မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, February 25, 2015

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ် ပင်လယ်ပိုင်း ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ် ပင်လယ်ပိုင်း ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သည့် စီမံကိန်းနှင့် စီးပွားရေး ဦးသိန်းလွင် ၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး ၊ မြိတ်ခရိုင်နှင့် ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာများ နှင့် အတူ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပင်လယ်ပိုင်း ကျေးရွာဖြစ်သည့် ကဘင်ကျေးရွာအုပ်စု ရေကန်အော် ကျေးရွာသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်၍  ၄င်းကျေးရွာရှိ ဝေသန္တရာ ဓမ္မာရုံတွင် ကဘင်ကျေးရွာအုပ်စု၊ စခန်းသစ် ကျေးရွာအုပ်စု၊ ဘဒ္ဒနဲ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ကျေးရွာ အထောက်အကူပြု  အဖွဲ့အစည်းများ ၊ ကျေးရွာ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံ  ပြည်သူလူထု အင်အား (၃၀၀)ကျော်နှင့် လည်းကောင်း၊ ညနေပိုင်းတွင် ပန်းဇင်ကျေးရွာအုပ်စု ပန်းဇင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ခန်းမ၌ ပန်းဇင်ကျေးရွာအုပ်စု၊ သဇင် ကျေးရွာအုပ်စု၊ သန္တုတ် ကျေးရွာ အုပ်စုတို့မှ ပြည်သူလူထု အင်အား (၃၀၀) ဦးခန့်ဖြင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးသည်။

Sunday, February 22, 2015

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဖေဖော်ဝါရီ ၂၀

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အားကစား စိတ်ဓါတ် မြင့်တက်ရေးနှင့် ကိုယ်ကာယ စွမ်းရည် မြင့်မားရေး အတွက် ရည်ရွယ်၍ အားကစားပြိုင်ပွဲ များကို အစဉ် ကျင်းပလျက်ရှိရာ ဘာသာရပ် ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်၊ ညနေ(၃)နာရီက မြိတ်တက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်သည်။


Monday, February 9, 2015

အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်ရန် မြိတ် တက္ကသိုလ်များ သမဂ္ဂ ဆန္ဒဖော်ထုတ်



အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်ပွဲအား မြိတ်မြို့၌ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် နံနက် (၈)နာရီအချိန်မှ စတင်ပြီး မြိတ် တက္ကသိုလ်များ သမဂ္ဂ မှ ဦးဆောင်ကာ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်လျက် ရှိသည်။ 

အဆိုပါ အဖွဲ့သည် ပထမ ဦးစွာ အင်အား (၃၀) ဦးခန့်ဖြင့် မြိတ်မြို့ ကန်ခေါင်းရပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တွင် လူစုကာ ဗိုလ်ချုပ်ကြေးရုပ်အား အလေးပြုပြီးနောက် ကန်ဖျားလမ်းမကြီးအတိုင်း စီတန်း လှည့်လည်ကာ ပိတောက်ပင်လမ်းဆုံ မှတဆင့် ဗန္ဓုလလမ်းအတိုင်း မြိတ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။ 


ထိုနောက် မြိတ်တက္ကသိုလ်ဝင်း အတွင်း ၀င်ရောက်ပြီး အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်သည့် ကိစ္စများ ဟောပြောခဲ့ပြီးနောက် နံနက် (၁၀)နာရီ ၂၀ မိနစ် အချိန်ခန့်တွင် မြိတ်တက္ကသိုလ်မှ ပြန်လည် ထွက်ခွာလာရာ တက္ကသိုလ်ကျောင်းသား ၂၀ ဦးခန့် ထပ်မံ ပူးပေါင်း ပါဝင်လာခဲ့သည်။ ထိုသို တက္ကသိုလ်မှ ပြန်အထွက်တွင် လမ်းလျှောက် ပူးပေါင်းပါဝင်မှုများကြောင့် အင်အား (၂၀၀) ခန့် များပြား လာခဲ့သည်။ 

ထိုနောက် မြိတ်ဆေးရုံရှေ့မှ တပ်ပြင်ရပ် စပါးကျီလမ်း အတိုင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကာ အထက (၁)ကျောင်းရှေ့လမ်း မှ တဆင့် မြစ်ငယ် အမက ကျောင်းလမ်းအတိုင်း ဆက်လက် ချီတက်ကာ ထားဝယ်စု မီးသတ်လမ်း၊ ဘုရားကြီးကျောင်းလမ်း၊ ကျောက်မီးသွေးလမ်းမှ တဆင့် ထားဝယ်စု ဂုဏ်ရုံလမ်း၊ မှတဆင့် ကန်ကြီး လမ်းဆုံရှိ လဘက်ရည်ဆိုင်တွင် နေလည်စာ စားသောက် ခေတ္တရပ်နားသည်။
ထိုနောက် ထားဝယ်စု ဂုဏ်ရုံလမ်းမှ တဆင့် ဆိပ်ငယ်ဈေးကြီးအရှေ့ ရောက်ရှိပြီး ဈေးအရှေ့တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ဟောပြောသည်။၊ ထိုနောက် တလိုင်းစု ဗိုလ်ချုပ်လမ်း၊ တလိုင်းစု ရပ်ကွက်မှ တဆင့် ဈေးတန်းရပ်ကွက် ဈေးခေါင်းလမ်း၊ တဆင့် စုရပ်နေရာ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အနီး မန္တလေး ဘုန်းတော်ကြီး ကျောင်းတိုက်၌ နေ့လည် (၁၃၃၀) အချိန် ခေတ္တရပ်နားလျက် ရှိသည်။ 

ဆန္ဒဖော်ထုတ်ပွဲ၌ တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ (မြိတ်ခရိုင်) အနေဖြင့် အချက် (၅)ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ပြီး ကျောင်းသား ပြည်သူကို အခြေမခံသော အမျိုးသား ပညာရေး ဥပဒေ (အလိုမရှိ) ၊ ဒီမိုကရေစီ ပညာရေး (ဒို့အရေး) ဟူသော ကြွေးကြော်သံဖြင့် လှည့်လည် ကြွေးကြော်ခဲ့သည်။

Saturday, February 7, 2015

ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထက်တောင် အတုလရံသီ ရွှေသာလျောင်း ဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေ၍ မူလအလှူရှင်များ၊ စေတနာရှင်များ၊ မြိတ်သူ/မြိတ်သားများ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်
=~=~=~=~=~=~=~=~=~=~=~=~=~=~=~=~=~=~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထက်တောင်ကမ်းခြေတွင် (၁၉၅၅)ခုနှစ်ကတည်းက တည်ထား ကိုးကွယ်လာခဲ့သည့် ဥာဏ်တော် ၂၁၆ ပေ (၁၄၄ တောင်) ရှိ အတုလရံသီရွှေသာလျောင်း ဘုရားကြီးနှင့် (၁၉၇၉)ခုနှစ်က တည်ဆောက်ခဲ့သည့် (၂၆၀ ပေ × ၆၀ ပေ) သံတန်ဆောင်းတော်ကြီး အပါအ၀င် သာသနာ့နယ်မြေ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးတော်များ၊ ရုပ်လုံးများ၊ သာသနိက အဆောက် အဦများ ပြုပြု မွမ်းမံမှု လုပ်ငန်းများကို (၂၅ - ၁ -၂၀၁၅) ရက်နေ့မှ စတင်ဆောင်           ရွက်နြေ ပီဖြစ်ကြောင်း၊ ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်း အတွက် ခန့်မှန်း ကုန်ကျမည့်ငွေမှာ ကျပ်သိန်း (၂၅၀၀)ခန့် ရှိကြောင်း၊ ယနေ့ အချိန်ထိ စေတနာရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း (၁၅၀၀)ခန့် လက်ခံရရှိပြီး ဆက်လက် လှူဒါန်းလျှက် ရှိကြောင်း၊ မူလလှူဒါန်း ထားကြသည့် အလှူရှင်များ၊ စေတနာရှင်များ၊ ရပ်နီး/ ရပ်ဝေးမှ မြိတ်သူ/ မြိတ်သားများ ဆက်သွယ် လှူဒါန်းမှုပြုနိုင် ပါကြောင်း၊ ဘက်စုံ ပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်အတူ အလှူတော်ရေစက်ချ မင်္ဂလာ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။



ဆက်သွယ်လှူဒါန်းလိုပါက
- ဂေါပက အဖွဲ့ရုံး၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၊ လေးကျွန်းဆီမီးစေတီတော်ကြီး၊ မြိတ်မြို့။ 
ဖုန်း - ၀၅၉ ၄၁၁၁၆
- ဦးစံရည် ဖုန်း - ၀၉၄၂၂၁၉၃၅၇၇
- ဦးအင်ဟို ဖုန်း - ၀၉၅၆၄၀၅၅၉
- ဦးဖိုးလိပ် ဖုန်း- ၀၉၈၇၆၀၈၀၅
ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

Friday, February 6, 2015

တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်ရွာအနီး၌ ဒိုင်နာမော်တော်ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး

တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်ရွာအနီး၌ ဒိုင်နာမော်တော်ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး
---------------------------------------------
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ (၅)နာရီခွဲ  အချိန်တွင် ယာဉ်မောင်း ဦးဖိုးရှမ်း မောင်းနှင်းလာသော ယာဉ်အမှတ် (xxxxx)၊ ဒိုင်နာအဖြူ ၊ ကားသည် တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာ အုပ်စု၊ ရေဖြူကျေးရွာမှ အလုပ်သမားများ တင်ဆောင်၍ သိန်ခွန်းကျေးရွာ အုပ်စု၊ ချောင်းနှစ်ပေါက်ရွာရှိ တံတားသို့ အလုပ်လုပ်ရန် မောင်းနှင်စဉ် ချောင်းနှစ်ပေါက်ရွာနှင့် ထုံးခါးရွာကြားရှိ မိုင်တိုင်အမှတ် (၆၇)တွင် အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းပါ ကျား (၆)ဦး၊ မ (၁၁)ဦး စုစုပေါင်း (၁၇)ဦး ဒဏ်ရာရရှိ၍ ကျား (၁)ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်၊ တောင်ကြားလမ်းနေ မောင်သက်နှင်းဘို အသက် (၁၅)နှစ်၊ (ဘ) ဦးဝင်းဘို ဖြစ်ကြောင်း သိရပြီး ဒဏ်ရာရသူ အချို့မှာ တနင်္သာရီမြို့ ပြည်သူ့ဆေးရုံကြီး ဆေးကုသမှု ခံယူနေကြောင်းနှင့် ဒဏ်ရာ ပြင်းထန်သော လက်ဖျံရိုးကျိုး (၁)ဦး၊ ညှပ်ရိုးကျိုး (၁)ဦး၊ လက်မောင်းရိုးကျိုး (၁)ဦး၊ ပါးရိုးပွန်းပဲ့ (၁)ဦး စုစုပေါင်း အမျိုးသမီး(၄)ဦးသည် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ (၁၂)နာရီခွဲ အချိန်တွင် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းမကျသည့် ကိစ္စနှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ကြားသိနိုင်ပါစေ



လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းမကျသည့် ကိစ္စနှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ကြားသိနိုင်ပါစေ 
 ============================================
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းသော်လည်း ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်းများ မကျဆင်းသည့် ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ် ဓာတ်အား သုံးစွဲသူများက FB လူမှုကွန်ယက် ပေါ်တွင် ရေးသား ဝေဖန် နေသည့် အကြောင်းအရာများအား တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကြားသိ နိုင်ပါရန် တင်ပြပါသည်။

(၁) ပါးစပ်လေ ထွက်ရာပြောတတ်သော အစိုးရအဖွဲ့သို့ .......
((( ရေးသားသူ - Lin Naing ))) FB မှ ကူးယူသည်။
လက်ရှိ အစိုးရအဖွဲ့ကို သတိပေးချင်တာကတော့ မင်းတို့တွေ ရွေးကောက်ပွဲ နီးကာမှ ဘယ်လိုပဲ မဲဆွယ်ဆွယ် တနင်္သာရီတိုင်းဒေသကြီး မှာတော့ မင်းတို့ မဲရဖို့ တော်တော်လေး ဝေးနေပြီ.... နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး ရမယ်တဲ့ .......  သူများတွေ လျှပ်စစ် ယူနစ်ကို ၃၅ ကျပ်နှင့် သုံးနေတဲ့ အချိန်မှာ တနင်္သာရီ တိုင်းသားတွေ လျှပ်စစ် ယူနစ်ကို ၄၀၀ ကျော် နဲ့ သုံးလာခဲ့ရတာ လက်ရှိ အစိုးရသက်တမ်းတစ်လျှောက်ပါပဲ၊ ဒါကို လက်ရှိ အစိုးရအဖွဲ့ ဘာမှ မစွမ်းဆောင်နိုင်ဘူး၊ စွမ်းဆောင်ပေးဖို့ နေနေသာသာ လက်ရှိ လောင်စာဆီ ဈေးနှုန်းအရ လျှပ်စစ်မီး ယူနစ်ကို ၂၅၀ ကျပ်နဲ့ ကောက်ခံရင်တောင်မှ အမြတ်ကျန်တဲ့ အချိန်မှာ ယူနစ် ၃၇၀ ကျပ်နဲ့  ကောက်ခံတဲ့အပေါ်မှာ ၀င်ရောက် ထိန်းညှိပေးခြင်းမျိုး မရှိဘူး၊ အခွန်အခတွေကို အများနည်းတူ ကောက်ခံဖို့ ကျတော့ စွမ်းဆောင် နိုင်တယ်။ တနင်္သာရီ တိုင်းသားတွေ လမ်းတွေကို ကိုယ်ထူကိုယ်ထ ခင်းရတယ်၊ ရေကို ကိုယ့်အစီအစဉ်နှင့်ကိုယ် သုံးရတယ်၊ အမှိုက်တွေကို  ကိုယ်ထူကိုယ်ထ ကားထောင်ပြီး လစဉ်ကြေးနဲ့  အမှိုက်ပစ်ရတယ်၊ ဖုန်းလိုင်းက အထက်မြို့တွေမှာ သုံးရ အဆင်ပြေသလောက် တနင်္သာရီ တိုင်းသားတွေမှာ လူကြီးမင်းနဲ့ အ၀ိုင်းလည်နေတာနဲ့ပဲ နဘမ်းလုံးနေရတယ် ဘယ်မှာလဲ တန်းတူညီမျှတဲ့ အခွင့်အရေး ဒီလိုအစိုးရမျိုးကို မဲပေးလောက်ရအောင် တနင်္သာရီတိုင်းသားတွေ ဒီလောက်မမိုက်မဲဘူးဆိုတာ သိထားစေချင်ပါတယ်

(၂) တနင်္သာရီတိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီးသို့
=============================
မြိတ်ဟစ်တိုင် မှ ကူးယူသည်

ကျွန်တော်တို မြိတ်မြို့ သည် မြန်မာနိုင်ငံ၏ လျှပ်စစ် မီးသုံးစွဲခ အမြင့်မားဆုံး ပေးဆောင်ရသော ထိပ်ဆုံး မြို့ ထဲမှ ဖြစ်ပါသည်။မြိတ်မြို့ တွင် လျှပ်စစ် မီးလင်းရေး အဖွဲ့ ၉ ဖွဲ့ ရှိပါသည်။ ယခုမြိတ်မြို့ သို့ ရောက်ရှိလာသော ဖိုးသီးချို မှ မီးစက်ကြီးများသည် ဒီဇယ် ကုန်ကျမှုသက်သာခြင်း ကြောင့် တစ်ယူနစ်လျှင် ၃၇၀ ကျပ်သို့ လျော့ချပေး ခဲ့သည်ဟု သတင်းစာများတွင် ဖော်ပြချက်အရ သိရပါသည်။ ယခင်က ဒီဇယ် တစ်ပီပါ လျှင် နှစ်သိန်း ရှစ်သောင်းကျပ်သို့ ဈေးတက်သည့် အချိန်၌ မီးလင်းရေး အဖွဲ့ များသည် ခရိုင်ထွေ အုပ်သို ဈေးတက်မှ တွက်ခြေကိုက်မည် ပြောက တစ်ယူနစ်ကို ၄၂၀ ကျပ်အထက် သို့ တိုးမြင့်ကာ ပြည်သူများ အပေါ်ကောက်ခံ ခဲ့သည်။ ယခုအခါ ဒီဇယ် တစ်ပီပါ တစ်သိန်းနှစ်သောင်းကျပ်သို ဈေးကျသောအခါ လျှပ်စစ်မီးသုံးစွဲခ ကို မလျော့ပေး ယခင် ဈေးနုန်းအတိုင်းသာ ကောက်ခံနေပါသည်။ ထိုသို PTC မီးလင်းရေးအပါအဝင် ပြည်သူများအပေါ် အမြတ်ထုတ်နေမှုအား ဖြေရှင်းပေးပါရန် တိုင်းဒေသလျှပ်စစ်သို့ တင်ပြလိုက်ရပါသည်။

(၃) ၀ဋ်ရှိသရွေ့ ခံလိုက်ပေအုံးပေါ့
ရေးသားသူ ( Ye Htun )
ဒီတစ်လ ဇန်န၀ါရီလအတွက် မြိတ်မြို့ တစ်မြို့လုံးရဲ့ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ် ကျသင့်ငွေက (၃၇၀ိ)နှုန်း။ ကျွန်တော် အမြင်အရတော့ လက်ရှိ စက်သုံးဆီ ဈေးနှုန်းနဲ့  တွက်ချက်ရင် များတယ် ထင်တယ်။ ဓာတ်အား ရောင်းချသူက တစ်ယူနစ် ()ထောင်ဈေးလောက် ရောင်းလေ သူတို့ အတွက် ပိုကိုက်လေ ဖြစ်သလို၊ ကျွန်တော်တို့လို သုံးစွဲသူတွေ အတွက်ကလည်း တစ်ယူနစ် (၅ိ/)ကျပ်ဈေးလောက် ရလေ ပိုကောင်းလေပဲ။

ဒါပေမယ့် လျှပ်စစ်ဓာတ်အားလို ရွေးချယ်ခွင့်မရှိပဲ ၀ယ်ယူ သုံးစွဲနေရတဲ့ မြို့နေ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေရဲ့ ကြားမှာ ဓာတ်အား ရောင်းချသူတွေ အတွက် ထိုက်သင့်တဲ့ အမြတ်နဲ့ ၀ယ်ယူ သုံးစွဲသူတွေ ဈေးကြီးပေးပြီး နစ်နာမှု မရှိအောင် ၀ယ်ယူခွင့် ရရှိရေး ပေါင်းစပ် ညှိနှိုင်းပေး ရမှာကတော့ လက်ရှိ အုပ်ချုပ်ရေး တာဝန်ယူထားသူတွေရဲ့ တာဝန်ပဲ။

ဒါပေမယ့် ..... လက်ရှိတော့ ၀ဋ်ရှိသရွေ့ ခံလိုက်ပေအုံးပေါ့ ....... ဘာမှ မတတ်နိုင် တာကိုး။။။

(၄) မြိတ်မြို့ လျှပ်စစ်ဓာတ်အားခ ဘယ်သူအတွက် မချတာလဲ
===========================
(((((မြိတ်သတင်းနှင့်အတင်းများ)))))

မြိတ်မြို့ လျှပ်စစ်ဓာတ်အား အခြေအနေကို လူပြိန်းနည်းနဲ့ တွက်ချက်ထားတာပါ။

တစ်ဂါလံ ထုတ်လုပ်နိုင်မှု ယူနစ် ----- အများဆုံး (၁၄)ယူနစ်
အနည်းဆုံး ()ယူနစ် ..... ဒါပေမယ့် မီးလင်းရေးတွေက ()ယူနစ်၊ ()ယူနစ် လောက်ပဲ ထုတ်လုပ်နိုင်တယ်လို့ ..... အကြောင်းပြပြီး ငြင်းကြလိမ့်မယ်။ အကြောင်းပြချက်က ဓာတ်အားပျောက်ဆုံးတယ်လို့ အကြောင်းပြလိမ့်မယ်။
ဒီဇယ်တစ်ဂါလံ (၄၄၀၀ိ/) ဈေးနှုန်းတုန်းက ဓာတ်အားခ တစ်ယူနစ် (၄၇၀ိ/- သို့ ၄၈၀ိ/ကျပ်)
ဒီဇယ် တစ်ဂါလံ ( ၃၈၀၀ိ/)နှုန်းတုန်းက ဓာတ်အားခ တစ်ယူနစ် (၄၂၀ိ/သို့ ၄၃၀ိ/)ကျပ်တောင်းခံတယ်။
အခု ဓာတ်အားခ တစ်ဂါလ ၂၅၀၀ိ/ ဖြစ်နေပြီ ..... တစ်ဂါလံ ()ယူနစ် ထုတ်လုပ် နိုင်မှုနှုန်းနဲ့ ဆိုရင် တစ်ယူနစ် ကုန်ကျစရိတ်က ပျမ်းမျှခြင်း .... ၂၈၀ိ/ ကျပ်ပဲ ရှိတယ်။
ပိုင်ရှင်တွေ အတွက် ၀န်ထမ်းစရိတ်နဲ့ အမြတ်နဲ့ ၀န်ဆောင်မှုတွေ အတွက် တစ်ယူနစ် (၅၀ိ/)ကျပ်နှုန်းနဲ့ပဲ အမြတ်တင်အုံး ...... အမှန်တကယ် အများဆုံး ၃၃၀ိ/.... နှုန်းနဲ့ ဒီလ အတွက် ဓာတ်အားခံ ကောက်ခံသင့်တယ်။ ။။။ ဒီထက်ပိုများရင်တော့ မဟုတ်တော့ဘူး ..... မြိတ်ခရိုင် မီးလင်းရေး ကော်မတီမှာ တာဝန်ရှိလာမယ်။
အခြားနည်းနဲ့ တွက်လို့ ရသေးတယ်
ဒီဇယ် တစ်ဂါလံ (၄၄၀၀ိ/နှုန်း)တုန်းက တစ်ယူနစ် (၄၈၀ိ/)ကျပ် မြိတ်သားတွေ ပေးဆောင် ခဲ့ရပြီးပီ. အခု ဒီဇယ် တစ်ဂါလံ ပီပါလိုက်ဈေးနှုန်းနဲ့ဆို (၂၂၀၀ိ/)ကျပ်ပဲ ကျန်တော့တယ်။ အဲဒီအချိန်မှာ ဓာတ်အားခ တစ်ယူနစ် အများဆုံး (၃၀၀)ကျပ်ပဲ ကောက်ခံသင့်တော့တယ်။
ဒီထက် ပိုကောက်ခံမယ်ဆိုရင် မီးလင်းရေး ကော်မတီအားလုံးရဲ့ ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး တာဝန်ရှိလာတော့မယ်။ လက်ရှိ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ပွင့်လင်းမြင်သာအောင် ချပြပြီး ကောက်ခံသင့်တယ်။
တကယ်လို့ (၃၀၀)ထက် တိုးကောက်မယ် ဆိုရင် မေးစရာ မေးခွန်းတွေ ရှိလာတယ်။
- လျှပ်စစ်ဌာနက ညွှန်မှူးတွေ စစ်ဆေးရေး လာရောက်တဲ့အခါ ကုန်ကျတဲ့ စရိတ်တွေ
( တစ်ခါလာ (၁၅)သိန်းလောက် ကုန်ကျတယ်လို့ သိရတယ်။ ငြင်းမယ်ဆိုရင် ဘောက်ချာတွေ
ရှိတယ်။ ထုတ်ပြမယ်။ ) အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။
- ခရိုင်အုပ်ချုပ်ရေးမှူးအိမ် တီဗီဝယ် + ကားပြင်ဖို့ အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။
- အလုပ်အကိုင် မရှိတဲ့ လျှပ်စစ်ရုံး ၀န်ထမ်းတွေကို ဖားပြီး ကျွေးမွေး မုန့်ဖိုး ပေးဖို့အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။
- လျှပ်စစ်ဝန်ကြီး မြိတ်ကို လာတဲ့အခါ ကုန်ကျတဲ့ ကားစရိတ်နဲ့ ကျွေးမွေးစရိတ်တွေ အတွက် မြိတ်သူ မြိတ်သားတွေက ကျခံပေးရမှာလား။

နောက်တစ်ခု ရှိသေးတယ်။
- တစ်မြို့လုံးအတွက် လမ်းမီးအတွက် အစိုးရက ကုန်ကျမခံတဲ့ တိုင်းဟာ တနင်္သာရီတိုင်း တစ်ခုပဲ ရှိသေးတယ်။ မီတာ ()လုံး အတွက် (၅၀၀ိ/) နှုန်းနဲ့ လမ်းမီးဖိုးကို မီးသုံးစွဲသူတွေက ကျခံပေးနေ ရမယ်။ စည်ပင် အခွန်ပြေစာမှာတော့ ရေခွန် မီးခွန် အကုန် ပါတယ်။ ဒါပေမယ့် စည်ပင်က တာဝန်မယူဘူး။ မြို့သားတွေပဲ အကုန်ကျ ခံနေရတယ်။

- မြန်မာလျှပ်စစ်ဓာတ်အားက ဘာမှ မလုပ်ပဲ တစ်ယူနစ် (၁၀ိ)ကျပ်နှုန်းနဲ့ အချောင် လာကောက်နေတယ်။ ကိုယ့်ဘာသာ ပုဂ္ဂလိက မီးလင်းရေးက ၀ယ်သုံးရသေးတယ်။ ဓာတ်အားခ (၁၀ိ/)နှုန်းလဲ အစိုးရက အချောင်ဝင်ကောက်နေသေးတယ်။ ဖြစ်သင့်လား
- ဒီလိုသာ ဆက်သွားနေရင် ၂၀၁၅ အတွက် လက်ရှိ အစိုးရ ပြန်ပေးဆပ်ရမယ်

Thursday, February 5, 2015

တိပိဋက ဆရာတော်ကြီးများနှင့် မြိတ်ဒေသခံ ဆရာတော်ကြီးများ ပူဇော်ပွဲ ကျင်းပပြုလုပ်မည်

တိပိဋက ဆရာတော်ကြီးများနှင့် မြိတ်ဒေသခံ ဆရာတော်ကြီးများ ပူဇော်ပွဲ ကျင်းပပြုလုပ်မည်
============================
မြိတ်မြို့နယ်လုံး ဆိုင်ရာ မြိတ်မြို့သူ မြို့သားများ၊ ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပရဟိတ လူငယ်များ စုပေါင်း ဆင်ယင် ကျင်းပအပ်သော တိပိဋကဓရ ၊ တိပိဋက ကောဝိဒ၊ တိပိဋက ဓမ္မဘဏ္ဍာ ဂါရိက ဆရာတော်ကြီး များနှင့် မြိတ်ဒေသခံ ဆရာတော်ကြီး များအား ဂုဏပူဇာ ဂုဏ်ပြု ပူဇော်ပွဲကြီးကို အောက်ဖော်ပြပါ အစီအစဉ်များ အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။



Sunday, February 1, 2015

ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား အိမ်ခြေ (၂၈)လုံး ဆုံးရှုံး

ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား အိမ်ခြေ (၂၈)လုံး ဆုံးရှုံး

၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁)နေ့ နေ့လည် (၃)နာရီ (၂၀) မိနစ် အချိန် မြိတ်ခရိုင် ပုလောမြို့ အမှတ် (၁) ရပ်ကွက် ဗိုလ်မှူးခင်မောင် လမ်းဆွယ်တွင် နေထိုင်သော ခင်ဇော်ဦး (ခ) ဇော်ငယ် (ဘ) ဦးဖေသန်း ၊ (နိုင်ငံသားမှတ်ပုံတင်အမှတ် ၆/ပလန (နိုင်) ၀၄၄၇၅၃ )၏ နေအိမ် မီးကျွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းခဲ့သည်။

ဓာတ်ပုံ - soe lay (ပုလောဆုံဆည်းရာ)

မီးလောင်ကျွမ်းမှုကြောင့် ဗိုလ်မှူးခင်မောင်လမ်းနှင့် မြ၀တီလမ်းရှိ နေအိမ် (၂၈)လုံးမှာ မီးလောင် ဆုံးရှုံးသွားခဲ့ပြီး နေအိမ် (၆)လုံးအား ဖြိုဖျက်ခဲ့ရကာ နေအိမ် (၃၁)လုံးမှာ အမိုးမျာဲးပျက်စီးခဲ့သည်။

မီးလောင်ကျွမ်းမှုအား ပုလောမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် လူမှုရေး အဖွဲ့အစည်းများ
ရပ်ကွက် ပြည်သူလူထုများက ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် ညနေ (၄)နာရီ (၂၀) မိနစ်တွင်
မီးညွန့်ကျိုးသွားသည်။

မီးဘေး ဒုက္ခသည်များအား ပုလောမြို့ ကမ်းရိုးတန်း ရတနာခန်းမတွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားပြီး ဒေသအာဏာပိုင်များနှင့် ပုလောမြို့နေ ပြည်သူလူထုများမှ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့လျက်ရှိသည်။

မီးစတင် လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ခင်ဇော်ဦး (ခ) ဇော်ငယ်အား ပုလောမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။