မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, June 30, 2014

မြိတ်မြို့ သစ်ယာဝ ကျေးရွာ စိုက်ပျိုးရေး တာဝန်ခံမှ လယ်သမားများ စိုက်စရိတ် ထုတ်ပေးရာတွင် မမှန်မကန် ဆောင်ရွက်သည့် ကိစ္စ ဖြေရှင်းပေးပါရန် (ပေးစာ )



မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှ စိုက်ပျိုးရေး တာဝန်ခံ သည် လယ်ယာစိုက် ပျိုးရေး လုပ်ကိုင်လျက် ရှိသော ရွာငယ်များရှိ လယ်သမားများအား အစိုးရက ထုတ်ချေးပေးသော စိုက်ပျိုးရေး စရိတ်များကို မိမိကိုယ်ကျိုး အတွက်၌ အသုံးပြုရန် အတွက် ထိုချေးငွေများကို နည်းမျိုးစုံ ဖြင့် လိမ်လည် အမြတ်ထုတ်ပြီး လယ်သမားများ အပေါ်ခေါင်းပုတ်ဖြတ်လျက်ရှိပါတယ်။
 
နိုင်ငံတော်က လယ်သမားများ အတွက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အတိုးနှုန်း နဲနဲဖြင့် ထုတ်ချေးခဲ့ရာ ထိုချေးငွေများကို စိုက်ပျိုးရေး တာဝန်ခံ ထောက်ခံချက်ပါရှိသော ဘဏ်စာအုပ်ဖြင့်သာ ထုတ်ယူခွင့်ရှိ ပါသည်။ ထိုဘဏ်စာအုပ်များသည် လယ်ယာမြေများရှိသော လယ်သမားများနှင့်သာ သက်ဆိုင်၍ လယ်ယာမြေများ မရှိသောသူများနှင့်မူ လုံးဝသက်ဆိုင်ခြင်း မရှိပါ။

Sunday, June 29, 2014

မြိတ်မြို့ မဟာသိဒ္ဓိအောင် ပရိယတ္တိစာသင်တိုက်တွင် ဓမ္မာရုံနှင့် အာရုံခံတန်ဆောင်း အလှူတော် မင်္ဂလာနှင့် ၀ဋံသကနာရေးကူညီမှုအသင်းအတွက် နိဗ္ဗာန်ယာဉ်နှင့် အအေးခန်းတလား၊ စတီး တလားများ လှူဒါန်းပွဲ ကျင်းပ

မြိတ်မြို့ မဟာသိဒ္ဓိအောင် ပရိယတ္တိစာသင်တိုက်တွင် အနန္တော အနန္တငါးပါး ဦးထိပ်ထားပြီး
နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုအောင်ကျော်မြင့်+မအိအိလင်းမိသားစု ရတနာ မိုးပြည့်ထွန်း ကုမ္ပဏီမှ ကျောင်းရှေ့ဓမ္မာရုံနှင့် အာရုံခံတန်ဆောင်း အလှူတော် မင်္ဂလာနှင့် ၀ဋံသကနာရေးကူညီမှုအသင်း အတွက် နိဗ္ဗာန်ယာဉ်နှင့် အအေးခန်းတလား၊ စတီးတလားများ လှူဒါန်းပွဲကို ဇွန်လ(၂၉)ရက် နံနက်(၉း၄၀) နာရီက ကျင်းပခဲ့သည်။




မြိတ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တော်တွင် ဇွန်လ (၂၉) ရက် နံနက်(၆း၃၀)နာရီက ကျင်းပရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂဏ္ဍ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်း တိုက်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့၌ ဇိဝိတဒါန သံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ



မြိတ်မြို့ ရေပုန်းရပ် စပါးရွှေဝါ လမ်းမကြီးပေါ်၌ မြိတ်သား မြိတ်သား စေတနာရှင်များနှင့် ရဟန်း ရှင် လူ ပြည်သူ အပေါင်းတို့၏ လှူဒါန်းငွေဖြင့် ငွေကျပ် သိန်း နှစ်ထောင်နှစ်ရာကျော် အကုန်ကျခံ ဆောက်လုပ်ထားသည့် ဇိဝိတ ဒါန သံဃာတော်နှင့် သီလရှင်များ ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၄ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ နံနက် (၈)နာရီ အချိန်က ၄င်းဆေးခန်းတည်ရှိရာ ယာယီ မဏ္ဍာပ်တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့ လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုး တက်ရေး ကော်မတီ ဥက္ကဌ ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော် နှင့် တိုင်းဒေသကြီး ၀န်ကြီးများ ၊ မြိတ်ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ဆေးခန်းဆောက်လုပ်ရေး ကော်မတီဝင်များ ၊ အလှူရှင်များ တက်ရောက်ကြသည်။ 



Saturday, June 28, 2014

ကျွန်းစုမြို့နယ်တွင် လေပြင်းတိုက်၍ နေအိမ်ပျက်စီးဆုံးရှုံး သူများအတွက် နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် တနင်္သာရီရေတပ်စခန်း ဌာနချုပ်တို့မှ စားသုံးကုန် ပစ္စည်းများ ထောက်ပံ့ လှူဒါန်း



ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့ က ကျွန်းစုမြို့နယ် အတွင်း လေပြင်း တိုက်ခိုက်ရ၍ နေအိမ်များ ပျက်စီးသွားသည့် မဲတောကျေးရွာအုပ်စု အုတ်မော်ဖို ကျေးရွာနှင့် စခန်းသစ် ကျေးရွာအုပ်စု ၀ါးအော် ကျေးရွာရှိ လေပြင်း ဒဏ်သင့် မိသားစုဝင်များ အတွက် နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း လှူဒါန်းသော စားသောက် ကုန် ပစ္စည်းများအား ၀န်ကြီး ဦးစိုးသိန်း ကိုယ်စား တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ၂၀၁၄ ဇွန်လ ( ၁၇  ) ရက်နေ့တွင် အဆိုပါ ကျေးရွာများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့် ဆောက်လုပ်လှူဒါန်းသည့် သိန်း (၂၅၀၀) တန်ဖိုးရှိ မူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ



မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်+ ဒေါ်အေးအေးမော်နှင့် ယုဇန ကုမ္ပဏီ မိသားစုက ဆောက်လုပ်လှူဒါန်းသော တန်ဖိုး ကျပ်သိန်း (၂၅၀၀) ရှိသည့် အလျား (၃၂၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေ အရွယ် သံကူကွန်ကရစ် အုတ်စီ သွပ်မိုး (၁)ထပ် ရေပုန်းရပ် အခြေခံ ပညာ မူလတန်း လွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားအား ၂၀၁၄ခုနှစ် ဇွန်လ (၂၈) ရက်နေ့ နံနက် (၉)နာရီ (၃၀) အချိန်တွင် မြိတ်မြို့ ရေပုန်းရပ်ကွက် ဘုံပျံကျောင်းလမ်းရှိ  ၄င်းကျောင်းဆောင် မျက်နှာစာ၌ ကျင်းပပြုလုပ်သည်။ 




Thursday, June 26, 2014

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ(၂၆)ရက် နံနက်(၁၀)နာရီက အထက(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး
နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

Tuesday, June 24, 2014

ကျွန်းစုမြို့နယ် အတွင်း လေပြင်းတိုက် ဒီရေလှိုင်း ရိုက်၍ ပျက်စီးသွားသော နေအိမ်များ ပြန်လည်ဆောက်လုပ် နိုင်ရေး တိုင်းဒေသကြီး အစိုးရက သိန်း (၁၄၀၀)ကျော် ပံ့ပိုး ကူညီမည်




၂၀၁၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ ခွဲ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် အတွင်းရှိ ပင်လယ်ပြင်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပင်လယ်ပြင် လှိုင်းကြီးပြီး ကမ်းခြေသို့ လှိုင်းလှုံးများ ၀င်ရောက် ရိုက်ခတ်ခဲ့ရာ ကျွန်းစုမြို့နယ် ကျေးရွာ အချို့တွင် နေအိမ်များနှင့် စာသင်ကျောင်း အချို့ ၊ ရေဆင်း တံတားများ  က်စီး ဆုံးရှုံး ခဲ့သည်။ ထိုသို့ ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်နှင့် အဆောက်အဦးများ ပြန်လည် ဆောက်လုပ် နိုင်ရေး အတွက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကျပ်သိန်း (၁၄၀၀)ကျော် အကုန်ကျခံပြီး ပံ့ပိုး ကူညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ 


မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၂၀၁၃-၂၀၁၄ခုနှစ် ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပ

မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၂၀၁၃-၂၀၁၄ခုနှစ် ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ဇွန်လ(၂၂)ရက် နံနက်(၉)နာရီက
 မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တနင်္သာရီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂၃)ရက် နံနက်(၇း၃၀)နာရီက တနင်္သာရီမြို့နယ် မောတောင်ဒေသ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

Saturday, June 21, 2014

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၆)ထောင်ခန့်နှင့် ဘိန်းစားမှုန့်များဖမ်းဆီးရမိ

၂၀၁၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၄) နယ်မြေရဲကင်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၇) လမ်း၊ အမှတ် (၃၁၈) နေ ဝေစိုးမိုး (ခ) မာဒင် (၃၈)နှစ် (ဘ) ဦးစိုးတင့်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်၌ အသင့်တွေ့ရှိရသော ဝေစိုးမိုး (ခ) မာဒင် ခန္ဓာကိုယ်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃) ပြားနှင့် ဘိန်းစာမှုန့် (၁)ကျပ်သားခန့် (၁)ထုပ်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး နေအိမ်အတွင်း 


Thursday, June 19, 2014

မြိတ်-ထားဝယ်ခရိုင်က ကေအန်ယူလက်အောက်ခံရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးမည် မဟုတ်ဟု ကေအန်အယ်အေပြော

ချင်းမိုင်၊ မဇ္ဈိမ။            ။ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား ရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန် တနင်္သာရီတိုင်း အစိုးရက စာပေးပို့ထားသော်လည်း ဖျက်သိမ်းပေးမည်မဟုတ်ဟု KNU/KNLA၏ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဘီးလယ်က မဇ္ဈိမကို ပြောသည်။

Wednesday, June 18, 2014

လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ပြိုလဲ

၂၀၁၄ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နံနက် (၉) နာရီ အချိန်ခန့်၌ မြိတ်ခရိုင်  ကျွန်းစုမြို့နယ်  ကံမော်ကျေးရွာအုပ်စု ပသျှူးချောင်းကျောင်းရွာ အမက စာသင်ကျောင်းသည်
လေပြင်းတိုက်ခတ်မှု ခံရခြင်းကြောင့် ရုတ်တရက် ပြိုကျသွားကြောင်း သိရသည်။

မြိတ်တွင် အိမ်ယာစီမံကိန်း ကုမ္ပဏီက ဝန်းခတ် ထားသည်ကို တစ်ဝက်လျော့ချပေးဖို့ ဒေသခံများ တောင်းဆို

ရန်ကုန်၊ မဇ္ဈိမ။              ။ မြိတ်မြို့တွင် ဆောက်လုပ်နေသည့် မြိတ်ပင်လယ် ရှုခင်းသာ အိမ်ယာ စီမံကိန်းကုမ္ပဏီက မြိတ်မြစ်ကို ဖြတ်၍ အုတ်တံတိုင်း ကာလိုက်သဖြင့် ဒေသခံများ သွားလာ လုပ်စားရန် အခက်ခဲဖြစ်သည်ဟု ၈၈မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းမှ ကိုအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

စက်မှုဇုန်နှင့် ဆိပ်ကမ်း ပါဝင်မည့် မြိတ်စီးပွားရေးဇုန် ကျပ် ၁၀၀ ဘီလီယံခန့် ကုန်ကျခံ တည်ထောင်မည်

စက်မှုဇုန်နှင့် ဆိပ်ကမ်းများ ပါဝင်မည့် မြိတ်စီးပွားရေးဇုန် (Myeik Economic Zone) ကို ပုဂ္ဂလိက အပိုင်းက ပထမဆုံး အကောင်အထည်ဖော် တည်ထောင်သွားမည်ဟု မြိတ်စီးပွားရေးဇုန် စီမံကိန်းကို ဆောင်ရွက်မည့် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (Myeik Future Development Public Co., Ltd.) ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်မျိုးလတ်က မဇ္ဈိမကို ပြောသည်။

တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသည့် ကေအင်န်ယူ ရဲတပ်ဖွဲ့ ဖျက်သိမ်းရန် တိုင်းအစိုးရ အကြောင်းကြားထား

တနင်္သာရီတိုင်းဒေသကြီးတွင် အခြေစိုက်လှုပ်ရှားနေသော ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၄ (မြိတ်/ ထားဝယ်ခရိုင်) နယ်မြေ အတွင်းရှိ ကရင် အမျိုးသားရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန်  တိုင်းဒေသကြီး အစိုးရက အကြောင်းကြား ထားကြောင်း သတင်းရရှိသည်။

Monday, June 16, 2014

တနင်္သာရီမြို့နယ်တွင် တပ်မတော်နှင့် KNLA တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်းဒေသ ကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖ တောင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သော KNLA တပ်မဟာ(၄) တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉နာရီ အထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLA တပ်ရင်း(၁၁)တို့ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ ကျဆုံး သူမရှိသော်လည်း KNLAဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

NLD ဗဟိုနာယက ဦးတင်ဦး မြိတ်မြို့ ပညာရေး ကွန်ယက် မိသားစုများနှင့် တွေ့ဆုံ

(15.6.2014)ရက်နေ့ ည(7) နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက်ရှိ Grand မင်္ဂလာခန်းမတွင်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို နာယက ဦးတင်ဦးနှင့်  ပညာရေး ကွန်ရက် မိသားစုများ၊ 2013/2014 ပညာသင်နှစ် အတွင်း ဖြေဆို အောင်မြင်သွားသော ကျောင်းသား/ သူများနှင့် ဆရာ/ မများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

Sunday, June 15, 2014

ကျွန်းစုမြို့နယ် ပင်လယ်ပြင်အတွင်း လှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး ဆုံးရှုံး

အာရေဗျ ပင်လယ်တွင် ဖြစ်ပေါ်တိုက်ခတ်နေသည့် နွားနောက် မုန်တိုင်း အရှိန်ကြောင့် မှတ်သုန်လေ အားကောင်းကာ မြိတ်ခရိုင် အတွင်း  မိုးသည်းထန်စွာ ရွာသွန်းပြီး  လေပြင်းများ တိုက်ခတ်လျက် ရှိရာ ၂၀၁၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် အတွင်းရှိ ပင်လယ်ပြင်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပင်လယ်ပြင် လှိုင်းကြီးပြီး ကမ်းခြေသို့ လှိုင်းလှုံးများ ၀င်ရောက် ရိုက်ခတ်ခဲ့ရာ ကျွန်းစုမြို့နယ် ကျေးရွာ အချို့တွင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။
 
 
ဓာတ်ပုံ - (၁၃.၆.၂၀၁၄) နံနက်(၉း၃၀)အချိန် ကော့သောင်းမြို့ (၃)မိုင် ကမ်းခြေတွင် လှိုင်လုံးများ တက်ရောက်လျက်ရှိသည်ကို တွေရစဉ်၊
ဓာတ်ပုံ ရွှေဟင်္သာစိုးလွင်

Tuesday, June 3, 2014

ရေးစီးရေလာကောင်းမွန်ရေးအတွက် ဘုရားကိုင်ချောင်းအား မြေတူးစက်ဖြင့် တူးဖော်လျက်ရှိ

မြိတ်မြို့ ဘုရားကိုင်ချောင်းသည် အရှည်(၂)မိုင်ကျော်ခန့်ရှည်လျားပြီး ရပ်ကွက်(၈)ရပ်ကွက် အား ဖြတ်၍ မြိတ်မြစ်အတွင်း စီးဆင်းလျက်ရှိသော ချောင်းကြီးဖြစ်သည်။ ဘုရားကိုင်ချောင်း
ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း(၆၀)ဖြင့် အမှိုက် သရိုက်များ၊ သဲနုံးများဖြင့် ပြည့်နေသည့်နေရာများတွင် မြေတူးစက်ဖြင့် အရှည် (၄၀၀၀)ပေ၊ အကျယ်(၃၀) ပေ၊ အနက်(၅.၆)ပေ တူးဖော်ခြင်းလုပ်ငန်းကို ဇွန်လ(၁)ရက် နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။

ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းသားများ လေ့လာရေးခရီးနှင့် ပြိုင်ပွဲများယှဉ်ပြိုင်ပြီး မြိတ်မြို့သို့ ပြန်လည်ရောက်ရှိ


နိုင်ငံတော်အတွက် အားထားရမယ့် လူငယ်မောင်မယ်များကို ရေကြောင်းနှင့်လေကြောင်း ဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းများတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား များအား ဒေသန္တရဗဟုသုတရရှိစေရန် လေ့လာရေးခရီးစဉ်နှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ပြီး မိမိတို့၏နေရပ်သို့ ပြန်လာကြသော လူငယ်မောင်မယ်များ သည် ဇွန်လ(၁)ရက် နံနက်(၉း၀၅)နာရီတွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိ လာကြသည်။

Monday, June 2, 2014

ရေလမ်းကြောင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ရှပ်ပြေးအမြန်ရေယာဉ်များတွင် ကယ်ဆယ်ရေးပစ္စည်း အပြည့်အ၀တပ်ဆင်ထားမှု ရှိမရှိစစ်ဆေး

မြိတ်-ထားဝယ်-ကော့သောင်းနှင့် မြိတ်-ကျွန်းစုသို့ ရေလမ်းခရီးမှသွားလာနေသော ခရီးသွားပြည်သူများ ဘေးအန္တ ရာယ်ကင်းဝေးစေရန်နှင့် အန္တရာယ်တစုံတခုဖြစ်ပေါ်ခဲ့ပါက
ရှေးဦးကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်စေရန်အတွက် မြိတ်-ထားဝယ်-ကော့သောင်းနှင့် မြိတ်-ကျွန်းစုသို့ ပြေးဆွဲနေသော ရှပ်ပြေးအမြန်ရေယာဉ်များအား မေလ (၃၀)ရက်နံနက် (၇)နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ရေယာဉ်များဆိုက်ကပ်ထားသည့် ဆိပ်ငယ်ဘောတံတားတွင် ကွင်းဆင်း စစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။

ရေလုပ်သားတွေ အားမကျကြဖို့ သတိပြုသင့်

တစ်ဖက်နိုင်ငံ၌ ငါးဖမ်းလှေသားဝင်ငွေအဖြစ် တစ်လ ဘတ် (၇၀၀၀)ရမည် ဟု မက်လုံပေးစည်းရုံး၍ ရိုးသားမှု၊ ယုံကြည်လွယ်မှုနှင့် လူငယ်သဘာဝ စွှန့်စားလိုမှုများကို အခွင့်ကောင်းယူပြီး ကျွန်းစုရေပြင် ပဲ့ဒိုင်ရွာမှ လူငယ် (၅)ဦးကို မောတောင် နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ရောင်းစားခဲ့သည့် လူကုန်ကူးအဖွဲ့အား မြိတ်မြို့မ ရဲစခန်းမှ ဖမ်းဆီးရမိသည်ဟု သိရှိရပါသည်။