မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, April 10, 2015

သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်

သင်္ကြန်ကာလ အတွင်း မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်
---------------------------------------

၁၃၆၇  ခုနှစ် မဟာသင်္ကြန် ကာလအတွင်း မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါနှင့် တားမြစ်ဆေးဝါးများ သုံးစွဲမှု ပပျောက်ရေးအတွက် အသိပညာပေး မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ နေ့လည် (၁)နာရီ အချိန်မှ (၃) နာရီ အချိန်ထိ မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု အောင်မင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာ လမ်းမကြီးရှိ အောင်မင်္ဂလာ လူငယ်များ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ရာ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆိုင်ကယ် တက္ကစီသမားများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း အင်အား (၆၀) နီးပါးခန့် တက်ရောက်ခဲ့သည်။

Thursday, April 9, 2015

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းအား ကြိုဆို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲ မြိတ်မြို့၌ ပြုလုပ်

ငြိမ်းချမ်းရေး၏ ပထမ ခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်း (NCA ) အား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီး ရှေ့မှောက်၌  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ( UPWC ) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ( NCCT ) တို့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့တို့ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်း အပေါ် အပြည့်အ၀ ကြိုဆို ထောက်ခံကြောင်း  ဆန္ဒဖော်ထုတ်ပွဲအား မြိတ်မြို့၌ ၂၀၁၅ ခုနှစ် ဧပြီလ (၉) နေ့ နံနက် (၆)နာရီ ခွဲအချိန် ပြုလုပ်ခဲ့သည်။



Wednesday, April 8, 2015

လှိုင်းကြီး၍ နစ်မြှုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား (၇) ဦးအား ရေတပ် စစ်ရေယာဉ်မှ ကယ်ဆယ်ရေး ဆောင်ရွက်

လှိုင်းကြီး၍ နစ်မြှုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား (၇) ဦးအား ရေတပ် စစ်ရေယာဉ်မှ ကယ်ဆယ်ရေး ဆောင်ရွက်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ မော်တုံးကြီးကျွန်းနှင့် သမီးလှ ကျွန်း အကြားရှိ ရေပြင်၌ ဧပြီလ (၇)ရက်နေ့ ညနေ (၃)နာရီခွဲကျော် အချိန်၌ လှိုင်းကြီး၍ နစ်မြှုပ်သွားသော ကင်းမွန်မီးထွန်းလှေ ( ကင်းမွန်ဖမ်းလှေ)မှ ရေလုပ်သား (၇) ဦးစလုံးအား ပင်လယ်ပြင် ကင်းလှည့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ် ရန်နိုင် (၅၁၀)မှ တာဝန်ခံ အရာရှိ ဗိုလ်ကြီး သက်ထွဋ်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။ 





စက်လှေ နစ်မြှုပ်နေတာကို ဒေသခံ လှေတစ်စင်းက လာသတင်းပို့လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ကျွန်တော်တို့ လှေနစ်မြှုပ်တဲ့ နေရာကို ချက်ခြင်း သွားခဲ့ပါတယ်။ ညနေ (၅)နာရီ ထိုးချိန်လောက်မှာ ကျွန်တော်တို့ ရောက်ရှိတဲ့အချိန် နစ်မြှုပ်တဲ့ စက်လှေတွေတော့ မတွေ့ရတော့ဘူး ။ လှေသားတွေပဲ ပလပ်စတစ်ပုံး တစ်ပုံးကို ၂ ယောက် လောက် ဖက်ပြီး ကူးနေတာ တွေ့ရပါတယ်။ လှေသားအားလုံး (၇)ယောက်ကို အသက် ဆုံးရှုံးမှု မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ညပိုင်း အချိန် မြှုပ်ရင်တော့ အသက်ရှင်လျက်  ကယ်ဆယ်နိုင်ဖို့ လွယ်ကူမှာ မဟုတ်တော့ဘူး `` ဟု တာဝန်ခံအရာရှိ ဗိုလ်ကြီး သက်ထွဋ်အောင်က ရှင်းပြသည်။


နစ်မြှုပ်သွားသော ကင်းမွန်မီးထွန်းလှေမှာ မြိတ်မြို့ ရေပုန်းနယ်မြေ ငြိမ်းချမ်းရေး ရပ်ကွက် (၇)လမ်းနေ ဦးတင်အောင် ပိုင်ဆိုင်သော လှေဖြစ်ပြီး အလျား (၅၄)ပေ၊ အနံ (၉)ပေ၊ ရေစူး (၄)ပေ (သစ်သားကိုယ်ထည်) ဖြစ်ပြီး ဧပြီလ (၇)ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်က မြိတ်မြို့ အေးစန္ဒာ တံတားမှ တစ်ဆင့် ပင်လယ်ပြင်သို့ ကင်းမွန်ဖမ်းရန် ထွက်ခွာစဉ် လှိုင်းကြီးသဖြင့် စက်လှေ ပျဉ်ပြား (ကန်ပျဉ်) ပွင့်ပြီး နစ်မြှုပ်ခဲ့ကြောင်းနှင့် လှေပေါ်ပါ ပစ္စည်း တန်ဖိုး သိန်း (၁၀၀)ခန့် ဆုံးရှုံးခဲ့ပြီး လှေပေါ်လိုက်ပါလာသော လှေသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ လှေမြှုပ်တဲ့အချိန် ပလပ်စတပ်ပုံး ရေပုံးတွေ တစ်လုံး ၂ ယောက်နှုန်း နဲ့ ဖက်ပြီး ပင်လယ်ပြင်ထဲမှာ တစ်နာရီ နီးပါးလောက် ကူးခတ်နေရ ပါတယ်။ ငါတော့ အသက်မရှင်နိုင်တော့ဘူး ဆိုပြီး တော်တော်ကို ကြောက်ခဲ့ပါတယ်။ လာရောက် ကယ်တင်တဲ့ ရေတပ် ဗိုလ်ကြီးနဲ့ ရဲဘော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ပေးတဲ့ အသက်ပဲ ရှိတော့တယ်ဟု .... ကျောင်းပိတ်ရက် အတွင်း ဖခင် ပိုင်ဆိုင်သော လှေ၌ လိုက်ပါခဲ့သူ အသက် (၁၇) နှစ် အရွယ်ရှိ နိုင်နိုင်ထွန်းက ပြောသည်။

ပင်လယ်ပြင်မှ အသက်ရှင်လျက် ကယ်တင်ရရှိခဲ့သော ရေလုပ်သား (၇) ဦး စလုံးအား စစ်ရေယာဉ် (၅၁၀)ဖြင့် တင်ဆောင်လာပြီးနောက် မြိတ်မြို့ ဆိပ်ငယ် ဘောတံတားတွင် ဧည့်ခန်းမ၌ မိဘဆွေမျိုး များထံ ပြန်လည် လွဲပြောင်း ပေးခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး၊ ရေပုန်းနယ်မြေ အုပ်ချုပ်ရေးမှူး တို့မှ တက်ရောက်ပြီး အားပေး စကား ပြောကြားခဲ့သည်။

အဆိုပါ ရေလုပ်သား (၇) ဦးတို့အား စစ်ရေယာဉ် ရန်နိုင် (၅၁၀)မှ တာဝန်ခံ အရာရှိက လုံချည်တစ်လုံး၊ အင်္ကျီတစ်ထည်၊ စွပ်ကျယ် တစ်ထည်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(ပြည်ထောင်စုနေ့စဉ်သတင်းစာ)


အဘိဓမ္မာနှင့် ယဉ်ကျေးမှု စာမေးပွဲ ကျင်းပ

အဘိဓမ္မာနှင့် ယဉ်ကျေးမှု စာမေးပွဲ ကျင်းပ

(၄၆)ကြိမ်မြောက် မြိတ်မြို့နယ် သံဃာ့ပဝါရဏာ အဖွဲ့မှ ကြီးမူးကျင်းပသော အဘိဓမ္မာနှင့် ပရိယတ္တိ ယဉ်ကျေးမှု မင်္ဂလာ စာမေးပွဲကို ၁၃၇၆ ခုနှစ် တန်ခူး လပြည့်ကျော် (၄)ရက် (၇.၄.၂၀၁၅) အင်္ဂါနေ့တွင် တောင်ပုလဲရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 



Tuesday, April 7, 2015

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား တပ်မတော်(ရေ) ကင်းလှည့်ရေယာဉ်မှ ဖမ်းဆီး

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား တပ်မတော်(ရေ) ကင်းလှည့်ရေယာဉ်မှ ဖမ်းဆီး

တနင်္သာရီရေတပ်စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ကမ်းတက် ရေယာဉ် (၄၂၅)သည် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ ည (၈)နာရီ ကျော် အချိန်ခန့်၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် အနီးသို့ ချဉ်းကပ်ပြီး မီးအချက်ပြ ခေါ်ယူရာတွင် လာရောက်ခြင်း မရှိပဲ မောင်းနှင် ထွက်ပြေးသဖြင့် ထပ်ချပ် လိုက်လံဖမ်းဆီးခဲ့ရာ ၄င်းငါးဗုံးခွဲ စက်လှေအား ဂျာတိုက်ကျွန်း အနောက်တောင် ၃ မိုင်ခန့်အကွာ ၌ အမည်မရှိ တရားမ၀င် ငါးမိုင်းခွဲလှေ (အလျား ၅၀ ပေ ၄ လက်မ ၊ အနံ ၇ ပေ ၆ လက်မ ၊ ရေစူး ၃ ပေခန့်) သစ်သား ကိုယ်ထည်လှေနှင့် စက်မကြီး HENO EH - 700 ၆ လုံးထိုး ၊ မြင်းကောင်ရေ ၁၈၀ ) တစ်စီးအား မြန်မာလှေသား အမျိုးသား (၈) ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။

Monday, April 6, 2015

သင်္ကြန်ကာလ အတွင်း မှုခင်းများ မဖြစ်ပွားရေး ယာဉ်အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြောပွဲ ပြုလုပ်



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၇၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး(မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး နေဝင်း၊ မြိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နေလင်း၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စိတ်(မြိတ်)မှ ရဲအုပ် အောင်ကျော်မြင့် တို့ပါဝင်သော အဖွဲ့သည် ၁၃၇၆ ခုနှစ်၊ မဟာသင်္ကြန် အကြိုကာလ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မှုခင်းကျဆင်းရေး ပညာပေး ဟောပြောပွဲကို ၃.၄.၂၀၁၅ ရက်နေ့ ည (၇)နာရီခွဲမှ (၉)နာရီ အချိန် အထိ ဆောင်ရွက်ခဲ့ရာ ကန်ဖျားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ၊ စုစုပေါင်း(၄၅)ဦးခန့်တက်ရောက်ခဲ့သည်။

သင်္ကြန်ကာလအကြို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် မှတ်ပုံမတင် ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးဆောင်ရွက်

သင်္ကြန်ကာလအကြို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် မှတ်ပုံမတင် ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးဆောင်ရွက်
--------------------------------------
(၂-၄-၂၀၁၅) ရက်နေ့ နံနက်(ဝ၉၀ဝ)အချိန်မှ (၁၁၃၀)အချိန် အထိ အမှတ်(၇၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ ရဲအုပ် သူရထွန်း ဦးစီး(၁+၅)ဦး၊ မြိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီး(၁+၄)ဦး၊ မြိတ်ခရိုင် ဆိုင်ကယ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးသောင်းနိုင်ပါ (၃)ဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့သစ်ဈေးအနီး၊ ဦးမြတ်လေး လမ်းမကြီးတွင် မော်တော်ယာဉ် (၁၅)စီး၊ ဆိုင်ကယ်(၄၈)စီး တို့အား ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် စစ်ဆေးဆောင်ရွက်ခဲ့ရာ ယာဉ်မောင်းလိုင်စင် မပါ မော်တော်ယာဉ်(၃)စီးနှင့် မော်တော်ဆိုင်ကယ်(၁၉)စီး၊ ပေါင်း(၂၂)စီးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ဒေါ်မြင့်အောင်၊ (၄၄)နှစ်၊ (ဘ)ဦးအောင်ချစ်၊ မှတ်ပုံတင်(မမှတ်မိ)၊ ရောင်း/ဝယ်၊ သီတာ(၂)လမ်း၊ ထားဝယ်ကမ်းရပ်ကွက်၊ မြိတ်မြို့နေသူထံမှ နံပါတ်မပါ miofino အမျိုးအစား၊ ဘောင်/စက် အမှတ်(စိစစ်ဆဲ)၊ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအား လိုင်စင်မဲ့စစ်ဆေးတွေ့ရှိခဲ့ ပါသည်။
 

Saturday, April 4, 2015

၂၀၁၅ခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ဗဟိုမဏ္ဍာပ်ကို ယခင်နှစ်က အတိုင်း တိုင်းစည်ပင်ရုံးအရှေ့တွင် ပြုလုပ်မည်

၂၀၁၅ခုနှစ် မြိတ်သင်္ကြန် အက အလှ ဖျော်ဖြေရေးနှင့် ဆုပေး မဏ္ဍာပ်များ နည်းပါး ၊ ဗဟိုမဏ္ဍာပ်ကို ယခင်နှစ်က အတိုင်း တိုင်းစည်ပင်ရုံးအရှေ့တွင် ပြုလုပ်မည် 

၂၀၁၀ ခုနှစ် မတိုင်ခင်က တိုင်းအဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ကာ သင်္ကြန် ပွဲတော်အား နှစ်စဉ် ဆုပေး မဏ္ဍာပ်များ များပြားစွာ ဆောက်လုပ်ပြီး စည်ကား ပျော်ရွှင်စွာ ကျင်းပခဲ့သည့် မြိတ်မြို့ သင်္ကြန်ပွဲတော် သည် ယခု အခါ ခရိုင်အဆင့် ရုံးစိုက်ရာမြို့ ဖြစ်သွားပြီးနောက် လေးနှစ် အတွင်း ဆုပေး မဏ္ဍာပ်များ နည်းပါး သွားပြီး ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ရေကစား မဏ္ဍာပ် (ရှမ်းချောင်းရပ်ကွက်) နှင့် မြိတ်ခရိုင် မဟာသင်္ကြန် ဗဟို မဏ္ဍာပ် (ကန်ဖျားလမ်းမကြီး၊ တိုင်းစည်ပင်ရုံးရှေ့) ၊ မြိတိအများပိုင် ကုမ္ပဏီ မဏ္ဍာပ် (ကမ်းနားလမ်းသဲကွင်း) ၃ ခုသာ ဆောက်လုပ်ပြီး ဖျော်ဖြေမည် ဖြစ်သည်။

၂၀၁၀ခုနှစ် မတိုင်ခင်က မြိတ်မြို့ သင်္ကြန်သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မဏ္ဍာပ် ၊ မြိတ်ခရိုင် ဗဟိုမဏ္ဍာပ် ၊ ဆောက်လုပ်ရေး မဏ္ဍာပ် ၊ ပြည်ထဲရေး မဏ္ဍာပ် ၊ ပြည့်ဖြိုးထွန်း မဏ္ဍာပ်၊ မြိတ်တောင် ရပ်ကွက် မဏ္ဍာပ်၊ ဆိပ်ကမ်း မဏ္ဍာပ်၊ ဦးစောဂျက် မဏ္ဍာပ် စသည်တို့မှာ တစ်နေကုန် ဖျော်ဖြေရေး အစီအစဉ်များ ဖြင့် ၊ ရေကစားခြင်း များဖြင့် ကြိတ်ကြိတ်တိုး စည်းကား ခဲ့သည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်း တစ်လျှောက် ၊ လေယာဉ်ကွင်းလမ်းနှင့် ကန်ဖျားလမ်းမကြီး၊ နောက်လယ် ပိတောက် ရွှေဝါလမ်း၊ မြိတ်တောင်ရပ်ကွက် အောင်ဆန်း လမ်းမကြီးနှင့် အလယ်ကျွန်း နယ်မြေ ဘုရားကိုင်လမ်းမကြီး ၊ ကမ်းနားလမ်း စသည်တို့တွင် ရေပက်ခံသူများ ၊ ရေကစားသူ အနားယူ သူများဖြင့်၊ မော်တော်ဆိုင်ကယ်များ ၊ လမ်းလျှောက် ရေကစား သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။


ပြည်သူ့အသံ

မြိတ်မြို့ ကမ်းနားလမ်း သာယာလှပမှု ထိခိုက်စေသော စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း
တားဆီးပေးစေလို

စာတည်းခင်ဗျား

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်း တစ်လျှောက် လူစည်ကားရာ နေရာ များတွင် စည်းကမ်းမဲ့ အမှိုက်မပစ်ရ၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် စသည့် ဆိုင်းဘုတ်များ စိုက်ထူ၍ ဆိပ်ကမ်း သာယာ လှပရေး အတွက် အသံပေး ကြေညာထားသော်လည်း အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေကြသည်။


 


အဆိုပါ အမှိုက်များကြောင့် ရေထု ညစ်ညမ်းသည့် အပြင် ပင်လယ်ရေ ကျချိန်များတွင် မြို့၏ ဂုဏ် ကျက်သရေ ညှိုးနွမ်းမှု ဖြစ်ပေါ်ခြင်း၊ ပြည်တွင်း ပြည်ပ ကုန်တင် သင်္ဘောကြီးများ ၀င်ထွက် သွားလာရန် အခက်အခဲများ ရှိလာခြင်း၊ ခရီးသည်တင် စက်လှေငယ်များ ပန်ကာဖြင့် အမှိုက်များ ရစ်ပတ်ကာ တိမ်းမှောက် မှုများ ဖြစ်ပွားခြင်း ၊ ပင်လယ်နေ သတ္တ၀ါများ မျိုးသုဉ်း ပျောက်ကွယ်မှုများ ဖြစ်ပေါ် လာနိုင်ခြင်း တို့ကြောင်း သက်ဆိုင်ရာမှ ဆိပ်ကမ်း သာယာ လှပရေး အတွက် ဆောင်ရွက်ပေးပါရန် စာတည်းထံမှ တစ်ဆင့် တင်ပြအပ်ပါသည်။

အမြင်မတော်သူ တစ်ဦး
၃-၄-၂၀၁၅ ရက်နေ့ထုတ် မြ၀တီ သတင်းစာမှ