Friday, April 25, 2014

တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် မွမ်းမံသင်တန်း ဖွင့်လှစ်



ပညာရေး ၀န်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော အလယ်တန်း အထက်တန်းအဆင့် ဘ၀တွက်တာကျွမ်းကျင်စရာ ဘာသာရပ်မွမ်းမံသင်တန်း ဖွင်ပွဲ အခမ်းအနားကို ဧပြီ လ(၂၅)ရက် နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမက(မြစ်ငယ်) ကျောင်းတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး ပညာရေးမှူးကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူး ဦးသီးလှိုင်နှင့် မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦးတို့က အမှာစကား ပြောကြားကြသည်။


ယင်းနောက် အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ(စစ်ဆေးရေး) ဒေါ်ယဉ်မြင့်က ပညာရေး ၀န်ကြီးဌာနမှ သင်တန်း ဖွင့်လှစ်မှု အခြေအနေနှင့် ကျောင်းသား လူငယ်များ အတွက် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များ သင်ကြား လေ့ကျင့်ပေးနိုင်ရေး အကြောင်းတို့ကို ရှင်းလင်း တင်ပြပြီး သင်တန်း တာဝန်ခံ ဒေါ်အေးမြင့်ဦးက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ရှင်းလင်း တင်ပြပြီး အခမ်းအနား ရုပ်သိမ်းသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြ (၁၈)ဦးမှ သင်တန်းသား/သူ တနင်္သာရီတိုင်း အတွင်းရှိ အလယ် တန်းပြနှင့် အထက်တန်းပြ ဆရာ/မ(၂၆၆)ဦးအား ကျောင်းသား/သူများ အတွက် ဘ၀ တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များ သင်ကြား ပို့ချ ပေးသွားမည် ဖြစ်၍ လေ့လာသူ(၁၅) ဦးဖြင့် သင်တန်းကို ဧပြီလ(၂၅)ရက်မှ(၂၉) ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


မြိတ်ပြန်ဆက်

0 comments: