Monday, December 8, 2014

မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကျင်းပ

မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကျင်းပ

မြိတ် ဒီဇင်ဘာ ၇ ရက်

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး ပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာလ(၇)ရက် နံနက်(၉)နာရီက အထက(၃)ကျောင်းရှေ့တွင် ကျင်းပရာ ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေး ဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နီနီချို၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် အထက(၃)မြိတ် ပညာရတနာခန်းမတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ဆက်လက်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး က အဖွင့်အမှာစကားရာတွင် အနာဂတ်ကာလမှာ နိုင်ငံ တော်ရဲ့တာဝန်တွေကို ပုခုံးပြောင်း တာဝန်ယူကြမယ့် မျိုးဆက်သစ်ကျောင်းသား လူငယ်တွေ စွမ်းရည်မြင့်မား ဖို့အတွက် ကျောင်း စာကြည့်တိုက်တွေကို ဖွင့်လှစ်ပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလိုစာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်များ ကျင်းပပြီး ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့် ရှိအောင် ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ စာကောင်းစာမွန် ရွေးချယ်ဖတ်ရှုခြင်းဖြင့် အသိဉာဏ် ဗဟုသုတတိုးပွားလာမှာဖြစ်ပြီး လူ့ဘောင်လောက တိုးတက် လာအောင် လုပ်ဆောင်လိုစိတ် များရရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နီနီချိုက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း နှင့် ကျောင်းသား/ သူများအား စာများများ ဖတ်ကြ ရန်နှင့် စာပေဖတ်ရှုရခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြိတ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကျပန်းပြိုင်ပွဲအား စာအုပ်စာပေလူ့မိတ်ဆွေ၊ စာပေမှရသော အသိပညာ၊ ကျွန်တော်ဖတ်ခဲ့ ဖူးသော စာအုပ်တစ်အုပ်အကြောင်း၊ ပညာမြှင့်မှ လူမျိုးတင့်မည်၊ ကျောင်းမှန်မှန်တက်စာမခက်
ခေါင်းစဉ်များဖြင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများ အား ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်း အနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အလားတူ ပွဲတော်ရက်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား/သူများ စာစီ စာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ပြန်ဆက်

0 comments: