Tuesday, May 5, 2015

(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပပြုလုပ်

(၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပပြုလုပ်


(၆၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား မြိတ်မြို့ ဘုရားငါးဆူရပ် မြို့မအားကစား ကွင်းတွင် မေလ (၅) ရက်နေ့ နံနက် (၇)နာရီ အချိန် ပြုလုပ်ကျင်းပရာ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက မီးသတ်တပ်ဖွဲ့နေ့ အတွက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။



ထိုနောက်  မြိတ်မြို့နယ် အတွင်းရှိ မီးလောင်မှုများတွင် မီးသတ် ယာဉ်အား ၊ လူအားဖြင့် စွမ်းစွမ်း တမံ ပါဝင်ဆောင်ရွက်ခဲ့သော  အရန် မီးသတ် တပ်ဖွဲ့ စခန်းများအား ဂုဏ်ပြု အထိမ်းအမှတ်နှင့် မှတ်တမ်းလွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် နှင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင် တို့က ပေးအပ်ချီးမြှင့်သည်။


ဆက်လက်ပြီး မြိတ်မြို့အတွင်း ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုများနှင့် လုံခြုံရေး လုပ်ငန်းများတွင် တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် အရန်မီးသတ် တပ်ရင်း (၄)ရင်းနှင့် မီးလောင်မှုများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ရင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရန် မီးသတ် တပ်ဖွဲ့ဝင် (၁)ဦးအား မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။


မီးသတ် တပ်ဖွဲ့ဝင်များနှင့် မီးသတ်ရေယာဉ်များမှ  သရုပ်ပြခြင်း အစီအစဉ် အဖြစ် ဂစ်စ်အိုး မီးငြိမ်းသတ်ခြင်း၊ ဆီမီးငြိမ်းသတ်ခြင်း၊ မီးသတ်သမား လူနာကယ်ဆယ်ခြင်း၊ အမှောင်ခန်း အတွင်း ရှာဖွေ ကယ်ဆယ်ခြင်း၊ Form Making Branch (FBM) ဖြင့် မီးငြိမ်းသတ်ခြင်း၊ Jet and Spray Nozzle ဖြင့် မီးငြိမ်း သတ်ခြင်း၊ မီးသတ်ရေယာဉ်များဖြင့် ရေပက်၍ စက်စွမ်းရည် ပြသခြင်း စသည့်  မီးငြိမ်းသတ်ရေး သရုပ်ပြပြီး အခမ်းအနား ရုပ်သိမ်းသည်။ 

အဆိုပါ အခမ်းအနားသို့ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊  ၊ လူမှုရေး အသင်း အဖွဲ့များ ၊ မီးသတ် တပ်ဖွဲ့ဝင် (၃၀၀) ဦးနှင့် မြိတ်မြို့ရှိ မြို့နယ် မီးသတ်စခန်းနှင့် ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း (၁၇) စီး ပါဝင်ခဲ့သည်။

0 comments: