တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်ရွာအနီး၌ ဒိုင်နာမော်တော်ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး
---------------------------------------------
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်တွင် ယာဉ်မောင်း ဦးဖိုးရှမ်း မောင်းနှင်းလာသော ယာဉ်အမှတ် (xxxxx)၊ ဒိုင်နာအဖြူ ၊ ကားသည် တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာ အုပ်စု၊ ရေဖြူကျေးရွာမှ အလုပ်သမားများ တင်ဆောင်၍ သိန်ခွန်းကျေးရွာ အုပ်စု၊ ချောင်းနှစ်ပေါက်ရွာရှိ တံတားသို့ အလုပ်လုပ်ရန် မောင်းနှင်စဉ် ချောင်းနှစ်ပေါက်ရွာနှင့် ထုံးခါးရွာကြားရှိ မိုင်တိုင်အမှတ် (၆၇)တွင် အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းပါ ကျား (၆)ဦး၊ မ (၁၁)ဦး စုစုပေါင်း (၁၇)ဦး ဒဏ်ရာရရှိ၍ ကျား (၁)ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်၊ တောင်ကြားလမ်းနေ မောင်သက်နှင်းဘို အသက် (၁၅)နှစ်၊ (ဘ) ဦးဝင်းဘို ဖြစ်ကြောင်း သိရပြီး ဒဏ်ရာရသူ အချို့မှာ တနင်္သာရီမြို့ ပြည်သူ့ဆေးရုံကြီး ဆေးကုသမှု ခံယူနေကြောင်းနှင့် ဒဏ်ရာ ပြင်းထန်သော လက်ဖျံရိုးကျိုး (၁)ဦး၊ ညှပ်ရိုးကျိုး (၁)ဦး၊ လက်မောင်းရိုးကျိုး (၁)ဦး၊ ပါးရိုးပွန်းပဲ့ (၁)ဦး စုစုပေါင်း အမျိုးသမီး(၄)ဦးသည် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ (၁၂)နာရီခွဲ အချိန်တွင် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။
Android Mobile Security antivirus
-
*360 mobile guards*
360 Guardian Phone is a free mobile phone security software, anti-spam SMS
collection, anti-harassment calls, anti-privacy leak, secur...
10 years ago







0 comments:
Post a Comment