Wednesday, September 16, 2015

ချောင်းလမုတံတားပျက်စီးမှုအား ယာယီဘေလီတံတား ဆောက်လုပ်ပြီးစီး



ချောင်းလမုတံတားပျက်စီးမှုအား ယာယီဘေလီတံတား ဆောက်လုပ်ပြီးစီ

နေပြည်တော် ၊ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာ မိုင်တိုင်အမှတ်(၇၂)ရှိ အရှည် ၁၄၀ ပေ၊ အကျယ် ၁၄ ပေ ချောင်းလမုတံတား (ဘေလီတစ်ထပ်)သည် စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် ပျက်စီးခဲ့ပြီး လူနှင့်ဆိုင်ကယ်များ သွားလာနိုင်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာယီရေပေါ် ၀ါးတံတားဆောက်လုပ်ပေးခဲ့သည်။


ထို့အတူ မော်တော်ယာဉ်များ သွားလာနိုင်ရန်အတွက် မူလတံတား၏အထက် ၂ ဖာလုံခန့်တွင် ရှောင်ကွင်းလမ်း ဖောက်လုပ်၍ အရှည် ၁၀၀ ပေ၊ အကျယ် ၁၃ ပေရှိ ဘေလီတံတား(ယာယီ)အား ဆက်လက်ဆောင်ရွက် ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး မြိတ်-ဘုတ်ပြင်း-ကော့သောင်းသို့ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း
သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments: