Thursday, October 16, 2014

မြိတ်မြို့ အဝေးပြေးကားဝင်း ကာရာအိုကေနှင့် စားသောက်ဆိုင်ခန်း မီးလောင်

မြိတ်မြို့ အဝေးပြေးကားဝင်း ကာရာအိုကေနှင့် စားသောက်ဆိုင်ခန်း မီးလောင်

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်း ရပ်ကွက် အဝေးပြေးကားဝင်း ပထမလမ်းတွင်  ဖွင့်လှစ် ထားသော `` ရွှေဖူးစာ ´´ ကာရာအိုကေနှင့် စားသောက်ဆိုင် အပေါ်ထပ်ရှိ အိပ်ခန်း အတွင်း ခြင်ဆေးခွေ ထွန်းညှိ ထားရာမှ သစ်သား ကြမ်းပြင်ကို မီးကူး စက် လောင်ကျွမ်းမှု ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ် ဖြစ်ပွား ခဲ့သည်။


မီးလောင်ကျွမ်းမှုကြောင့် အလျား ၁၂ ပေ၊ အနံ ၂၀ ပေရှိ ရွှေဖူးစာ ကာရာအိုကေ စားသောက်ဆိုင်ခန်းမှာ အပေါ်ထပ် သစ်သား ကြမ်းခင်းနှင့် အောက်ထပ်ရှိ သုံးထပ်သား ကာရံထားသော ကာရာအိုကေ အခန်း (၂)ခန်း၊ တီဗီ ၂ လုံးနှင့် ဆောင်းဘောက်များ၊ မီးလောင် ကျွမ်းသည့် အပြင် နဘေး အခန်းဖြစ်သည့် ရင်ခွင်သစ် ကာရာအိုကေ စားသောက်ဆိုင် အမိုးမျက်နှာကျက် အနည်းငယ် ပျက်စီးခဲ့သည်။


မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ မြိတ်ခရိုင် မီးသတ် ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၊ မီးသတ်ယာဉ် (၁၃) စီး တို့ ငြိမ်းသတ်မှုကြောင့် နံနက် ၉နာရီ ၁၅ မိနစ် အချိန်တွင် မီးညွန့်ကျိုးသွားပြီး ၉နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး (၈)သိန်း (၄)သောင်း ခန့် ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာ အသုံးပြုသူ ရွှေဖူးစာ ဆိုင်တာဝန်ခံ ဒေါ်ခိုင်သဇင်အား မြိတ်မြို့မ ရဲစခန်းမှ (ပ) ၆၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။







0 comments: