါပေမယ့် ကမ်းဝေးလှေတွေက တစ်နိုင်တစ်ပိုင် လုပ်စားကြတဲ့ ကမ်းနီး အထိလာဖမ်းနေတဲ့ အဖြစ်တွေ တော်တော်များနေပြီ။ ပင်လယ်ကမ်းဝေး သင်္ဘောတွေ ငါးလုဖမ်းတဲ့ အတွက် ငါးအရနည်းလာတဲ့ အပြင်ကို ကမ်းနီးလှေငယ်တွေရဲ့ ပိုက်တွေပါ ချိတ်သွားတော့ အကုန်အဆုံးအပါး များတော့ တာပါပဲ။

အဲဒီကမ်းဝေးလှေတွေက နံပါတ်တွေကို အ၀တ်တွေနဲ့ ဖုံးထား ခပ်ခပ်တည်တည်နဲ့ ၀င်ခိုးဖမ်းတာ။ မြန်မာပြည်မှာ ခပ်တည်တည်ခိုးလို့ရတာတွေထဲက တစ်ခုပေါ့ဗျာ။ ဒါမျိုးကတော့ တစ်ဆိတ်လွန်ပါတယ်။

ရခိုင်ပြည်နယ် ဂွမှာတော့ အဲဒီ ကိစ္စ ကမ်းနီး အလုပ်သမားတွေ ဆန္ဒပြနေပါပြီ။ ဗမောင်းတို့ဆီတော့ မပြသေးဘူးဗျ။ ပြလည်း မထူးဘူး ထင်လို့လားတော့မသိ။

ငါးလုပ်ငန်းကလည်း သူတို့မှာ လှေမရှိ၊ သင်္ဘောကောင်းကောင်းမရှိတော့ မနိုင်ဘူးတဲ့ဗျ။ ရေတပ်က တာဝန်ယူထားတယ်ဆိုပဲ။ သူတို့လည်း ဆီမလောက်တော့ ပိုက်စိတ်တိုက် လိုက်မဖမ်းနိုင်ဘူးနဲ့ တူပါတယ်ဗျာ။

ဆိုတော့ ရေတပ်ကို ကြပ်ကြပ်မတ်မတ်လေး တာဝန်ယူပေးဖို့ တပ်ချုပ်ကြီးပဲ တာဝန်ယူပေးပါဦးဗျာ။

(၅)

တပ်ချုပ်ကြီးခင်ဗျား . . .
ဗမောင်းခေါင်းစားတာကို အခုထိ သည်းခံဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ဗမောင်းတို့လည်း ကိုယ့်နားကလူတွေက အားကိုးမရတော့ ရရာ အစဆွဲ ပြောရတာပေါ့ဗျာ။ အတိုင်အတော ထူတယ်တော့ မသတ်မှတ်ပါနဲ့။ ပြည်သူ့ဝန်ထမ်းဖို့အတွက် အလုပ်နေတာမဟုတ်လား။ ကာချုပ်ကြီးပဲ တလောက ပြောခဲ့တယ်လေ။ ပြည်သူသာ အမိ ပြည်သူသာ အဖတဲ့။
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ တော်မူပါစေ တပ်ချုပ်ကြီးခင်ဗျား။

Monday, March 3, 2014

မြိတ်မြို့တွင် ဘ၀အလင်းရောင် စာဖတ်ခန်း ဖွင့်လှစ်

လူတိုင်းအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်အားမြှင့်တင်ပေးနိုင်ရန် အတွက် မြိတ်မြို့ မြိတ်တောင် နယ်မြေ ဇေယျာသီရိ(၁) ရပ်ကွက်တွင် ဘ၀ အလင်းရောင်စာဖတ်ခန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၂)ရက် နံနက် (၈)နာရီက အဆိုပါ စာဖတ်ခန်းရှေ့တွင် ကျင်းပရာ ရှေးဦးစွာ စာဖတ်ခန်းအား ၀ိသုတာ ရာမကျောင်းတိုက် ဆရာတော်၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်လှလှဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

မြို့မ(၂)ရပ် အေးရိပ်သာကျောင်း ပရ၀ုဒ်အတွင်းတွင် တည်ထား ကိုးကွယ်မည့် လောက ချမ်းသာအေး စေတီတော်မြတ်ကြီးအား တပေါင်းလပြည့်နေ့တွင် ရွှေထီးတော် တင်လှူ ပူဇော်မည်

မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့မ(၂)ရပ် အေးရိပ်သာကျောင်း ပရ၀ုဒ် အတွင်း တွင် တည်ထားကိုးကွယ် မည့် ရွှေတိဂုံစေတီတော် ပုံတူ လောကချမ်းသာအေး စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား တပေါင်း လဆန်း (၁၃)ရက် ညနေ(၅)နာရီတွင် မြို့တွင်းသို့ လှည့်လှည် အပူဇော်ခံမည်ဖြစ်ပြီး တပေါင်း လဆန်း(၁၄)ရက်နှင့် တပေါင်း လပြည့်နေ့တွင် ရွှေထီးတော် တင်လှူ ပူဇော်ပွဲကို စည်ကား သိုက်မြိုက်စွာ မည်ဖြစ်သည်။

Sunday, March 2, 2014

နှစ်ပေါင်း ၅၀ အတွင်း တနင်္သာရီမြို့အသင်း ဘောလုံး ဗိုလ်လုပွဲ တက်ရောက်နိုင်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း (အမျိုးသား ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် ထားဝယ်မြို့နယ် နှင့် တနင်္သာရီမြို့နယ် ဘောလုံးအသင်းတို့ မတ်လ (၁)ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်း၌ ကျင်းပရာ ထားဝယ်မြို့နယ် အသင်းက ၃ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲပြီး တနင်္သာရီမြို့နယ် အသင်းက ဒုတိယဆုရရှိခဲ့သည်။


“တနင်္သာရီအသင်း ကတော့ ဒီနှစ် ထူးထူးခြာခြားပါပဲ။ နှစ်ပေါင်း ၅၀ အတွင်း ဗိုလ်လုပွဲကို ပထမဆုံးရောက်တာ..” ဟု ၀ါရင့်ဘောလုံးသမား တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြို့နယ်မှ ဘောလုံး ပရိသတ် ၂၀၀ဦးခန့်သည်  မော်တော်ယာဉ်၎စီးဖြင့်  ထားဝယ်မြို့သို့ လာရောက် အားပေးခဲ့ကြသည် မှာလည်း တနင်္သာရီ တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျှောက် ထူးခြားမှု တစ်ခုဖြစ်ခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
(12 photos)

Saturday, March 1, 2014

ပြည်ထောင်စု အစိုးရအဖွဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စု အစိုးရအဖွဲ့  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေသည် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆပ်ကော်မတီ ၀င်များ လိုက်ပါလျက် ဖေဖော်ဝါရီ(၂၈) ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသ ကြီး မြိတ်မြို့သို့ ရောက်ရှိပြီး မြိတ်ခရိုင်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သိသာ ထင်ရှားသော အကျိုး ရလဒ်များ ရရှိစေရန် အခက်အခဲရှိနေသည့် ကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး နိုင်ရန် တွေ့ဆုံ ဆွေးနွေးပွဲအား နေ့လည်()နာရီက မြိတ်မြို့ ကျွန်းရတနာ ခန်းမတွင် ကျင်းပသည်။


မြိတ်မြို့နယ်အသင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်း အတွက် စာမူများ ရေးသားပေးပို့နိုင်ပါရန် နိုးဆော်ခြင်း

မြိတ်မြို့နယ် အသင်းကြီးသည် ၁၉၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်  နှစ်တစ်ရာ ပြည့်ခဲ့ပါပြီ။ နှစ်တစ်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကို ထုတ်ဝေပါမည်။ မြိတ် အနွယ်ဝင် နယ်သူ နယ်သားများ ၊ စိတ်ပါဝင်စားသူများမှ ကဏ္ဍအားလုံးနှင့် ပတ်သက်သော စာမူများကို မြိတ်အသင်း (အမှတ်-၆၈၊ လှည်းတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၂၂၄၃၄၀ )သို့ (၃၁-၃-၂၀၁၄) ရက်နေ့ မတိုင်မီ  ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။

(ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ၀တ္ထုတို၊ အခြား စသည်တို့ ပေးပို့နိုင်ပါသည်။)