တနင်္သာရီတိုင်းဒေသ ကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖ တောင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သော KNLA တပ်မဟာ(၄) တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉နာရီ အထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLA တပ်ရင်း(၁၁)တို့ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ ကျဆုံး သူမရှိသော်လည်း KNLAဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
ဝှေးဖဒေသတွင် KNU/KNLA တပ်မဟာ(၄)တပ်ရင်း (၁၁)အခြေပြုတပ်စွဲထားပြီးတပ် မတော်စစ်ကြောင်း လမ်းမှား၍ နယ်ကျွံခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း တပ်မမှူးဖဒိုစောနေထူးက ပြောသည်။
အပစ်အခတ်ရပ်စဲထားပြီး ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကြား နယ်မြေသတ် မှတ်ချက်များရှိပြီး စစ်ကြောင်းများ ဖြတ်သန်းပါက ကြိုတင်အသိပေး ရလေ့ရှိသည်။
‘‘KNU ကမှားပြီးပစ်တာ။ တခြား အဖွဲ့တွေ ၀င်လာတယ်ထင်လို့။ အဲဒီမှာက တပ်မတော် အပြင် တခြား နှစ်ဖွဲ့ရှိသေးတယ်’’ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)မှ အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြော သည်။ တိုက်ပွဲဖြစ်ပွားသော နယ်မြေသည် တပ်မဟာ(၄)မှ တပ်ရင်း(၁၁) တမ်မမှူး ဖဒိုစောနေထူး၏ နယ်မြေဖြစ်ကြောင်း သတင်းရရှိ သည်။
ကရင်အမျိုးသား အစည်း အရုံးနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီးနောက်ပိုင်းတပ်မဟာ(၅) နယ်မြေတွင်သာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှု ကြောင့် KNLA တပ်များကို ပြန် လည် တပ်လှန့်ထားပြီး နှစ်ဖက် တာဝန်ရှိသူများ နယ်မြေတပ်များ ကို ပြန်လည်ကြပ်မတ်သွားမည် ဖြစ်ကြောင်း KNUတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေး ရုံးမှ သတင်းရရှိသည်။
7Day Daily
Android Mobile Security antivirus
-
*360 mobile guards*
360 Guardian Phone is a free mobile phone security software, anti-spam SMS
collection, anti-harassment calls, anti-privacy leak, secur...
10 years ago







0 comments:
Post a Comment