Thursday, September 17, 2015

မြိတ် ပုလော ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြီး ကားလမ်း ခေတ္တ ပိတ်ဆို

မြိတ် ပုလော ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြီး ကားလမ်း ခေတ္တ ပိတ်ဆို့
----------------------
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် စက်တင်ဘာလ(၁၆)ရက် ည(၉း၃၀)နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကဒဲကျေးရွာအုပ်စု မင်းထိန်ကျေးရွာနှင့် မကျည်းကုန်းကျေးရွာတို့တွင် တောင်မြေ ပြိုကျပြီးလမ်း ခေတ္တပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျည်းကုန်း ကျေးရွာအုပ်စု ခမောင်းတော ကျေးရွာတွင် လမ်းဘေးတောင် နံရံပြိုကျပြီး ရာဘာပင်များ လမ်းမပေါ်လဲကျ ပိတ်ဆို့မှုကြောင့် မော်တော်ယာဉ်သွားလာ၍ မရခဲ့ကြောင်း၊ မင်းထိန်ကျေးရွာနှင့် ပ၀တ်ကုန်ကျေးရွာ အကြားရှိ လမ်းဘေး တောင်နံရံမြေပြိုကျပြီး ရာဘာပင်များ လမ်းမပေါ်လဲကျ ပိတ်ဆို့မှုကြောင့် မြိတ်မှထားဝယ်သို့ ထွက်ခွာလာသော မော်တော်ယာဉ်များ ည(၉)နာရီတွင် ခေတ္တပိတ်ဆို့ခဲ့ရပြီး ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်လင်းနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မြေတူးစက် အဖွဲ့များက စုပေါင်း ရှင်းလင်းပေးခဲ့မှုကြောင့် စက်တင်ဘာလ(၁၇)ရက် နံနက်(၈)နာရီတွင် မော်တော်ယာဉ်များ လိုရာခရီးဆက်လက် ထွက်ခွာသွားနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူကြဲကျေးရွာမှ ပုလောမြို့သို့ မောင်နှင်လာသော မော်တော်ယာဉ်တစ်စီးသည် ကဒဲတံတားအနီး ကားဘီးမြေကျွံကာ လမ်းမပေါ် ကန့်လန့်ဖြတ် ပိတ်ဆို့နေရာ မော်တော်ယာဉ်များ ပိတ်ဆို့ခဲ့သဖြင့် ကယ်ဆယ်ရေအဖွဲ့မှ ဖြေရှင်းပေးမှုကြောင့် မော်တော်ယာဉ်များ လိုရာခရီးကို ဆက်လက် ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

0 comments: