မြိတ်ခရိုင် အတွင်းရှိ နိုင်ငံရေး ပါတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် သင်တန်းသား
သင်တန်းသူ (၆၀)ဦး တက်ရောက်ပြီး Myanmar Egress Capacity Development Center မှ
သင်တန်းနည်းပြ (၅)ဦး လာရောက် ဆွေးနွေး ပို့ချသည့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု
အထောက်ကူပြု သင်တန်းကို သြဂုတ်လ(၉)ရက် နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာ
ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းကို မြိတ်ဒေသရှိ
အနာဂတ် လူငယ်များ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍
မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၊ မြိတ် အများပိုင် ကော်ပိုရေးရှင်း
လီမိတက် နှင့် Myanmar Egress Capacity Development Center တို့ ပူးပေါင်း ဖွင့်လှစ် ခဲ့ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment