Saturday, July 19, 2014

မွန်မြတ်သောအလှူ

တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာ ၊အောင်တော်မူ သာသနာရိပ်သာတွင် နှစ်စဉ် ရက်တို တရားစခန်း ဖွင့်လှစ်လျှက်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများ လာရောက် တရား အားထုတ်လျှက် ရှိသည်ကို တွေ့ရှိရ ပါသည်။ 





(၁၆-၇-၂၀၁၄)ရက်နေ့တွင် တနင်္သာရီ ရေတပ် စခန်းဌာနချုပ်မှ တရားစခန်းဝင် ယောဂီ(၄၀)ဦး တို့အား နေ့ဆွမ်း၊ အရုဏ်ဆွမ်း သွားရောက် လှူဒါန်းခဲ့ကြောင်းနှင့် လွန်ခဲ့သော(၁၀)နှစ်ခန့်က အုတ်မြစ်ချပြီး ဆက်လက် မတည်ဆောက်နိုင်ခဲ့သော ဇေယျာသီရိ ဓမ္မာရုံကြီးအား တနင်္သာရီရေတပ် စခန်းဌာနချုပ်မှ ဦးဆောင်၍ ထိန်ချောင်း ကျေးရွာသူ ကျေးရွာသားများ၊ မြိတ်မြို့မှ စေတနာရှင်များ ပူးပေါင်း၍ ဆက်လက် တည်ဆောက်လျှက် ရှိသည်ကို တွေ့မြင်ခဲ့ရ ပါသည်။

မကြာမီ တည်ဆော က်ပြီးစီး တော့မည့် ဓမ္မာရုံကြီးတွင် တရား ဘာဝနာပွားများ အားထုတ်လိုကြသော ရဟန်း ရှင်လူပြည်သူ အပေါင်းတို့ စိတ်လက်ချမ်းသာစွာ တရားအားထုတ် နိုင်တော့မည်ဖြစ် ပါသည်။

0 comments: