Sunday, March 29, 2015

ညီအစ်မမြို့တော် အထိမ်းအမှတ် ၅၀ ရာခိုင်နှုန်း အထိ လျော့ပေးမည့် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး OTOP ကုန်စည်ပြပွဲ ကျင်းပမည်

ညီအစ်မမြို့တော် အထိမ်းအမှတ် ၅၀ ရာခိုင်နှုန်း အထိ လျော့ပေးမည့် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး OTOP ကုန်စည်ပြပွဲ ကျင်းပမည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေ သဲကွင်းရပ် ကမ်းနားလမ်းရှိ Myeik Shopping Center ၌ မြိတ်ခရိုင် မြိတ်မြို့နှင့် ထိုင်းနိုင်ငံ ပရာကျွတ် ကရိခန် ခရိုင် ပရာကျွတ် ကရိခန်မြို့တို့ ညီအစ်မမြို့တော် အထိမ်းအမှတ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး One Tambon One Product (OTOP) ကုန်စည်ပြပွဲကို ဧပြီ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကုန်စည်ပြပွဲတွင် ပရာကျွတ် ကရီခန် ခရိုင်အတွင်း ထုတ်လုပ်သော အရည်အသွေး ပြည့်စံချိန်မီ လူသုံးကုန်၊ အိမ်သုံးကုန်၊ စားသုံးကုန် ပစ္စည်းများနှင့် အမှတ်တရ လက်ဆောင် ပစ္စည်း များကို ပွဲတော်ကာလ အတွင်း နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ခင်းကျင်း ပြသမည် ဖြစ်ကြောင်း သိရသည်။

ထိုဈေးရောင်း ပွဲတွင် မြိတ်ခရိုင် မြိတ်မြို့နှင့် ထိုင်းနိုင်ငံ ပရာကျွတ် ကရိခန် ခရိုင် ပရာကျွတ် ကရိခန်မြို့တို့ ညီအစ်မ မြို့တော် အထိမ်း အမှတ် အဖြစ် ကုန်ပစ္စည်းများအား ၂၀% နှုန်းမှ ၅၀ % အထိ ဈေးနှုန်းလျော့ ရောင်းချပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: