Thursday, September 19, 2013

သဲအင်းဂူ တောရကျောင်းရှိ ကျူးကျော်ကျောင်းများမှ သာသနာ ညှိုးနွမ်းအောင် ပြုလုပ်နေသည့် ကိစ္စ ဖြေရှင်းပေးပါရန် (ပေးစာ )

မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာ အုပ်စု၊ သဲအင်းဂူ တောရကျောင်းပိုင် အာရမ် အတွင်း၊ သမ္မ သာရုပ္ပ မဖြစ်သော ဟိန္ဒူ ရဟန်းတစ်ပါး သည် ဓမ္မစက်ကို မသိကျိုး ကျွံပြုလျှက် ကျူးကျော်ကျောင်းများ အရှက်မဲ့စွာ တိုးချဲ့ ဆောက်လုပ်ပြီး၊ ဗုဒ္ဓ၏ ပဋိပတ္တိ အကျင့်သာသနာ (သဲအင်းဂူ ဆရာတော်ဘုရားကြီး၏ အကျင့်သာသနာ) တော်ကို ညှိုးနွမ်းအောင်၊ မူမမှန်သော လုပ်ရပ်များဖြင့် ယှဉ်ပြိုင် လုပ်ဆောင်လျက် ၇ှိသောကြောင့် အုပ်ချုပ်မှု အဆင့်ဆင့်သို့ အာဏာစက်ဖြင့် ၀င်ရောက် ကူညီဖြေရှင်းပေးရန် သဲအင်းဂူတောရကျောင်းမှ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ ပါသည်။ 


သို့သော် ယခုအချိန်ထိ အုပ်ချုပ်မှု အဆင့်ဆင့်မှ ထိရောက်စွာ ၀င်ရောက် ဖြေရှင်းပေးခြင်း မပြုသည်မှာ ဗုဒ္ဓဘာသာဝင် များရော အခြားဘာသာဝင်များပါ ရဟန်းသံဃာ အပေါ် အမြင်စောင်းပြီး အကြည်ညို ပျက်စီး စေလာနိုင်သည့် အပြင် သာသနာတော် ညှိုးနွမ်း လာစေရန် တွန်းအားပေး သကဲ့သို့ ဖြစ်နေ ပါသည်။

သို့ပါ၍ အုပ်ချုပ်မှု အဆင့်ဆင့်မှ အမျိုးဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် လည်းကောင်း၊ သဲအင်းဂူ တောရကျောင်းပိုင် အာရမ်အတွင်း ရှုပ်ထွေးမှုမ၇ှိစေရေး အတွက် အမြန်ဆုံး ဆောင်ရွက်ပေး ပါရန် အသိပေးအပ်ပါသည်။
(တကာ၊ တကာမများ)

0 comments: