အမြန်ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု အန္တရာယ်ရှိ
တနင်္သာရီတိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက်ရှိသည့် မြိတ်-ထားဝယ်-ကော့သောင်း ခရီးသည်တင် အမြန်ရေယာဉ်များတွင် စီးနင်းသူ များပြားလာခြင်းနှင့် အတူ ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု သည် အန္တရာယ် ရှိကြောင်း မြိတ်ဒေသခံ ခရီးသွား တစ်ဦးက ပြောသည်။
ထို့ပြင် သက်ဆိုင်ရာမှ ခရီးသည်တင် အမြန်ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေး အတွက် မိုးလေဝသ အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ကြေညာပေးသည့် အပြင် ခရီးစဉ်အလိုက်၊ သင်္ဘော အရွယ်အစား အလိုက်၊ ခရီးသည် အရေအတွက်နှင့် ကုန်တန်ချိန် များကို သတ်မှတ် ပေးထားကြောင်း သိရသည်။
0 comments:
Post a Comment