Sunday, April 20, 2014

မြိတ်မြို့ မြိတ်တောင်ရပ်ကွက်၌ သက်ကြီးပူဇော်ပွဲ ပြုလုပ်

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ ၊ စေတနာရှင် အလှူရှင်များ ရပ်ကွက် ပြည်သူလူထုများ စုပေါင်းပြီး တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အား မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ ဧပြီလ (၁၉) ရက်နေ့ ညနေ (၄) နာရီအချိန် ကျင်းပပြုလုပ် ခဲ့သည်။




သက်ကြီး ပူဇော်ပွဲ အခမ်းအနားတွင် ပထမဦးစွာ မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မင်းနှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ ၊ စေတနာရှင် အလှူရှင်များက မြိတ်မြို့ ဘုရားကိုင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ကေသရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ ပြီးနောက် သံဃာတော် အရှင်မြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထိုနောက် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း ပြီးနောက် လှူဒါန်းမှု အစုစု တို့အတွက် သာဓုအနုမောဒန ပြုကြသည်။ 


ထိုနောက် မြိတ်တောင်ရပ်ကွက် အတွင်းရှိ သက်ကြီး ဘိုးဘွား စုစုပေါင်း (၅၀) ဦးတို့အား မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ ၊ စေတနာရှင် အလှူရှင်များက ငွေသားနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်း ပူဇော်ကြသည်။ ထိုနောက် အဘိုးတစ်ဦးက ဆုံးမသြ၀ါဒ စကားပြောကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

0 comments: