Thursday, November 7, 2013

မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကြီး စတင်ပြီ



မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံး ဘုရားပွဲတော် အဖြစ် မှတ်တမ်း ၀င်ခဲ့ပြီး တနင်္သာရီတိုင်း အတွင်း ထင်ရှားကျော်ကြားပြီး စည်ကားသည့် (၈၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတော်ကြီးအား မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး၍ မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၄) ရက်နေ့ အထိ  ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 




ယနေ့ (၇) ရက်နေ့တွင် ဝေသန္တရာကျောင်း ဂန္ဓကုဋိတိုက်မှ မြိတ်မြို့ အတွင်းရှိ ရပ်ကွက် အသီးသီးတွင်တွင် ပင့်ဆောင် ပူဇော်ထားသော နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား ခေတ္တ သီတင်းသုံးမည့် ဘုရားငါးဆူ ကွင်း သာသနာ နယ်မြေရှိ ယာယီ စံကျောင်းတော်များသို့ ပို့ဆောင်ပြီး အပူဇော်ခံမည် ဖြစ်သည်။ ဘုရားပွဲတော် ကျင်းပနေစဉ် အတွင်း ညစဉ် တေးဂီတ၊ ဇာတ်သဘင် ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဧည့်ခံမည် ဖြစ်ပြီး ပွဲတော်လာ ပရိသတ်များ အတွက် ဘုရားပူဇော်ခွင့် ဆုမဲများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ယာယီ စံကျောင်းတော်၌ အပူဇော်ခံတော် မူနေသည့် နှစ်ကျိပ်ရှစ်ဆူ ကုန်သော ဘုရားရှင်များသည် မြိတ်မြို့နယ် အတွင်း ညလုံးပေါက် ဒေသစာရီ လှည့်လည် အပူဇော်ခံမည် ဖြစ်ပြီး ဒေသစာရီ လှည့်လည် အပူဇော်ခံနေစဉ် အတွင်း မြိတ်ခရိုင် အတွင်းရှိ မြို့နယ် အသီးသီးမှ ဗုဒ္ဓ ဘာသာဝင် များသည် ဘုရားရှင်များအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာ များ၊ ကပ်လှူခြင်း၊ ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့များ အလိုက် စုပေါင်းပြီး အကျွေးအမွေးဖြင့် ဧည့်ခံခြင်းများ ပြုလုပ် မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: