Sunday, April 12, 2015

ပုလောမြို့နယ် ကျောက္ကာရွာ၌ စိတ်ကြွဆေး ဖမ်းဆီးရမိ


(၁၁. ၄.၂၀၁၅) ရက်နေ့ မွန်းလွဲ (၁၂း၀၀) နာရီခန့်က တနသာင်္ရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၌ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါများ အန္တရာယ် တားဆီး ကာကွယ် နှိမ်နင်းရေး အဖွဲ့ နှင့် ပုလောမြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲအုပ် စိုးထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များပါ ပူးပေါင်း 


အဖွဲ့သည် ကျောက္ကာရွာ အမှတ် (၄) ရပ်ကွက်နေ ကိုဖြူတုံး နေအိမ်အား သတင်းအရ ၀င်ရောက် ရှာဖွေခဲ့ရာ wy စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၁၀၅) ပြား ဖမ်းဆီး ရရှိမိခဲ့သည်။ သက်သေခံ မူးယစ်ဆေးဝါးများ နှင့်တကွ လက်ပူး လက်ကြပ် ဖမ်းမိတရားခံ ဖြူတုန်း(ခ) တင်ဝင်းနိုင် (၃၀) နှစ် (ဘ) ဦးမြင့်ပိုအား မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

သတင်းမီဒီယာ

0 comments: