Friday, May 8, 2015

မောတောင်ကို အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်မည်


မောတောင်ကို အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်မည်

မြိတ် မေ ၇ ((မေလ (၈) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ)))

မြန်မာ-ထိုင်း ယာယီ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြိတ်ခရိုင်ရှိ မောတောင် နယ်စပ်ဂိတ်ကို ယခုလ ၂၃ ရက်မှ စပြီး အထူး နယ်စပ်ဂိတ် အဖြစ် တိုးမြှင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပရာကျွတ်ခီရီခန် ခရိုင်ဝန်က ပြောကြားသည်။ တနင်္သာရီ တိုင်းဒေသကြီး အစိုးရနှင့် ပရာကျွတ် ခရိုင်ဝန်နှင့် အဖွဲ့ဝင် များသည် မြိတ်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် မောတောင်- ဆင်းခွန် နယ်စပ် ဝင်/ထွက်ဂိတ် အဆင့်တိုးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးတွင် ခရိုင်ဝန်က ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။


အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်ရန် ထိုင်းနိုင်ငံရှိ ဝန်ကြီးများ အစည်း အဝေးတွင် သဘောတူပြီး ဖြစ်ကာ ပရာကျွတ်ခရိုင် အတွင်းရှိ တိုက်နယ်ငါးခု သို့ တစ်ညအိပ် နှစ်ရက် ခရီးသွားလာ ခွင့်ပြုမည်ဖြစ်သည်ဟု ဆိုသည်။

''တစ်ညအိပ် နှစ်ရက် ခရီးက တအားနည်းနေတယ်။ နှစ်ညအိပ်လောက် ဆိုရင်လုံလောက်မယ်''ဟု မြိတ်ခရိုင် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဦးလှသန်းက ပြောသည်။

ယင်းသို့ဖြတ်သန်း သွားလာခွင့် အချိန် နည်းခြင်းသည် မြန်မာဘက်မှ ပရာကျွတ်သို့ ကုန်သွယ်လိုသူများ အတွက် အခက်အခဲ ဖြစ်သကဲ့သို့ ပရာကျွတ် ဘက်မှ ခရီးသွား လုပ်ငန်းတိုးမြှင့် မည့်သူများ အတွက်လည်း အခက် အခဲရှိနိုင်သည်ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုကပြောသည်။

ယခင် ယာယီနယ်စပ်ဂိတ် အဆင့်တွင် မြန်မာဘက်မှ ပရာ ကျွတ်မြို့ အနီးအနားသို့ နေ့ချင်းပြန် ခရီးသာ သွားလာခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ခရီးသွားလာမှုနှင့် ကုန်သွယ်မှု အခြေအနေ အပေါ် မူ တည်ပြီး မြန်မာဘက်မှ ခွင့်ပြုပေး ထားသည့် သွားလာခွင့်နှင့် ညီတူ ခွင့်ပြုရန် ထိုင်းဝန်ကြီးချုပ်ထံ တင်ပြ သွားမည်ဟု ပရာကျွတ် ခရိုင်ဝန်က ပြောသည်။

အထူးနယ်စပ်ဂိတ် အဖြစ်ဖွင့် လှစ်ပြီး ပါက ထိုင်းဘက်မှ မြန်မာ ဘက်သို့ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ဖြင့် ၁၃ ညအိပ် ၁၄ရက်၊ ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ခြောက်ညအိပ် ခုနစ်ရက် သွားလာ ခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးမှ သိရသည်။

မြန်မာဘက်မှ မောတောင်နယ်စပ် စခန်းကို ၂ဝ၁၃ ခုနှစ် မေလ ၈ရက်က တရားဝင် ဖွင့်လှစ်ထား ပြီးဖြစ်ကြောင်း သိရသည်။

0 comments: