မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, March 31, 2013

မြိတ်မြို့၌ အပတ်စဉ်(၁) ဘက်စုံသားဖွား ဒီပလိုမာသင်တန်း ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ

မြိတ်မြို့ သားဖွား သင်တန်းကျောင်း အပတ်စဉ်(၁) ဘက်စုံသားဖွား ဒီပလိုမာ သင်တန်း ဦးဆောင်း အပ်နှင်းပွဲ အခမ်း အနားကို မတ်လ(၃၁)ရက် နံနက်(၁၀)နာရီတွင် သားဖွား သင်တန်းကျောင်း ခန်း မဆောင်၌ ကျင်းပရာ မြိတ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဆွေဆွေဝင်းက အမှာ စကား ပြောကြားသည်။

ယင်းနောက် သူနာပြု သစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး အပတ်စဉ်(၁) ဘက်စုံ သားဖွားဒီပလိုမာ သင်တန်း သင်တန်းဆင်း ကျောင်းသူများအား တာဝန် ရှိသူများက ဦးဆောင်း အပ်နှင်းကြသည်။ ဆက်လက်၍ သင်တန်း ပထမနှစ် ပထမပိုင်း စာမေးပွဲတွင် ထူးချွန်ဆု ရရှိကြသူများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တာဝန် ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ထိုနောက် သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနား ရုပ်သိမ်း ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသူ(၃၇)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။


၂၀၁၃ခုနှစ် နွေရာသီ ကြက်ခြေနီ လူငယ်လေ့ကျင့်ရေးစခန်းသွင်း သင်တန်းဆင်းပွဲ ကျင်းပ


၂၀၁၃ခုနှစ် နွေရာသီ ကြက်ခြေနီ လူငယ် လေ့ကျင့်ရေး စခန်းသွင်း သင်တန်း ဆင်းပွဲအခမ်း အနားကို မတ်လ(၃၁)ရက် နံနက်(၈)နာရီတွင် အထက(၁)ကျောင်း ခန်းမဆောင်၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။

Saturday, March 30, 2013

သစ်အလုံးလိုက် ပြည်ပ တင်ပို့ခွင့် ရပ်ဆိုင်း

သစ်အလုံးလိုက် ပြည်ပ တင်ပို့ခွင့် ၂၀၁၄ ဧပြီလ (၁) ရက်နေ့မှ စ၍ ရပ်ဆိုင်းမည်



ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ

ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့် အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါ အချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -

မြိတ်မြို့၌ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ  တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း အနားအား မတ်လ (၃၀) ရက်နေ့ နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊ ရပ်ကွက်များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်ခိုင်ဖြိုး ပါတီ၊ NLD ပါတီ၊ တစညပါတီ ၊ (၈၈) မျိုးဆက် စသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြိတ်မြို့နယ် နာရေး ကူညီမှုအသင်း၊ ၀ဋံသက နာရေးကူညီမှု အသင်းတို့မှ အမှုဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၀၀) ကျော်ခန့် တက်ရောက် ကြသည်။ 

Friday, March 29, 2013

မြိတ်မြို့သို့ ဦးခင်ညွန့် လာရောက်သည့် သတင်း မှန်ကန်ခြင်း မရှိ

၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် မြိတ်မြို့သို့ ဦးခင်ညွန့် ( ၀န်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေးမှူး ချုပ်ဟောင်း ) လာရောက် ခဲ့သည် ဆိုသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း သိရှိရသည်။ အဆိုပါသတင်းအား မြိတ်မြို့ သတင်းဆိုက် တစ်ခု ဖြစ်သည့် news of myeik FB page မှ စတင် ဖော်ပြခဲ့ ပြီးနောက် မြိတ်မြို့ တစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။ 

မြိတ်မြို့၌ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (မြိတ်ဘဏ်ခွဲ)ဖွင့်လှစ်



အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (မြိတ်ဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၈)ရက် နံနက် (၉း၃၈)နာရီတွင် အဆိုပါ ဘဏ်ရှေ့၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ပြည်ဖြိုးထွန်း ကုပ္မဏီ ဒါရိုက်တာ ဦးလှသန်းနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဥက္ကဌ ဦးသန်းရီ တို့မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (မြိတ်ဘဏ်ခွဲ)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ဖွင့်လှစ် ပို့ချ



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင် ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မား ရေး သင်တန်း ဖွင့်ပွဲကို မြိတ်မြို့ အထက(၂)ကျောင်း ခန်းမ၌ မတ် ၂၈ ရက် နံနက် ၉ နာရီက ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း တက်ရောက် လာသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ တက်ရောက်ခဲ့ ကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင်  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က အမှာစကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းသည်။ 

Thursday, March 28, 2013

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး ဌာနများ ၊ နိုင်ငံရေး ပါတီများနှင့် အစ္စလာမ် ဘာသာရေး ဆရာများ တွေ့ဆုံ ၊ ဘာသာပေါင်းစုံ ပါဝင်သော ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်မည်

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြိုနယ် အတွင်းရှိ လုံခြုံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အစ္စလာမ် ဘာသာရေး ဆရာများ၊ ဗလီ အသီးသီးမှ ဂေါပက အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ လုံခြုံရေး ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးပွဲအား မြိတ်မြို့ ကန်ခေါင်းရပ် ပုလဲလမ်းရှိ အစ္စလာမ် အိုလမာ ပညာရှင်များ ရုံးတွင် မတ်လ (၂၇) ရက်နေ့ နေ့လည် (၁)နာရီ ခွဲ အချိန်တွင် ပြုလုပ်ခဲ့ရာ အင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

Wednesday, March 27, 2013

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ၊ တပ်မတော် (ကြည်း)၊ (လေ)နှင့် နိုင်ငံရေး ပါတီများ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင် သမိုင်းကြောင်းများ အရ နယ်မြေ အေးချမ်း တည်ငြိမ်ခြင်းးနှင့် ဘာသာ လူမျိုး မခွဲခြားသော မြိတ်သား အဖြစ် ခံယူက အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိခြင်းဆိုသည့် ဂုဏ်ဒြပ်များဖြင့် ဂုဏ်သတင်း ကျော်ဇော ခဲ့သော မြို့ ဖြစ်ပါသည်။ ယခု လက်ရှိ အချိန်ကာလတွင်လည်း မြိတ်မြို့သူ မြို့သား အားလုံးသည် ယခင် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းလျက် နယ်မြေ အေးချမ်းသာယာ တည်ငြိမ်မှုကို လိုလားချက် သိရှိရသည်။

မြိတ်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် နိုးဆော်ချက်



တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင် သမိုင်းကြောင်းများ အရ နယ်မြေ အေးချမ်း တည်ငြိမ်ချင်းနှင့် ဘာသာ လူမျိုး မခွဲခြားသော မြိတ်သား အဖြစ် ခံယူက အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိခြင်းဆိုသည့် ဂုဏ်ဒြပ်များဖြင့် ဂုဏ်သတင်း ကျော်ဇော ခဲ့သော မြို့ ဖြစ်ပါသည်။ 

နိုင်ငံတစ်ဝန်း ကောလာဟလ လေပြင်းတိုက်ခတ်

အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မိတ္ထီလာအဓိကရုဏ်းအပြီး နိုင်ငံအနှံ့ ကောလာဟလနှင့် လှုံ့ဆော်မှုအချို့ ထွက်ပေါ်နေခဲ့ပြီး ပြည်သူများစိုးရိမ်နေကြကာ လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိသည်။ ရန်ကုန်မြို့ရှိ မြို့နယ် အချို့ အပါအ၀င်နေရာအချို့နှင့် လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများကို အခြေခံကာ ကောလာဟလများ မတ်လ ၂၄၊ ၂၅ ရက်တို့တွင် ပျံ့နှံ့ လျက်ရှိသည်။ ယင်းကောလာဟလနှင့် လှုံ့ဆော်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်ရန် လှုံ့ဆော်မှုအပါအ၀င် အကြမ်းဖက်မှုများကို အစွမ်းကုန်တားဆီး ကိုင်တွယ်ဆောင်ရွက်မည်ဟု အစိုးရဘက်မှ မတ်လ ၂၅ ရက်က သတင်းထုတ်ပြန်ခဲ့ သည်။

မတ်လ ၂၄ ရက်၊ ညပိုင်းကလည်း ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းတွင် ကောလာဟလနှင့် လှုံ့ဆော်မှုထွက်ပေါ်လာမှုကြောင့် ၎င်းမြို့နယ်အတွင်းနေထိုင်သူများ အထိတ် တလန့်ဖြစ်ခဲ့ရသည်။

အဆိုပါနေရာသို့ အခြေအနေ ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များ ညတွင်းချင်း လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ရသည်။ ထွက်ပေါ်နေသော ကောလာဟလများမှာ မမှန်ကန်ကြောင်း၊ ဆူပူမှုများမဖြစ်ပွားစေရေးအတွက် လုံခြုံရေးကို အပြည့်အ၀ဆောင်ရွက်နေကြောင်း ယင်းနေရာတွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲအရာရှိက ပြောသည်။

ကောလာဟလအချို့ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သော်လည်း အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သောကြောင့် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လွန်လွန်ကျူးကျူး ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။

Friend ၅၀၀၀ နီးပါးရှိပြီး Follow လုပ်သူ ၁၇၀၀ ကျော်ရှိသည့် “Nay Wai” ဟူသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “ညဥ့်အချိန် တက္ကစီကားများ ဆိုက်ကပ်လာပါက တုတ်၊ ဓားများကို ၀င့်လျှက် ညာသံပေးကာ တစ်လမ်းလုံးသံပြိုင်ညာသံပေးကာ ဟစ်အော်ပါတယ်” ဟု လည်းကောင်း Like လုပ်သူ ၇၆၀၀ နီးပါးရှိသည့် “လူထုမောင်ကာဠု” အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “ယခု မတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ တွင် မင်္ဂလာဈေးနား ဂျေဂျေကာရာအိုကေ ရှေ့နားတွင် အရေးအခင်းဖြစ်နေ” ဟု ဆိုကာအစပြုကာ ရေးသားမှုများပြုလုပ်ခဲ့သည်။

ယင်းရေးသားမှုနှစ်ခုစလုံးမှာ အမှန်တရားမဟုတ်ဘဲ ကောလာဟလများသာဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျအရာရှိက ပြောသည်။

ကောလာဟလများကို ၎င်းတို့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ရေးသားခြင်းအပြင် သတင်းဌာနအချို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ၀င်ရောက်မှတ်ချက်ပေးရာတွင် ကောလာဟလများ၊ အမုန်းပွားစေသည့် မှတ်ချက်ပေးမှုများလည်း ရှိကြောင်း ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများထံမှ သတင်းရရှိသည်။

“ရိုင်းစိုင်းတဲ့ဟာတွေ ပြောတဲ့သူတွေမှာ တူညီတဲ့ ပုံစံအချို့ကို တွေ့ရတယ်။ နာမည်အတု၊ ပုံက အမှန် မဟုတ်တာတွေ၊ သူတို့ပညာ အရည်အချင်းက နိုင်ငံတကာမှာ ကျောင်းတက်နေတာတွေ ရေးထားတာ တူတယ်။ မွေးနေ့ ဆိုလည်း ၁၉၈၂-၁၉၉၄လောက်မှာ ပြထားကြတယ်” ဟု ကမာရွတ် မီဒီယာ၏ ထုတ်လုပ်သူ ဦးနေသန်မောင် က ပြောသည်။

ကောလာဟလနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ၎င်းတို့ သတင်းဌာန၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားမှုကြောင့် တစ်ရက်လျှင် သဘောထားမှတ်ချက် ၂၀ မှ ၃၀ အထိ ဖြုတ်ချပစ် ရကြောင်း ၎င်းက ဆိုသည်။

ရန်ကုန် အပါအ၀င် အချို့မြို့ ကြီးများ၌ ဆူပူမှုကိုဖြစ်ပေါ်စေရန် ကောလာဟလများ ဖြစ်ပေါ်နေမှုအပေါ် မယုံကြည် ကြရန်နှင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရှိရန် တာဝန်ရှိသူများ ၀ိုင်းဝန်းဆောင်ရွက်နေကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“မသင်္ကာတာရှိရင် သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့ကြဖို့၊ မီဒီယာတွေအနေနဲ့လည်း သတင်းရေးသားရာမှာ ပိုပြီး တာဝန်ယူပြီးရေးသားကြဖို့၊ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေကလည်း အချင်းချင်းထိတွေ့ဆက်ဆံပြီး ကောလာဟလကြားရင် ချက်ချင်းဖြေရှင်းဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံ ကဲ့သို့သော နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်ကျရောက်ခဲ့ပြီး ပွင့်လင်း လာသည့် နိုင်ငံရေးဖြစ်စဉ် အကူးအပြောင်း အခြေအနေများတွင် ကောလာဟလများ ထွက်ပေါ်လာတတ်ကြောင်း ၊ အဆိုပါကောလာဟလများကို အစိုးရသာမက မီဒီယာများကလည်း သတိထား ကိုင်တွယ်သင့်ကြောင်း ၊ ဒီမိုကရေစီအသွင် အကူးပြောင်းရေး များကို လေ့လာ သုတေသနပြုနေခဲ့သူ မြန်မာ့ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး ဗဟိုဌာနမှ အပစ်အခတ် ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာ မင်းဇော် ဦးက ပြောသည်။

“ကောလာဟလဆိုတာ မီဒီယာက ရေးပေးလေ သူတို့က ဖွလေပဲ” ဟု ၎င်းက ပြောသည်။ 

ရန်ကုန်မြို့ရှိ ကောလာဟလ အများဆုံးထွက်ပေါ်ခဲ့သည့် မြို့နယ်အချို့တွင် မတ်၂၅ ရက်မှစကာ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ဆိုင်များမဖွင့်ရန် ဒေသန္တရ အမိန့်များထုတ်ပြန်ကာ လုံခြုံရေး တင်းကျပ်ထားခဲ့သည်။

7 Day News
ရန်ကုန်၊ မတ်-၂၅

 

မြိတ်မြို့  လေးကျွန်းဆီမီးစေတီတော်ကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရွှေစင်ရွှေပြား ရွှေဆိုင်း အလှူတော် ရေစက်ချ မင်္ဂလာ အခမ်းအနား ကျင်းပ

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရွှေစင်ရွှေပြား ရွှေဆိုင်းအလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဗုဒ္ဓသာသနာ့ ဗိမာန်တော်၌ မတ် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် သြ၀ါဒစရိယ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေးနှင့် ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တပ်မတော် အရာရှိကြီးများ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့ မိမြို့ ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် လေးကျွန်းဆီမီး စေတီတော်ကြီး ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Tuesday, March 26, 2013

လေယာဉ်ကြီးစီး ခရီးစဉ် မြည်သံစွဲ အင်္လကာတို့နှင့် စည်ကား တည်ရှိနေသော မြို့(သို့မဟုတ်) ပုလဲမြေသို့


သဘာဝ ငှက်အိမ်များ ရှိရာ၊ ဇီဝဇိုး ငှက်အော် သံလေးများ ကမ်းနားလမ်း တစ်လျှောက် ကျယ်လောင်စွာ ပျံ့လွင့်နေတဲ့ မြို့တစ်မြို့ကို ကျွန်တော် ထပ်မံ ရောက်ရှိ ခဲ့ပြန်ပြီ။ ပထမ တစ်ကြိမ်က ဧပြီ ပထမပတ်ရဲ့ ပူပြင်းတဲ့ နွေခါရက် ဖြစ်ပြီး ဒုတိယ အကြိမ်မှာတော့ မိုးအကုန် သီတင်းကျွတ် မတိုင်မီ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဘဏ်တည်ဆောက်ရေး လုပ်ငန်းအတွက် ပထမခရီးစဉ်မှာ Architects အဖွဲ့နဲ့ Design ပုံစံထုတ်ဖို့ Survey ရောက်ရှိခဲ့ရပြီး ဒုတိယ ခရီးစဉ်ကတော့ တည်ဆောက်ရေး အင်ဂျင်နီယာ အဖွဲ့နဲ့ လုပ်ငန်းခွင် စတင်ဖို့ ဒုတိယမ္ပိ ခြေချခွင့် ရရှိခဲ့တဲ့မြို့။

Monday, March 25, 2013

နယ်နိမိတ် မဖြေရှင်း နိုင်သေးသဖြင့် မောတောင် နယ်စပ်ဂိတ် ဖွင့်ရန် ရွှေ့ဆိုင်း


မြန်မာ - ထိုင်းနယ်စပ် ပိုင်နက် ကိစ္စ ဖြေရှင်းရန် ကျန်ရှိနေသေး သောကြောင့် တနင်္သာရီတိုင်း ဒေသကြီး မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်မည့်ရက်ကို အကန့် အသတ် မရှိရွှေ့ဆိုင်း လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ 

မြိတ်မြို့ နောက်လယ် (၆)လမ်း - အိုးလုပ်ပြင် ဘုရားကိုင် ချောင်းကူး တံတား ကျပ် သိန်း (၂၇၀) အကုန် အကျခံ ပြုပြင်မည်


မြိတ်မြို့ နောက်လယ် ရပ်ကွက် (၆)လမ်းနှင့် မြိတ်တောင် နယ်မြေ အိုးလုပ်ပြင် ရပ်ကွက်သို့ ဆက်သွယ် ထားသည့် နောက်လယ် (၆)လမ်း တံတားသည် ယက်မ၊ တိုင်နှင့် ကြမ်းခင်းများ ဆွေးမြေ့ ပျက်စီးနေသဖြင့် အခု အချိန်တွင် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခွင့် မရှိပဲ ဆိုင်ကယ်များသာ ဖြတ်သန်း ခွင့်ပြု ထားသဖြင့် ကုန်စည် စီးဆင်းမှု အခက်အခဲ ဖြစ်ပေါ်ခြင်း၊ အခြား လမ်းများမှ ကွေ့ပတ် သွားလာ နေရသဖြင့် ကုန်ကျစရိတ် များခြင်း တို့ ဖြစ်ပေါ် နေသဖြင့် အမြန်ဆုံး ပြုပြင်ပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်က တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ပြည်သူတို့ ကိုယ်စား တင်ပြ တောင်းဆိုမှု အပေါ် အဆိုပါ တံတားအား ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်း (၂၇၀) အကုန် ကျခံပြီး ပြုပြင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့၏ ပြန်ကြားစာ အရ သိရှိရသည်။

အဆိုပါ ဘုရားကိုင် ချောင်းကူး (၆)လမ်း - အိုးလုပ်ပြင် တံတားသည် အရှည်ပေ (၂၂၀)ပေ၊ အကျယ် (၁၈) ပေ ရှိပြီး ၂၀၀၄ ခုနှစ်တွင် အလှူရှင်များ စုပေါင်း တည်ဆောက်ထားသော တံတား တစ်စင်း ဖြစ်ကြောင်း သိရသည်။ ယခု အချိန်တွင် တံတား ယက်မ၊ တိုင်၊ ကြမ်းခင်းများ ဆွေးမြေ့နေပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာရန် အန္တရာယ် ဖြစ်ပေါ် နေသဖြင့် ဆိုင်ကယ် များသာ သွားလာ ခွင့်ပြုထားကြောင်း သိရှိရသည်။ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် ထိုတံတားအား (၉၅) ပေခန့်အား အသစ် ပြုပြင်ပြီး ကျန်အပိုင်း များမှ ဆွေးမြေ့ ပျက်စီးနေသည့် အခင်း၊ ယက်မ များ ၊ တိုင်များ လှဲလှယ်ခြင်းကို ကျပ်သိန်း (၂၇၀) ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပျက်စီးနေသော မြိတ်မြို့ နောက်လယ် ရပ်ကွက်ရှိ (၆) လမ်း တံတား
 



တနင်္သာရီတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ် ကံမော်ရွာနှင့် စခန်းသစ် ကျေးရွာများသို့ သွားရောက် ဒေသခံများနှင့် တွေ့ဆုံပြီး တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို သည် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ၀န်ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဦးသန်းအောင်၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး နှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများ ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် မြိတ်မြို့မှ ၂၀၁၃ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက် (၆) နာရီအချိန်တွင့် မြိတ်မြို့ ဆိပ်ငယ် ဘောတံတားမှ အမြန်ရေယာဉ်ဖြင့် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ သို့ သွားရောက်ခဲ့ရာ နံနက် (၀၈၀၀) နာရီအချိန် ကံမော်ကျေးရွာသို့ ရောက်ရှိခဲ့သည်။

ထိုနောက် (၀၈၃၀) နာရီ အချိန်တွင် ကံမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကံမော်ကျေးရွာအုပ်စု၊ မဲတော ကျေးရွာအုပ်စု၊ ကော်ဇယာ ကျေးရွာအုပ်စု တို့မှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ၊ လူမှုရေး အသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ နှင့် တွေ့ဆုံ အစည်းအဝေး ပွဲ ကျင်းပပြုလုပ်ခဲ့သည် ။ တွေ့ဆုံပွဲတွင် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များက တင်ပြ လာသည့် ပညာရေး ကိစ္စများ ၊ ကျန်းမာရေး ကိစ္စများ ၊ လမ်းပန်း ဆက်သွယ်ရေး ကိစ္စများအား ပေါင်းစပ် ညှိနှိုင်း  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပြီးနောက် ကံမော် ကျေးရွာမှ တဆင့် စခန်းသစ် ကျေးရွာသို့ သွားရောက်ပြီး နေ့လည် (၁၂၃၀) နာရီအချိန်တွင် စခန်းသစ် ကျေးရွာ အထကကျောင်း အစည်းအဝေး ခန်းမ၌ စခန်းသစ်ကျေးရွာ အုပ်စု၊ တောပြားကျေးရွာ အုပ်စု၊ ကဘင်ကျေးရွာ အုပ်စု တို့မှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ၊ လူမှုရေး အသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ နှင့် တွေ့ဆုံ အစည်းအဝေး ပွဲ ကျင်းပပြုလုပ် ခဲ့သည် ။ တွေ့ဆုံပွဲတွင် တက်ရောက် လာသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များက တင်ပြ လာသည့် ပညာရေး ကိစ္စများ ၊ ကျန်းမာရေး ကိစ္စများ ၊ လမ်းပန်း ဆက်သွယ်ရေး ကိစ္စများအား ပေါင်းစပ် ညှိနှိုင်း  ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲတွင် ဒေသခံများက ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး၊ ရွာတွင်းလမ်းများ ဖောက်လုပ်ရေး အတွက် ပံ့ပိုးကူညီ ပေးပါရန် အဓိက ဆွေးနွေး တင်ပြခဲ့ပြီး တိုင်းဝန်ကြီးချုပ် ကလည်း တင်ပြချက်များ အားလုံးအား ပံ့ပိုးကူညီ ဆောင်ရွက်ပေးဟု ကတိပေး ခဲ့ကြောင်း သတင်း ရရှိသည်။



Saturday, March 23, 2013

နှစ်(၃၀)အတွင်း တနင်္သာရီ ကမ်းရိုးတန်း၌ ငါးဖမ်းဆီး ရရှိမှုနှုန်း(၈)ပုံ (၁)ပုံ ခန့် ကျဆင်း

တနင်္သာရီ ကမ်းရိုးတန်း ဒေသ အတွင်း စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများနှင့် နှစ်စဉ် ငါးမဖမ်းရ နယ်မြေ ခွဲဝေ သတ်မှတ်မှု၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ်မှု များကြောင့် ပင်လယ် ပြင်လုံခြုံရေးမရှိဘဲ နှစ်(၃၀)အတွင်း ငါးအထွက်နှုန်း သိသိသာသာ လျော့ကျ သွားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။ ၁၉၇၉-၈၀ ခုနှစ်က တနင်္သာရီ ကမ်းရိုးတန်း၌ ငါးဖမ်းဆီး ရရှိမှုနှုန်းမှာ (၆၀၀) ဖစ်ဂါနှုန်း ကျော်ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဖမ်းဆီး ရရှိမှု ကုန်ချိန် (၈၉.၇၀) ဖစ်ဂါနှုန်း ခန့်ရှိခဲ့ သော်လည်း ၂၀၁၂ခုနှစ်၌ (၇၀)ဖစ် ဂါနှုန်း ခန့်သာ ရှိတော့၍ ယခင်နှစ်များကထက် (၈)ပုံ (၁) ပုံ ခန့် ဖမ်းဆီးရရှိမှုနှုန်း ကျဆင်း ခဲ့ခြင်း ဖြစ်သည်။

“မမှန်မကန် ငါးဖမ်း စနစ်တွေနဲ့ ဖမ်းနေတော့ ငါးထွက်တဲ့ အရေအတွက် ကလည်း နည်းသွားတယ်။ ရတဲ့ ငါးကလည်း အရွယ်အစား သေးသွားတယ်။ နိုင်ငံတော်က ပင်လယ်ပြင် လုံခြုံရေးကို အပြည့်အ၀ တာဝန် ယူနိုင်မှ ငါးမဖမ်းရ နယ်မြေနဲ့ အချိန်ကို လုပ်သင့်တယ်။ ပြည်ပကို ငါးမဖမ်းဖို့ ပိတ်ထားပေမယ့် ပြည်တွင်းက ပိုဖမ်းချင်တယ်။ လာဘ်ပေး လာဘ်ယူ ကိစ္စတွေ ရှိလာတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးဖမ်းဆီး ရရှိနှုန်း ကျဆင်း သွားရခြင်းမှာ နှစ်စဉ် ငါးမဖမ်းရနယ်မြေ၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ်မှု များကြောင့် လည်းကောင်း၊ ငါးခိုးဖမ်း လှေများမှာ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းဖြင့် ငါးခိုးဖမ်းမှုများ ရှိလာခြင်းနှင့် ငါးခိုးဖမ်းရာတွင် ဘုံဝန်း (ချုံချ ဗေဒါမွေး၍ ငါးဖမ်းခြင်း) ငါးဖမ်းနည်း စနစ်များကြောင့် ဖြစ်ကြောင်း သိရ သည်။

"အခုဆို ဈေးကွက်ထဲမှာ ငါးမရလို့ အော်နေ ကြတယ်။ ပြည်ပက ရာသီ ဥတုကြောင့် မြန်မာ နိုင်ငံ ငါးသယံ ဇာတက ရှားပါးလာတယ်။ ဒါ့အပြင် အဓိက ဖြစ်နေတာက ဆင်ပိုက်၊ ကျားပိုက်နဲ့ ထောင် လို့ဖြစ်ရတာ။ ငါးစားမယ့် အစာကို ဆင်ပိုက်၊ကျားပိုက်က စားလိုက် သလို ဖြစ်နေတော့ ငါးကြီးထွားမှုနှုန်း ကလည်း ဆုံးရှုံးတယ်။ တိုင်းရင်းသား လုပ်ငန်း ရှင်တွေကို ပိတ်လိုက်ရင် သယံဇာ ထိန်းသိမ်းရေးက အကျိုး သက်ရောက်မှု ရှိသွားနိုင်ပေမယ့် နိုင်ငံတော် က လုပ်ရမယ့် အချက်တွေက ပိုအရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ် လိုပါက ပင်လယ်ပြင် လုံခြုံရေး ရှိရန် လိုအပ်ကြောင်း၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းအောင် လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ခိုးဖမ်းလှေများမှ ဖမ်းပေးသူများကို ကော်မရှင် ရာနှုန်း အလိုက် ပေးသည့် စနစ် ပြန်လည် ကျင့်သုံးရန် လိုအပ်ကြောင်း၊ ၄င်းအချက်များကို နိုင်ငံတော် က ပြုလုပ်ပြီးမှသာ ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရ ရာသီ ပိတ်သင့် သည်ဟု လုပ်ငန်းရှင် အချို့က အကြံပြု ပြောဆိုသည်။

“တိုင်းရင်းသား လုပ်ငန်းရှင်တွေ ကိုတော့ မဖမ်းရ ဆိုပြီး ပိတ်လိုက် ပေမယ့် ငါးခိုးလှေတွေ ဘယ်လောက် များများ လာဖမ်းနေလဲ ဆိုတာ ပို အရေးကြီး တယ်။ ငါးခိုးတဲ့ သူတွေက လှိုင်း ဘယ်လောက် ကြီးကြီး ခိုးနိုင်တယ်။ ခိုးတတ်တယ်။ လုံခြုံရေးကို ထိထိ ရောက်ရောက် လုပ်ပေးရမယ်။ လာဘ်ပေး လာဘ်ယူ မရှိရ ဘူး။ အရင်ကဆိုရင် ငါးခိုးဖမ်း လှေတွေကို ဖမ်းတဲ့ သူတွေ ရှိတယ်။ ငါးလှေ တစ်စီး ဖမ်းရင် တန်ဖိုးရဲ့ ဘယ်လောက်ကို သူတို့ ရတယ် အဲ့ဒီ စနစ် ကိုလည်း ပြန်ကျင့်သုံးဖို့ လိုပါတယ်”ဟု ရေထွက် ပစ္စည်းနှင့် ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။

မြန်မာ့ တနင်္သာရီ ကမ်းရိုး တန်းမှာ မီတာ (၂၈၀၀)ကျော် ရှည်လျား၍ နှစ်စဉ် ဧပြီ၊မေ လလယ် လောက် ပိုင်းမှစ၍ စက်တင်ဘာ လလယ် လောက် အထိ ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်း ရရာသီ (closed season, closed area)သတ်မှတ် ထားပြီး အဆိုပါ ကာလ၌ ငါးဖမ်းလှေ တန်တစ်ရာအောက် ထွက်ခွင့်မပြုဘဲ တန်တစ်ရာ အထက် လှေများကိုသာ ထွက်ခွင့်ပြု ထားကြောင်း သိရှိ ရသည်။

သဘာဝ ရေပြင်မှ ဖမ်းဆီးသည့် ငါးပုစွန် များရှားပါး လာမှုကြောင့် ထုတ်လုပ်မှု အားနည်း ကာ ၀ယ်လိုအားများ လျက်ရှိပြီး ငါးမြစ်ချင်း ဈေးမှာ တစ်ပိဿာလျှင် (၁၈၇၅-၂၅၀၀) ကျပ်ဖြင့် ရောင်းချ နေသော်လည်း အကောင် အကြီး အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် ၂၅ကျပ် နှုန်းခန့် ဈေးတက်လာခဲ့ကြောင်း ဗဟိုစံပြငါးဈေးက သိရှိရသည်။

Myit Makha Mediagroup Friday, 22 March 2013



Friday, March 22, 2013

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဖွင့်လှစ်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၂)ရက် နံနက်(၉)နာရီတွင် ကျွန်းရတနာ ခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။ အဆိုပါသင်တန်းကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၃၄)ဦး တက်ရောက် ကြပြီး သင်တန်း ကာလမှာ(၃)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ - မြိတ်ခရိုင် ပြန်/ဆက်
 

မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၂)ဆင်းပွဲ ကျင်းပ


နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀ လုံခြုံမှုရှိရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာ များ တတ်မြောက် စေရေး၊ တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် အသက်မွေး ၀မ်းကြောင်းပြုပြီး မိသားစု စီးပွား ရေးဘ၀ တိုးတက် မြင့်မားစေရေး အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၃၃) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၂) ဆင်းပွဲ အခမ်းအနားကို မတ်လ(၂၂)ရက် နံနက်(၇း၃၀) နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းကျောင်း  ကျောင်းအုပ် ဒေါ်ယုယုကြည်က သင်တန်းနှင့် ပတ်သက်၌ အစီရင်ခံတင်ပြသည်။ ဆက်လက်၍ သင်တန်း ထူးချွန်ဆုရရှိသူများအား တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးမှ ပေးအပ်ချီးမြင့်သည်။ ထိုနောက် သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။

အခမ်းအနား အပြီးတွင် တက်ရောက်လာ ကြသူများက သင်တန်းဆင်း ကျောင်းသူများ၏ လက်ရာများကို ကြည့်ရှု အားပေး ကြသည်။ အဆိုပါ သင်တန်းကို  သင်တန်းသူ (၅၅)ဦး တက်ရောက် ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ(၁၄)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။ 

သတင်းနှင့် ဓာတ်ပုံ - မြိတ်ခရိုင် ပြန်/ဆက်       



လေးကျွန်းဆီမီး စေတီတော်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းနိုင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီး စေတီတော်ကြီး ၏ ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၇ ရက်အထိ ခုနှစ်ရက် တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ပွဲတော် နောက်ဆုံးရက် မတ် ၂၇ ရက် (၁၃၇၄ ခုနှစ် ၊ တပေါင်း လပြည့်ကျော် ၁ ရက်) ညနေ ၄နာရီတွင် သြ၀ါဒါ စရိယ ဆရာတော်ကြီး ခုနှစ်ပါး အား အမှူးထား၍ ဆရာတော်များ အပါအ၀င် သံဃာတော် များနှင့် သီလရှင် စုစုပေါင်း ၁၁၅ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ တွင် ဆန်နှင့် အခြားပစ္စည်းများ လောင်းလှူ နိုင်ရန် စီစဉ်ထားပါ သဖြင့် မိသားစု အလိုက် ၊ ရပ်ကွက်အလိုက် ၊ အသင်းအဖွဲ့ အလိုက် သော်လည်းကောင်း ၊ ရုံးဌာန အလိုက် သော်လည်းကောင်း ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။ ဆွမ်းဆန်စိမ်း ဆက်ကပ် လှူဒါန်းလိုသူ ရုံး/ဌာန ဆိုင်ရာ အသီးသီးမှ ၀န်ထမ်းများ အနေဖြင့် လှူဒါန်း လိုသည့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ နေရာ များသို့ မတ် ၂၆ ရက် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း လေးကျွန်း ဆီမီး စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ရုံးမှ နိုးဆော်ထားကာ မြိတ်မြို့ လေးကျွန်း စေတီတော်ကြီး ဂေါပကအဖွဲ့ရုံး ဖုန်း-၀၅၉၄၁၁၁၆ တွင် ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိ ရသည်။


မြိတ်မြို့၌ လျှပ်စစ် အန္တရာယ် ကင်းဝေးရေး လျှပ်စစ်မီးကြိုး အသစ်လဲလှယ် တပ်ဆင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ပေါ် ရပ်ကွက်နေ ပြည်သူများ လျှပ်စစ် ဓာတ်အား လျော့နည်း ပျောက်ဆုံးမှု မရှိစေရေးနှင့် လျှပ်စစ် အန္တရာယ် ကင်းဝေးရန် အတွက် ပင်မ လျှပ်စစ် ကြိုးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ပင်မကြိုးလိုင်းမှ နေအိမ်များသို့ သွယ်တန်း ထားသည့် လျှပ်စစ် မီးကြိုးဟောင်းများ အသစ်ပြန်လည် လဲလှယ် တပ်ဆင် သွယ်တန်းခြင်း လုပ်ငန်းများ အပြင် ဟောင်းနွမ်းဆွေးမြည့် နေသည့် သစ်သား ဓာတ်မီး တိုင်နှင့် သံဓာတ်မီး တိုင်များအစား ကွန်ကရစ် လျှပ်စစ် မီးတိုင်များ စိုက်ထူခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေပုန်းရပ်ကွက် စပါးရွှေဝါ လမ်းတစ်လျှောက်၌ ကွန်ကရစ် လျှပ်စစ် မီးတိုင် ၃၇ တိုင် စိုက်ထူပြီး လျှပ်စစ်မီးကြိုး အသစ်လဲလှယ် တပ်ဆင်ခြင်း လုပ်ငန်းများ ကို မတ် ၁၉ ရက်က မြို့နယ် လျှပ်စစ်ရုံး လျှပ်စစ် ကျွမ်းကျင် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Wednesday, March 20, 2013

ဘင်္ဂါလီလူမျိုး (၈) ဦးအား ထပ်မံ ဖမ်းမိ

ယနေ့ ၂၀၁၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၊ (၁၂း၂၀)အချိန်ခန့်တွင် ဘင်္ဂလီ (၈)ဦးအား ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် အရ ထပ်မံ ဖမ်းဆီးမိခဲ့ရာ စုစုပေါင်း ဘင်္ဂလားဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၈၆) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။  မတ်လ (၂၀)ရက်နေ့၊ (၁၂း၂၀)အချိန်ခန့်တွင် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ---- လမ်းနေသူ ဦး ----- ၊ မွတ်ဆလင်/ အစ္စလာမ်၊ ------ လုပ်ငန်း လုပ်ကိုင်သူမှ အောက်ပါ ဘင်္ဂလီ ကျား (၈)ဦး အား မြိတ်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရှိ ရပါသည်။ ယနေ့ ထပ်မံ ဖမ်းဆီးရမိသော ဘင်္ဂလီ (၈)ဦးမှာ- (၁) နိုရိုဆာလာ (၆၀)နှစ် ၊ (၂) အာမေဟူစွန်း (၄၅)နှစ်၊ (၃) ဂါလေအာ (၂၄)နှစ်၊ (၄) ဆိုလီမိုလာ (၂၃)နှစ်၊ (၅) အီမန်ဟူစိန် (၂၂)နှစ်၊ (၆) အဒူရိုနီ (၁၉)နှစ်၊ (၇) ဆောလမန်း (၁၇)နှစ်၊ (၈) မာမွတ်ရော်ဟင်း (၁၆)နှစ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ 

မြိတ်ခရိုင်လ၀ကရုံးတွင် တွေ့ရှိရသော ဖမ်းဆီးရမိ ဘင်္ဂါလီများ





ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ

ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။  ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း ဘင်္ဂါလီများ အများ အပြား ရောက်ရှိနေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးရာတွင် ဘင်္ဂါလီ (၅၃) ဦးအား လည်းကောင်း၊ နေ့လည်ပိုင်းတွင် စန္ဒ၀တ်ကျေးရွာအုပ်စု ကျွဲကူးရွာ မြေပေါ် လွန်းကျင်းတွင် ဘင်္ဂါလီ (၁၀) ဦးခန့်အား လည်းကောင်း၊ အခြား နေရာများမှ (၈) ဦး စုစုပေါင်း (၇၁) ဦးအား ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးချက်အရ ဘင်္ဂါလီများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် ခရိုင် မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ ) ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြိတ်မြို့နယ်အတွင်း လိုက်လုံ ရှာဖွေ ခဲ့ကြရာ မတ်လ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်တွင် မြိတ်မြို့ မဇော ကျေးရွာအုပ်စု ရှမ်းထိန်ကျေးရွာ အနီး ချောင်းကမ်းစပ် ဓနိတောများ အတွင်းမှ ဘင်္ဂါလီ အမျိုးသမီး (၈) ဦးအား လည်းကောင်း၊ ၄င်းတို့ စီးနင်း အသုံးပြုခဲ့သည့် အလျား (၅၀) ပေ ၊ အနံ (၁၂) ပေ အရွယ်ရှိ သစ်သားလှေ တစ်စီးအား မြင်းကောင်ရေ (၂၅) ကောင် တရုတ်အင်ဂျင်စက် (၂) လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုသို့ ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ဖမ်းဆီးရမိပြီးနောက် စစ်ဆေးချက်များ အရ ထပ်မံ ကျန်ရှိသေးကြောင်း သတင်းရသဖြင့် တာဝန်ရှိသူများက ရှာဖွေ ဖမ်းဆီး လျက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ကလည်း မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီ လူမျိုး (၆၅) ဦးခန့်အား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင် ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေ ပေးပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် သွားရောက်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် မြိတ်မြို့သို့ ရောက်ရှိ လာခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်





 ဓာတ်ပုံ -  zaw zaw myeik

ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များအား ကြပ်မတ် ပေးစေချင် (ပေးစာ )

ထားဝယ်- မြိတ်- ကော့သောင်း  ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များသည် ရေကြောင်း ဦးစီးဌါနမှ သတ်မှတ် ခွင့်ပြု ထားသည့် ခရီးသည် အရေအတွက်ထက် များစွာ ပိုမို တင်ဆောင်ခြင်းကြောင့် ခရီးသည်များ ထိုင်ခုံနေရာ မရဘဲ အမြန်ယာဉ် အမိုးပေါ် တက်စီးရခြင်း၊ လှေခါးများ၊ အိမ်သာ တံခါးဝ များတွင် ဖြစ်သလို ထိုင်စီးရခြင်းများ အပြင် ခရီးသည်များအား အမြန် ရေယာဉ် ပိုင်ရှင်များ၊ အမြန်ရေယာဉ် အလုပ်သမားများမှ ရိုင်းစိုင်းစွာ ပြုမူ ပြောဆို ဆက်ဆံခြင်း များ ပြုလုပ်လျက် ရှိရာ ခရီးသည်များ အနေဖြင့် တန်ရာ တန်ဖိုး အခကြေးငွေ ပေးပြီး စီးနင်းသော်လည်း များစွာ အောက်ကျ နောက်ကျ ဖြစ်ရပါသည်။

ထို့အပြင် မြိတ်မြို့ ဆိပ်ငယ် ဘောတံတား တွင်လည်း အမြန်ရေယာဉ်ပေါ် အတက်တွင် လည်းကောင်း ၊ အဆင်း တွင်လည်းကောင်း ထိုင်ခုံနေရာ ရရှိရေး အတွက် တိုးဝှေ့ တက်ဆင်းမှုများ ဆောင်ရွက်နေရသည့် အတွက် ဘောတံတားမှ ရေထဲ ပြုတ်ကျနိုင်သည့် အခြေအနေ ရှိပါသည်။ မော်တော်ဆိုင်ကယ် တက္ကစီသမားများ ကလည်း အမြန်ယာဉ် အပေါက်ဝတွင် ပိတ်ပြီး ခရီးသည်များ အလုအယက် ခေါ်ခြင်း၊ ပစ္စည်းများ အတင်း ဆွဲယူခြင်း များကြောင့် ပစ္စည်းများ ပျောက်ဆုံးမှုများ ဖြစ်ပေါ် နေပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာမှ လိုအပ်သလို ကြပ်မတ် ပြုပြင် စစ်ဆေး ပေးပါရန် တင်ပြအပ်ပါသည်။


Tuesday, March 19, 2013

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒီရေတောများအတွင်း ဂဏန်းမျိုး စိုက်ထည့်


တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ ဒီရေတောများ အတွင်း ဂဏန်းမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ၂၀၁၃ခုနှစ် မတ်လ (၁၆)ရက် နေ့လည် (၁)နာရီတွင် ကျွန်းစုမြို့ဆိပ်ကမ်းတွင် ကျင်းပသည်။ အဆိုပါ ဒီရေတော ဂဏန်းမျိုး အကောင် (၃၀၀၀၀)အား တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာ ညွန့်ဝေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက ကျွန်းစုမြို့ဆိပ်ကမ်းမှ ပင်လယ် အတွင်းသို့ တပျော်တပါး လွှတ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။

သတင်းနှင့် ဓါတ်ပုံ - မြိတ်ခရိုင် ပြန်/ဆက်


ကျွန်းစုမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ခုနှစ် မတ်လ (၁၈)ရက် နံနက် (၈း၃၀)နာရီတွင် ကျွန်းရတနာခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အမှာစကားပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။ အဆိုပါသင်တန်းကို ရပ်ကွက်/ ကျေးရွာအုပ်စု စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၃)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။

Monday, March 18, 2013

ဈေးတန်းရပ် အမိုးရေတွင်းလမ်း ရန်ပွဲ ဖြေရှင်းပေးသူများအား ပြန်လည်ရန်ပြု



၂၀၁၃ ခုနှစ် မတ်လ (၁၇) ရက်နေ့ ည (၉း၃၀) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ဈေးတန်းရပ် အမိုးရေတွင်းလမ်း နေ ဦးသန့်ဇင် နှင် ဒေါ်………. (ရှေ့နေ့ )တို့၏ သားဖြစ်သူ ဖြိုးသန့်စင်ပါ (၃) ဦးနှင့် အမည်မသိ လူငယ်များ သည် ဓား၊ တုတ်များဖြင့် ရန်ပွဲ ဖြစ်ပွားရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်လူကြီးများက ၀ိုင်းဝန်း ဖြန်ဖြေ သော်လည်း မောင်ဖြိုးသန့်စင် ပါ (၃) ဦးတို့မှ ဖြန်ဖြေသူ လူကြီးများအား ပြန်လည် ရန်ပြုသောကြောင့် ဖြန်ဖြေသူများ ထွက်ပြေးခဲ့ ရကြောင်း သတင်းရရှိပါသည်။

တောင်းရှည် တံတား ဆိုင်ကယ်၊ ကားဖြတ်သန်းခများ အဆမတန် ကောက်ခံနေ

မြိတ်မြို့နယ် တောင်းရှည်ကျေးရွာအုပ်စု၊ တညက် ကျေးရွာအုပ်စု၊ နန်းတော်ရာကျေးရွာ အုပ်စုသို့ သွားသော လမ်းဆုံတွင် ဦးဘအင်(တောင်းရှည်တံတား) တံတား တစ်စင်းရှိပါသည်။ တံတားမှာ ပုံပါအတိုင်း တောထန်းပင်ကြီး များဖြင့် တည်ဆောက်ထားသော ခိုင်မာမှု ၊ကြံ့ခိုင်မှု အားနည်းသော တံတားဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းတံတားမှ ဖြတ်သန်းပြီး တံတားအဆုံးတွင် ၀ါးလုံးတန်း ထိုးပြီး တံတားကြေး ကောက်ခံနေ ပါသည်။ ဆိုင်ကယ် တစ်စီးလျှင် အသွားအပြန် 600ကျပ်၊ ကားတစ်စီးလျှင် အသွားအပြန် 8000ကျပ် ဆိုပြီး အဆမတန် ကောက်ခံနေကြောင်း သိရှိရပါသည်။ ဖြတ်ပိုင်းလဲ မပေးပါ၊ မရှိပါ။ ဒါကို ဘယ်သူက ကောက်ခံနေပါ သလဲ၊ တံတားမှာ အစိုးရပိုင်မဟုတ်ကြောင်း၊ ပိုင်ရှင် ရှိကြောင်း၊ ပိုင်ရှင်အမည်မှာ ဦးဘအင်(တပ်တောင်ကျေးရွာ) ပိုင်ဖြစ်ကြောင်း ပြောလာပါသည်။ ထို့နောက် တောင်းညိုကျေးရွာရှိ ရွာသားများအား မေးမြန်းကြည့်ရာ ယခင်ကတံတားကြေးမှာ ဆိုင်ကယ် တစ်စီးလျှင် အသွားအပြန်1000ကျပ်။ ကားတစ်စီးလျှင်10000ကျပ်ကောက်ခံသည့် အတွက် တောင်းရှည် ကျေးရွာအုပ်စု NLDမှ လိုက်လံကူညီပြီး နောက်တွင်ထို့ကဲ့သို့ ဈေးကျသွားကြောင်း ထပ်မံ သိရှိရပါသည်။

၎င်းတံတား ပိုင်ရှင်ဖြစ်သူ ဦးဘအင်သည် ကား၃စီး ၀ယ်ပြီး မြိတ်သို့ ဆွဲနေကြောင်း၊ ၄င်းရွာများသို့ အပြင်မှ ကားများ မလာနိုင်ကြောင်း၊ တံတားကြေး ပေးဆောင် နေရသောကြောင့် အခြားကားများ ၀င်ရောက်ဆွဲရန် မကိုက်ကြောင်း သိရှိရ ပါသည်။ ထိုလမ်းမှ ဖြတ်သန်း နေရသော ရွာသားများကလဲ အတော်အတန် ဒုက္ခ ရောက်ရှိ နေကြောင်း ၊၄င်းတို့၏ အခက်အခဲနှင့် ၄င်းတံတား၏ ရာဇ၀င်အား သိရှိရပါသည်။

ယခုခေတ်တွင် နိုင်ငံတော်သည် ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးကို သွားနေသည့် အတွက် ထိုကဲ့သို့ မတရားမှုမျိုးကို လက်သင့် မခံသင့်ပေ၊ ၄င်းတံတား၏ တစ်နေ့တာဝင်ငွေမှာ385000 ရကြောင်း သိရပါသည်။ တစ်လလျှင် ငွေသိန်းတစ်ရာကျော် အမြတ်စွန်းရရှိနေသော အင်မတန်တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုလဲ ဖြစ်နေပါသည်။

တံတား ပိုင်ရှင်ဟု ဆိုသော ဦးဘအင်သည် ၄င်းတံတားကို ဟိုး ယခင်10 နှစ်ခန့်က ကျေးရွာ အုပ်ချုပ်ရေးမှုးဆီမှ ရယူထားသည်ကို လည်းကောင်း၊ ထိုဒေသများအတွက် လမ်းပင်ပြု လုပ်ပေးခြင်း မ၇ှိကြောင်း၊ တံတားကိုလဲ ခိုင်မာ အောင်ပြုပြင် ထားခြင်း မရှိကြောင်း မျက်မြင်တွေ့ရှိခဲ့ရ ပါသည်။ ယခု ခေတ်ကာလတွင် KNU၊ ဗကပ၊ စသော သူပုန်များပင် မကောက်ခံမပြုလုပ်တော့သော အခြေအနေတွင် ၄င်းကပြောင်ပြောင်တင်းတင်းပင် ၀ါးလုံးထိုးပြီး အေးဓမြတိုက်နေခြင်းသည် သက်ဆိုင်ရာဒေသအတွင်း၇ှိ အုပ်ချုပ်သူ အစိုးရကို စိန်ခေါ်နေသောဖြစ်ရပ်၊ တရားဥပဒေမစိုးမိုးသော ကိစ္စရပ်ဖြစ်ပါသည်။

ဒေသ၏ ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ အနှောင့် အယှက်ပြုနေသော လုပ်ရပ်ဖြစ်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး အရေးယူပေး ပါရန် တောင်းဆို အပ်ပါသည်။

micalkyi



Sunday, March 17, 2013

နွေရာသီ ဗုဒ္ဒယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

မြိတ်ခရိုင် ဗုဒ္ဒတက္ကသိုလ် သံဃာတော်များ ဦးစီး တည်ထောင်သော ဗုဒ္ဒ ယဉ်ကျေးမှု ပြန့်ပွားရေး အသင်း၏ နွေရာသီ ဗုဒ္ဒ ယဉ်ကျေး လိမ္မာနှင့် အင်္ဂလိပ်စာ သင်တန်းကို မတ်လ(၁၆) ရက်တွင် ကလွင် အရှေ့ကျောင်းတိုက် အောင်တော်မူ မိုးကုတ် ဓမ္မရိပ်သာ ကျောင်းတိုက်၌ စတင် ဖွင့်လှစ်သည်။ သင်တန်းကို ကလွင် အရှေ့ ကျောင်းတိုက်     ဆရာတော် ဘဒ္ဒန္တ ကုမာရ ဦးစီး၍ သင်တန်း သင်ကြားပို့ချ ပေးသော သံဃာတော် (၁၅)ပါးဖြင့် ဗုဒ္ဒယဉ်ကျေး လိမ္မာ သင်တန်းကို တန်းခွဲ(၃)တန်း (ပထမတန်းမှ တတိယ တန်း၊ စတုတ္ထတန်းမှ ဆဌမတန်း၊ သတ္တမတန်းမှ န၀မတန်း) အား နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီထိ၊ နေ့လည် (၁)နာရီမှ ညနေ(၅)နာရီထိ သင်ကြား ပို့ချ ပေးသွားမည်ဖြစ်ပြီး နေ့လည်(၁၂)နာရီမှ (၁)နာရီ အချိန်တွင် အင်္ဂလိပ်စာ သင်တန်းအား သင်ကြား ပေးသွားမည်ဖြစ်သည်။

ငါးဖမ်းစဉ် ငါးပြေမ လည်ချောင်းထဲ ၀င်ပြီး သေဆုံး

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လော ကျေးရွာအုပ်စု ဘန်လင်ကျေးရွာနေ ဦးမြင့်တင် (ခ) နောင်အ (ဘ) ဦးထွန်းသွေ ၊ အသက် (၄၅) နှစ်သည် မတ်လ (၁၅) ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် ဘန်လော ကျေးရွာ အနီး မြစ်အတွင်း ပိုက်ချ ငါးဖမ်း၍ ပိုက်ဖော်စဉ် ငါးပြေမ တစ်ကောင်အား မိပြီး ပါးစပ်ဖြင့် ကိုက်ကာ နောက်တစ်ကောင်အား ပိုက်မှ ဖြုတ်ယူချိန်၌ ပါးစပ်တွင် ကိုက်ထားသော ငါးပြေမ လည်ချောင်းထဲ တိုးဝင်ပြီး အသက်ရှုပိတ်ကာ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့ NLD လူငယ် ဆင့်ပွား သင်တန်း ဆင်းပွဲ ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြိတ်မြိုနယ်၊ လူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ်(၃) သင်တန်း ဆင်းပွဲအား ၁၆.၃.၂၀၁၃ရက်နေ့ ည၆နာရီခွဲတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် သဘာပတိ ဦးအုန်းသွင်မှ အဖွင့်အမှာ စကား ပြောကြားပြီးနောက် မြိုနယ် အလုပ်မှုဆောင် အတွင်းရေးမှုး ဦးအောင်မိုးနှင့် သင်တန်းဆရာ ဦးဥက္ကာမင်းတိုက သင်တန်းသား များအား အမှာစကား ပြောကြားခဲ့သည်။ ထိုနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသား ဦးခင်မောင်ညိုမှ ကျေဇူးတင် စကားပြောကြားခဲ့သည်။

ထိုနောက် တာဝန် ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ သဘာပတိ ဦးအောင်မြင်မှ နိဂုံးးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနား ည၈နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ရည်ညွှန်း NLD MYEIK FB


နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရွေးချယ်ရေး မြိတ်မြို့တွင် သတ်မှတ်ချက်နှင့် အညီ စစ်ဆေး

နိုင်ငံတော် သမ္မတ၏ စွမ်းဆောင်ရည် ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေး ကော်မတီ မြို့ပြ ကျေးရွာအဆင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် သည် မတ် (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိလာပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာတွင် ပဏာမဆု ရွေးချယ်ရေးအဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။ 

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်



မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူု့ ဆက်ဆံရေး ဦးစီးဌာနမှ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် များ ရှင်သန် ခိုင်မာရေး အတွက် မတ်လ(၁၆)ရက် နံနက်(၁၀)နာရီတွင် အင်္ဂမော် ကျေးရွာ အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်သည်။ ရှေးဦးစွာ မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဌေးမှ အင်္ဂမော် ကျေးရွာ အမြင်သစ် စာကြည့်တိုက်တွင် ရပ်မိရပ်ဖများ၊ စာကြည့်တိုက် ကော်မတီဝင်များ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ပညာ ရပ်များ ရှင်းလင်း ဆွေးနွေးပြီး စာကြည့်တိုက် ရှင်သန် ခိုင်မာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စာကြည့်တိုက် ကော်မတီ အသစ် ပြန်လည် ဖွဲ့စည်း၍ ကျေးရွာပြည်သူများ စာပေ ဖတ်ရှု လေ့လာ နိုင်ရေး စည်းရုံး ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြား ခဲ့သည်။
 
ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မတည် ပံ့ပိုးငွေဖြင့် ဆောက်လုပ်ပြီးစီး ခဲ့သော ကန်သာယာ ကျေးရွာ ဘ၀အလင်း စာကြည့်တိုက် အဆောက်အဦသစ်တွင် စာကြည့်တိုက် ကော်မတီဝင်များ နှင့် တွေ့ဆုံ၍ စာကြည့်တိုက် အတွင်း ပရိဘောဂများ၊ စာအုပ် စာစောင်များ တိုးပွားရေး အတွက် စည်းရုံး ဆောင်ရွက် ကြရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။