မြို့နယ်များတွင် တာဝန်ထမ်းဆောင်ကြသည့် အထွေထွေဆိုသည့် ရဲတပ်ဖွဲ့ဝင်များ စားဝတ်နေရေး အင်မတန်ခက်ခဲပါတယ်။ စားဝတ်နေရေး အဆင်ပြေစေရန် အချုပ်တရားခံ လာတွေ့သည့် သူဆီက တောင်းကြလို့ အရေးယူခံကြရတာ လက်တွေ့ပါဘဲ။ နယ်ထိန်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သူတို့ဘ၀ စဉ်းစားလို့ မရရှာဘူး။အထွေထွေတစ်ဦးက တစ်လုံးနှစ်လုံးသုံးလုံး အပါအ၀င် ဒုစရိုက်သမားဆီမှာ မတောင်းရဲကြပါဘူး။ ဒုစရိုက်သမား ဆီတောင်းလိုက်ရင် ဒုစရိုက်သမားက အထွေထွေလား/ နယ်ထိန်းလား၊ တိုင်း/ခရိုင်ဓ/န(ယခု မှု/ကူ)လား၊ စစစလား၊ SB လားဆိုတာ သိပြီးသားပါ။
အဲဒိအချိန်က ယခုလို သင်တန်းစရိတ် ခရီးစရိတ်/ကျန်းမာရေး/ပညာရေး ထောက်ပံ့တာ မရှိပါဘူး။ ရိက္ခာ၊ ထောက်ပံ့ကြေး ဝေးပါသေးတယ်။ ယခု ၂၀၁၃/၁၄ ဘဏ္ဍာရေးနှစ်မှ ပေးထားလို့ အတော်အသင့် အဆင်ပြောကြတာ မြင်တွေ့ရပါတယ်။
အထွေထွေတပ်ဖွဲ့ဝင်၏ သားတစ်ဦး အသက်အရွယ်ရလာလို့ ဗုဒ္ဓဘာသာဝင်ပီပီ ရှင်ပြုမင်္ဂလာ မလုပ်နိုင်သဖြင့် မြို့နယ်မှူး/ စခန်းမှူး ပူးပေါင်းပြီး ဆောင်ရွက်လှူးဒါန်းခဲ့တာ လက်တွေ့မြင်ဘူးပါတယ်။ အလှူမင်္ဂလာပွဲသို့ မြို့နယ်မှူး/စခန်းမှူး အရှိန်နဲ့ မြို့ပေါ်က လူတွေ လာရောက်ကြရာမှာ ပြုံးပျော်ရွှင်သောမျက်နှာဖြင့် ရှိနေပေမဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က မိမိသားသမီးကို မိမိလစာဖြင့် မလှူဒါန်းနိုင်တာ ကျိတ်မနိုင်ခဲမရဖြစ်နေမှာ သေချာပါတယ်။
တာဝန်က(၂၄)နာရီ အပြင်မှာစီးပွားရှာလို့ မရပါ။ အခြားဝန်ထမ်းနှင့် ရဲလုပ်ငန်းလုံးလုံး မတူပါဘူး။ အခြားဝန်ထမ်းမှန်သမျှ စနေ/ တနင်္ဂနွေဆို ရုံးမှာ လူတောင်မရှိဘူး။ ရုံးစောင့်ဘဲရှိတယ်။ ရဲနှင့်ကျန်းမာရေး အဲလိုနေလို့ မရဘူး။ ဆေးရုံမှာ တစ်ရက်ဝင် တရက်ထွက်ပါ။ ရဲက အဲလိုမရပါဘူး။ ကျောင်းဆရာ ပိုဆိုသေးတယ်။ ကျောင်းစာသင်ရသည့် အချိန်ကို ကျောင်းသား/သူ တစ်ယောက် ဆီက စာသင်အချိန်ဇယားကို ယူကြည့်လိုက်ပါ။ (၂)လကျောင်းပိတ်မပါသေးဘူး။ ဆရာ/ဆရာမ တစ်ယောက်ရဲ့ တာဝန်ထမ်းရသည့် အချိန်ထွက်ပေါ်လာမယ်။ အခြားဝန်ထမ်းတွေကို ပုတ်ခတ်ပြောတာ မဟုတ်ပါဘူး။ လုပ်ငန်းသဘော သဘာဝခြင်း မတူတာကို သိစေချင်တာပါ။ ရဲမှာက အချုပ်ခန်းရှိတယ်။ အချုပ်တရားခံဆိုတာ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး။ စတိုးထဲမှာ ဆေးဝါးပစ္စည်းထားတာ မဟုတ်ပါ။ လက်နက်ထားတာပါ။ အချုပ် တရားခံနှင့် လက်နက်တိုက် တစ်ခုခုဖြစ်ရင် ကင်းတစ်ဖွဲ့လုံး ခေါင်းရှိုးဝင်ရမှာ။ လစာနှင့်အနိုင်နိုင် စားသောက်ရသည့်ကြား ခေါင်းရှိုးဝင်ရရင် မိသားစု ဘယ်သူကျွေးမွေးမလဲ။ ဘယ်သူမှ တာဝန်မယူဘူးဗျ။ ယခင်စွမ်းစွမ်းတမံ ထမ်းဆောင်းခဲ့ပါစေ၊ ဘာဆု/ညာဆု ရနေပါစေ၊ ဖြစ်လာရင် အကုန်လုံး ဘယ်သူမှ တာဝန်မယူဘူးဆိုတာ မြင်တွေ့ရပါလိမ့်မယ်။
ဖွဲ့စည်းပုံပြောင်းတာက မြို့မရဲစခန်း အချုပ်ခန်းက မပြောင်းပါဘူး။ အချုပ်ခန်းက(၁၀)ဦးဆန့်၊ ရှိတာက (၁၀)ဦးကျော် အချုပ် တရားခံနှင့် အချုပ်သားမမျှဘူး။ ထောင်နှင့် နီးရင်တော်သေးတယ်။ ထောင်နဲ့မနီးရင် အဲဒိစခန်း လည်ပင်းကြိုးကွင်းစွပ်ထားပြီ။ တစ်ခုခုဖြစ်တော့ အင်အားနှင့် အချုပ်သား၊ အချုပ်ခန်းနှင့် အချုပ်သား မမျှတာကိုမမြင် အဆင့်ဆင့်ကြပ်မတ်မှုမရှိဆိုပြီး ထောင်ချခံရမှာ မလွဲမသွေပါ။ အထွေထွေ ဆိုသည့်တပ်ဖွဲ့ဝင် နှစ်လံမထူတော့ဘူး။ ဒါဟာ ရဲစခန်းများ တိုင်းလိုလိုပါ။ အချုပ်ကင်းပြီးတော့ ရုံးထုတ်တော့ လည်းသူတို့ပါဘဲ။ အထွေထွေက ထိုးကျွေးခံပွန်းလေးတွေပါ။ အခြားနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံရဲတပ်ဖွဲ့ရှိ ကိုဘန်း(လှည့်ကင်းစခန်း)နှင့် ချူဇိုင်းရှိုး (နေအိမ်လှည့်ကင်းစခန်း) တာဝန်ထမ်းရသည့် ရဲတပ်ဖွဲ့ဝင်များသည် တစ်ပတ်လျှင်(၅)ရက်၊ (၁)ရက်လျှင်(၈)နာရီ ထမ်းဆောင်ရပြီး မော်တော်ကားငယ်များကို လှည့်ကင်းဆောင်ရွက် ရန်နှင့် ခရီးသွားရန် အတွက် တပ်ဖွဲ့ဝင်များကို ထုတ်ပေးထားရှိသတဲ့။ တာဝန်ထမ်းဆောင်ချိန်နှင့် ရဲလုပ်ငန်းသုံးပစ္စည်းများကို အခြားနိုင်ငံများ နည်းတူ ပြောင်းလဲ သတ်မှတ်ပြင်ဆင်ဖို့ လိုအပ်ပါကြောင်း၊ အခြား ၀န်ထမ်းအောက်ခြေနှင့် ရဲတပ်ဖွဲ့ အောက်ခြေအဆင့် လုပ်ချိန်/လုပ်ငန်း သဘောသဘာဝ တခြားစီ ဖြစ်နေပါတယ်။ အခြားဝန်ထမ်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလုပ်ချိန်ကစ နှိုင်းယှဉ်ရပါလိမ့်မယ်လို့ မြင်မိပါတယ်။ အခြားအောက်ခြေ၀မ်ထမ်းများ လစာနှင့်လောက်ငှပါသည်ဟု ပြောသံများ၊ မကြားမိသေးပါကြောင်းခင်ဗျာ။
ရဲတပ်ဖွဲ့ကြီးတိုးတက်ပါစေကြောင်း ဆန္ဒပြုရင်း
နှင်းပွင့်သဇင်ကျော်
(ရန်ကုန်)
Android Mobile Security antivirus
-
*360 mobile guards*
360 Guardian Phone is a free mobile phone security software, anti-spam SMS
collection, anti-harassment calls, anti-privacy leak, secur...
10 years ago







0 comments:
Post a Comment