မြိတ်-ရန်ကုန်ခရီးသည်တင်မှန်လုံကား ခဲပေါက်ခံရ
မြိတ်-ရန်ကုန် ခရီးသည်တင် မိုးကောင်းကင် မှန်လုံကား တစ်စီး ယခုလ ၁၆ ရက်ညက သံဖြူဇရပ် တိုးဂိတ်အနီး ခဲဖြင့် အပေါက်ခံရ ကြောင်း ယင်းယာဉ်လိုင်းထံမှ သိ ရသည်။ ရန်ကုန်မှ မြိတ်သို့ မောင်းနှင် လာစဉ် ယင်းနေ့ ည ၉ နာရီခွဲတွင် အမျိုးသားလေးဦးက မော်တော် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ခဲဖြင့် ပေါက်ကာ ထွက်ပြေးသွားခြင်းဖြစ် ကြောင်း ယင်းယာဉ်လိုင်း ဂိတ်မှူး ဦးအောင်သူရက ရှင်းပြသည်။
''ကားခေါင်းပိုင်း လေကာမှန် ကွဲအက်သွားတယ်။ ဘာကြောင့် အပစ်ခံရမှန်းအခုထိမသိသေးဘူး'' ဟု ဦးအောင်သူရက ဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံဖြူဇရပ်ရဲစခန်းသို့ အကြောင်း ကြားထားသော်လည်း အမှုဖွင့်ထားခြင်း မရှိဟု သိရသည်။
သံဖြူဇရပ်မြို့နယ် အတွင်း ဆိုင်ကယ်စီးနေစဉ် လည်းကောင်း၊ လမ်းဘေးရပ်နေစဉ် လည်းကောင်း ခရီးသည်တင်ကားများ အရှိန်ဖြင့် ကပ်လျက်ဖြတ်သွားမိသည့် အခါ မကျေမနပ် ဖြစ်ကာ ရန်ရှာတတ်သည့် လူငယ် တချို့ရှိသည်ဟု ရွှေဝယ်သူ ယာဉ်လိုင်းပိုင်ရှင်က မှတ်ချက် ပြုသည်။
''အဝေးမီးမပိတ်ပေးရင်လဲ ရန်ရှာတတ်တယ်။ အဲဒီမြို့နယ်ထဲ ဖြတ်ရင် သတိထားပြီးမောင်းနေရ တယ်''ဟု အထက်ပါယာဉ်လိုင်း ပိုင်ရှင် ဦအောင်ကြည်ကဆိုသည်။
ပြီးခဲ့သည့်နှစ် အတွင်းက ထား ဝယ်-ရန်ကုန်ကားများ လေးခွဖြင့် နှစ်ကြိမ်အပစ်ခံခဲ့ရဖူးပြီး ကျူးလွန် သူများကိုမဖော်ထုတ်နိုင်သေးပေ။
(မေ ၂၁ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ )
Android Mobile Security antivirus
-
*360 mobile guards*
360 Guardian Phone is a free mobile phone security software, anti-spam SMS
collection, anti-harassment calls, anti-privacy leak, secur...
10 years ago







0 comments:
Post a Comment