Saturday, September 12, 2015

တနင်္သာရီမြို့နယ် ၊ချောင်လမုကျေးရွာ တံတားကျိုးပြီး ကားပြုတ်ကျမှုဖြစ်ပွား

တနင်္သာရီမြို့နယ် ၊ချောင်လမုကျေးရွာ တံတားကျိုးပြီး ကားပြုတ်ကျမှုဖြစ်ပွား
==============================
      ၂၀၁၅ ခုနှစ်၊စက်တင်ဘာလ ၁၁ ရက်နေ့ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် တနင်္သာရီမြို့နယ် ၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာအထွက် မိုင်တိုင်အမှတ် ၇၂ မိုင် ၂ ဖာလုံရှိ ချောင်းလမုတံတား ကျိုးကျမှုဖြစ်ပွားခဲ့သည်။





။ဖြစ်စဉ်မှာ လမ်းအထူးအဖွဲ့ ၂၄ မှကပ်တစ်ရာပုံး ၁၁၀ လုံးအားအငှားတင်ဆောင်လာသော ယာဉ်မောင်း ကိုထွန်းထွန်းမောင်းနှင်သည့် ၅ခ/၇၈၈၀ ဟီးနိုး ၁၀ ဘီးတပ်ယာဉ်မှာ တံတားပေါ်တွင်ဖြတ်ကူးစဉ် ခံနိုင်ဝန်မရှိ၍ တံတားကျိုးကျပြီး ကားမှာအောက်သို့ပြုတ်ကျသွားပြီး လူများထိခိုက်မှုမရှိကြောင်းသိရှိရပါသည်။

အဆိုပါတံတားမှာ တနင်္သာရီ -ဘုတ်ပြင်း-ကော့သောင်းလမ်းမပေါ်တွင် ချောင်းလမုချောင်းအားဖြတ်၍ အရှည် ၁၄၀ ပေ၊အကျယ် ၁၄ ပေ ပျဉ်ခင်း၊သံဘေလီဖြစ်ပီး တနင်္သာရီ ၊ဘုတ်ပြင်းလမ်း စီမံကိန်းအဖွဲ့မှ ၂၀၀၁ ခုနှစ်တွင်စတင်ပြုလုပ်ကာ ၂၀၀၅ ခုနှစ်တွင်ပြန်လည်မွမ်းမံပြုပြင်ထားသော တံတား တစ်စင်းဖြစ်ပြီးခံနိုင်ဝန် ၁၃ တန်သာရှိကြောင်း ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။

 တံတားကျိုးကျမှုကြောင့် ကားများသွား၍မရဘဲ လူနှင့်ဆိုင်ကယ်များ လှေ၊၀ါးဖောင်တို့ဖြင့် ကူးသွားနေရကြောင်း၊မြိတ်-ကော့သောင်းကားများ အနေဖြင့် ကားချိန်း၍သွားနေရကြောင်း ကားသမားများမှပြောကြားသည်။

  တံတားကျိုးကျမှုကြောင့်ကားများသွားလာနိုင်ရေးအတွက် လမ်းလွှဲမှ တံတားငယ်ထိုးကာ သွားလာနိုင်ရေး ချက်ချင်း ဆောင်ရွက်နေကြောင်း  တံတားအား တံတား အထူးအဖွဲ့မှ ပြန်လည်ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ထမ်းတစ်ဦးမှပြောပြ ပါသည်။

0 comments: