Friday, September 4, 2015

စိတ်ကြွဆေးပြားနှင့် ဘိန်းစာမှုန့်များ မြိတ်မြို့္ပ၌ ဖမ်းဆီးရမိ

စိတ်ကြွဆေးပြားနှင့် ဘိန်းစာမှုန့်များ မြိတ်မြို့္ပ၌ ဖမ်းဆီးရမိ
၂၀၁၅

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် (၁)နာရီခွဲ အချိန်၌ မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ နယ်မြေ ရဲကင်းများနှင့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူးများ သက်သေများနှင့် အတူ မြိတ်မြို့ ကန်ခေါင်းရပ်ကွက် မြိုင်ဟေ၀န်လမ်း အမှတ် (၄၇၃) ရှိ ကျော်မြင့် (ခ) ဖိုးတွတ်နီ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲနေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းဖြင့် ၀င်ရောက် ရှာဖွေ ဖမ်းဆီးခဲ့သည်။






ထိုသို့ ရှာဖွေ ဖမ်းဆီးရာ၌ ကျော်မြင့် (ခ) ဖိုးတွတ်နီ (အသက် (၃၉)နှစ်၊ (ဘ) ဦးတွားရှင်း (ခ) ဘရွှေ ) အား ၄င်း၏ နေအိမ်အတွင်း အသင့်တွေ့ရှိရပြီး ၄င်း၏ အနီးတွင် စိတ်ကြွဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ပစ္စည်း ကိရိယာများနှင့်အတူ ဒေသပေါက်ဈေးအရ (၁၀)သိန်း (၃)သောင်းကျော် တန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၄)ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြား (၂)ပြားနှင့် ငွေသား (၇၆၀၀၀ိ)အား ဖမ်းဆီးရမိ ခဲ့သည်။
၎င်းအပြင် ဖိုးတွတ်နီ (ခ) ကျော်မြင့်၏ နေအိမ် အတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲနေသည့် ဇင်ကိုအောင် (၂၁)နှစ်၊ (အဘ) ဦးသန်းထွန်း၊ (၁၂)လမ်းထိပ် ၊ နောက်လယ်ရပ်၊ ရဲထက်အောင် (ဘ) ဦးသန်းထွန်း (၁၉)နှစ်၊ (၁၂)လမ်း နောက်လယ်ရပ်၊ မျိုးငွေ (ခ) ကုလားငယ် (ဘ) ဦးစိန်တင် ၊ (၃၁)နှစ်၊ တံတားဦးရပ်၊ နှင့် စွဲမြဲ (၂၀)နှစ် ၊ (ဘ) ဦးသက်အင် (၂၀)နှစ်နှင့် (ဘ) ဦးသက်အင် နောက်လယ်ရပ် နေထိုင်သူတို့အား မူးယစ်ဆေးဝါး သုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ စိတ်ကြွဆေးပြားများ ရောင်းချ သုံးစွဲရာတွင် ဖမ်းဆီးရမိခဲ့သည့် ဖိုးတွတ်နီ (ခ) ကျော်မြင့် အပါအ၀င် (၅) ဦးအား မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ မယ (ပ) ၇၄/ ၂၀၁၅ ၊ မူးစိတ် ပုဒ်မ ၁၅/ ၁၉ (က) / ၂၀ (က) / ၂၁ ဖြင့် အမှု့ဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။
အဆိုပါ မူးယစ် ဆေးဝါး ဖမ်းဆီးရမိသူများ အား စစ်ဆေးချက်များအရ ကွင်းဆက် တရားခံအဖြစ် ဖော်ထုတ်ခဲ့သည့် မြိတ်မြို့ မြစ်ငယ်ကျောင်းလမ်း မြစ်ငယ်ရပ်နေ ကနိုင် (ခ) နိုင်ငယ် (ခ) ထွန်းနိုင်လင်း၏ နေအိမ်အား ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ စက်တင်ဘာလ (၂) ရက်နေ့ ည (၁၀)နာရီခွဲ အချိန်ခန့်တွင် ၀င်ရောက် ရှာဖွေခဲ့ရာ ကနိုင် (ခ) နိုင်ငယ် အား ၄င်း၏ နေအိမ် အိပ်ခန်း အတွင်း၌ အသင့် တွေ့ရှိရပြီး ၄င်း၏ အိပ်ခန်းအတွင်းမှ အလေးချိန် (၆၀) ဂရမ်ပါ ဘိန်းစာမှုန့် တစ်ထုပ်၊ (၅၀) ဂရမ်ပါ ဘိန်းစာမှုန့် တစ်ထုပ်၊ CODE 10 ခေါင်းလိမ်း ဆီဗူး အတွင်း ထည့်ထားသည့် (၁၀) ဂရမ် ရှိ ဘိန်းစာမှုန့် (၁)ဘူး၊ နှင့် စိတ်ကြွ ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာများအား ဖမ်းဆီးရမိခဲ့သည်။

ထိုသု့် ဘိန်းစာမှုန့်နှင့် စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာများနှင့် အတူ ဖမ်းဆီးရမိ ခဲ့သည့် ကနိုင် (ခ) နိုင်ငယ် (ခ) ထွန်းနိုင်လင်း (ဘ) ဦးအေးသောင်း ၊ အသက် (၃၂)နှစ် မြစ်ငယ်ရပ် နေထိုင်သူ အား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ မယ (ပ) ၇၅/ ၂၀၁၅၊ မူး/ စိတ် ပုဒ်မ ၁၅/ ၁၆ (ဂ) / ၂၁ ဖြင့် အမှု့ဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်း ရရှိသည်။

0 comments: