Friday, November 16, 2012

မြိတ်မြို့တွင် တရားမ၀င် ဓာတ်ဆီဆိုင်များ ပေါများလာသဖြင့် မီးဘေးအန္တရာယ် စိုးရိမ်နေရ

 မြိတ်မြို့ လမ်းဘေးတစ်နေရာတွင် ဖွင့်လှစ်ထားသည့် 
တရားမ၀င် ဓာတ်ဆီဆိုင်တစ်ဆိုင်

မြိတ်မြို့တွင် ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အညီ မော်တော် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ၊ တိုးတက် များပြားကာ လိုအပ်ချက်အရ မြိတ်မြို့ပေါ် လူနေ ရပ်ကွက်များ အတွင်း နေအိမ်များ၌ တရားမ၀င် ဓာတ်ဆီဆိုင်များ ဖွင့်လှစ် ရောင်းချမှု ပေါများ လာသဖြင့် မီးဘေး အန္တရာယ် အထူး စိုးရိမ် နေရကြောင်း ဝေဖန် ပြောကြားလျက် ရှိသည်။

မြိတ်မြို့တွင် တရားဝင် ဖွင့်လှစ်ခွင့် ရရှိသည့် ဓာတ်ဆီ ဆိုင်များမှာ ဘုရားငါးဆူတွင် တစ်ဆိုင်၊  ရှမ်းချောင်း လမ်းမကြီးတွင် တစ်ဆိုင်နှင့် ကန်ကြီး ရပ်ကွက် မြန်အောင် လမ်းတွင် (၁) ဆိုင်သာ ရှိသဖြင့် အလွယ်တကူ ၀ယ်ယူ ရရှိနိုင်သော နေအိမ်များတွင် ဖွင့်လှစ်ထားသည့် ဆီဆိုင်များတွင်သာ ၀ယ်ယူမှု များပြားခြင်းကြောင့် ဓာတ်ဆီဆိုင်များ ပေါများလာခြင်း ဖြစ်သည်။

ယခင် အစိုးရ လက်ထက်တွင် မြို့တွင် ရှိ ဓာတ်ဆီဆိုင်များအား ကမ်းနားလမ်းနှင့် သဲကွင်း၊ ကန်ဖျားရပ် ကန်စွန်းခင်း များတွင် နေရာ သတ်မှတ်ပြီး ရောင်းချ ခွင့်ပြုကာ အား/ကာ ရန်ပုံငွေအဖြစ် တစ်လ(၆)ထောင် ကျပ် ကောက်ခံခဲ့ဖူးသည်။ နောက်ပိုင်းတွင် ၀ယ်ယူ သုံးစွဲသူများ အနေဖြင့် တကူးတက ၀ယ်ယူရခြင်း၊  ဂါလန်ပုံးများဖြင့် ၀ယ်ယူပြီးနောက် နေအိမ်များတွင် သိုလှောင်မှု ပိုမို များပြား လာသဖြင့် မီးဘေး အန္တရာယ် ပိုမို စိုးရိမ်ခဲ့ရသဖြင့် ဖော်ပြပါ နေရာများတွင် ရောင်းချခြင်းမျာ အလိုအလျောက် ပယ်ပျက်သွားသည်။

အခု ရောင်းချသည့် တရားမ၀င် ဓာတ်ဆီ ဆိုင်များမှာ ယခင်ကကဲ့သို ဓာတ်ဆီ ပုလင်း သီးသန့် မဟုတ်ဘဲ လီတာပန့် ဖြင့် ပေပါပုံးများဖြင့် ဆက်သွယ်ကာ ရောင်းချလက်ရှိသည်။ အလတ်စား ဆိုင် တစ်ဆိုင်လျင် အနည်းဆုံး (၅) ပီပါခန့် သိုလှောင် ရောင်းချလျက် ရှိပြီး သိုလှောင်ရာတွင်လည်း မီးဘေး ကြိုတင်ကာကွယ်မှု အစီအစဉ် နည်းပါးသဖြင့် မီးဘေးအန္တရာယ် အထူး စိုးရိမ် ရကြောင်း သိရှိရသည်။

ဓာတ်ဆီ ဆိုင် တစ်ဆိုင် ဖွင့်လှစ်မည် ဆိုပါက ကနဦး အဖြစ် မြို့နယ် မီးသတ်မှ မီးသတ်ဆေးဘူးအား ဈေးကြီးပေး ၀ယ်ယူရပြီး နောက် လစဉ် သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ ဓာတ်ဆီ (၁) ဂါလန်၊ မြိတ်မြို့နယ် မီးသတ် တပ်ဖွဲ့ စခန်း သို့ ဓာတ်ဆီ (၁)ဂါလံ ပေးဆောင်ရကြောင်း ဆီဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

မြိတ်မြို့ ပြည်သူလူထုများ အနေဖြင့် ရပ်ကွက် အလိုက် အလွယ်အကူ ၀ယ်ယူရရှိရန် လွယ်ကူပြီး မီးဘေး လုံခြုံရေး ကြိုတင်ကာကွယ်မှု အစီအမံ ရှိသည့် တရားဝင် ဓာတ်ဆီဆိုင်များ ဖွင့်လှစ်ပေးရေး လိုအပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments: