Wednesday, May 20, 2015

ညီအစ်ကို အချင်းချင်း စကားများရာမှ ညီဖြစ်သူမှ အစ်ကိုဖြစ်သူအား ဓားဖြင့်ခုတ်သတ်



ညီအစ်ကို အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ညီဖြစ်သူက အစ်ကို ဖြစ်သူအား ဓားဖြစ် ခုတ်သတ်မှု တစ်ခု မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာတွင် ၂၀၁၅ ခုနှစ် မေလ ၁၉ ရက် နေ့လည် (၁)နာရီ အချိန်တွင် ဖြစ်ပွားသည်။ 




ဖြစ်စဉ်မှာ ကျောက်စရစ် ကျေးရွာတွင် နေထိုင်ကြသော (ဘ) ဦးစိန်သင်၏ သားဖြစ်သူ မောင်ခက် (ခ) မျိုးဝင်းနှင့် အစ်ကို ဖြစ်သူ သားတူး(ခ) သိန်းဌေးတို့ ညီအစ်ကိုနှစ်ဦး နေအိမ်တွင် စကားများ ရန်ဖြစ်ကြပြီး မောင်ခက်(ခ) မျိုးဝင်းမှ အစ်ကိုဖြစ်သူ သားတူး(ခ) သိန်းဌေးအား ယူဆောင်လာသော အရိုးအသွား (၂၃)လက်မ ခန့်ရှိ ဥယျာဉ်သုံး ကိုင်းခုတ်ဓါးအား လုယူပြီး ခုတ်ရာ သားတူးတွင် ယာဘက် လက်ဖျံနှင့် ယာဘက် လည်ပင်းတို့အား ခုတ်မိပြီး နေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားခဲ့သည်။
သားတူး(ခ) သိန်းဌေးမှာ ညီဖြစ်သူ မောင်ခက်(ခ) မျိုးဝင်းအား အရက်သေစာ သောက်စားပြီး အမြဲတမ်း မူးယစ်ရမ်းကားလေ့ ရှိသဖြင့် သည်းမခံ နိုင်သောကြောင့် ဓါးဖြစ် ခုတ်ကြောင်းသိရှိရပြီး ဓါးဖြင့် ခုတ်သတ်သူ မောင်ခက်(ခ) မျိုးဝင်းအား ကျောက်စရစ် ကျေးရွာရာအိမ်မှူး ဦးမောင်ဇင်မှ တရားလိုပြုလုပ်၍ တနင်္သာရီမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ထားကြောင်း သိရှိရပါသည်။

0 comments: