Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည် မြိတ်၊ ကျွန်းစု စည်းရုံးရေးခရီးစဉ် အပေါ် သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးမဲဆွယ် ခရီးစဉ်ကို မြိတ်မြို့နှင့် ကျွန်းစုမြို့ရှိ ကျေးရွာကြီးများသို့ (၂၄) (၂၅) ရက်နေ့ တွေမှာ သွားရောက်ရန် စီစဉ်ထားသော်လည်း ပင်လယ်ပြင် ရာသီဥတုဒဏ်ကြောင့် လှိုင်းမူးခြင်း၊ အစာ အသောက်မှားမှု ဒဏ်ကြောင့် မူးဝေအော့အန်ခြင်း စတဲ့ ကျန်းမာရေး ပြသနာတွေကြောင့် နဂိုမူလ စီစဉ် ထားတဲ့အတိုင်း (၂၄) ရက်နေ့မှာ ပြုလုပ်မယ့် ကျွန်းစုမြို့နယ်ရှိ စခန်းသစ်ကျေးရွာ၊ ကံမော် ကျေးရွာ ဟောပြောပွဲအစီအစဉ်ကို မပြုလုပ်နိုင်ပဲ စခန်းသစ် ကျေးရွာ တစ်ခုတည်းသာ ပြုလုပ်နိုင်ခြင်း၊ (၂၅) ရက်နေ့မှာ ကျွန်းစုမြို့ပေါ်မှာ ပြုလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်း၊ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော သင်္ဘောမှာ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာ အနီးတွင် သောင်တင်ခြင်း၊ ပင်လယ်ပြင် ခရီးကြမ်း ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရုတ်တရက် ဆိုးဝါးခြင်း တို့ ဖြစ်ပေါ်ခဲ့သဖြင့် နဂို မူလ သတ်မှတ် ထားတဲ့အတိုင်း အစီအစဉ်တွေ ဆောင်ရွက်နိုင်ခြင်း မရှိပဲ ကံမော်ကျေးရွာမှာ ပြုလုပ်မယ့် ဟောပြောပွဲ အစီအစဉ်နဲ့ ကျွန်းစုမြို့ပေါ်မှာ ပြုလုပ်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ဟာ မအောင်မြင်တဲ့ ခရီးစဉ် တစ်ခု ဖြစ်တာကို တွေ့ရှိခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် ရည်မှန်းချက်အတိုင်း မသွားရောက်နိုင်တာ၊ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေး ဆိုးဝါးခဲ့တာတွေဟာ ရှပ်ပြေးယာဉ် ငှားရမ်းမရတာ တစ်ခုတည်းကိုပဲ အကြောင်း ပြပြီး အာဏာပိုင်တွေနဲ့ ရှပ်ပြေးယာဉ် ပိုင်ရှင်တွေကို အပြစ်ပုံချနေတာကို တွေ့ရပါတယ်။
တကယ်ဆိုရင် အဲဒီလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မအောင်မြင်ရခြင်းဟာ မြိတ်မြို့ခံ NLD ခေါင်းဆောင် ဆိုသူများရဲ့ အုပ်ချုပ်မှုနှင့် ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
မြိတ်မြို့ခံ NLD ပါတီခေါင်းဆောင်တွေဟာ အားလုံး သိတဲ့အတိုင်း အုပ်စုအတွင်း ဂိုဏ်းကွဲနေပြီး တစ်ယောက်က အကြံပြုတာကို တစ်ယောက်က ကန့်ကွက်လိုက်နဲ့ ကွပ်ကဲမှု မရှိပဲ ပရမ်းပတာ သူတလူ ငါတမင်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။
နောက်ပြီး မြိတ်မြို့ခံ NLD ပါတီ ခေါင်းဆောင်များဟာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အစ အဆုံး မြေအနေအထား၊ ရာသီဥတု၊ အစားအသောက် စတွဲ အုပ်ချုပ်မှု ကိစ္စတွေကို ကြိုတင် ဆောင်ရွက် နိုင်ခြင်း မရှိပဲ ခေါင်းစည်းရောင်းချရေး၊ တံဆိပ်၊ တီရှပ်၊ အမှတ်အသားတွေကို အမြတ်တင် ရောင်းချရေးကိုသာ အာရုံစိုက် နေပြီး ကန်ထရိုက်ပေးထာသူနဲ့ တစ်ဦးချင်း ရောင်းချသူတွေ ပြသနာ တက်နေတာ တွေ့ရပါတယ်။
နောက်ပြီး မြိတ်ဒေသခံ NLD ခေါင်းဆောင်တွေဟာ ပင်လယ်သားများ ပီပီ ဒီရေ အတက် အကျ ၊ သွားလာရမယ့် အချိန်၊ မသွားလာသင့်တဲ့ အချိန်ကိုတွေ ကြိုတင် မတွေးဆပဲ ရုပ်ပြ ဖော်ရှိုး လုပ်ငန်း တွေကိုသာ အာရုံစိုက်နေတာတာကို တွေ့ရှိရပါတယ်။
မြိတ်ဒေသ အစားအသောက်တွေဟာ အားလုံး သိတဲ့အတိုင်း အစာကြမ်းတွေ ဖြစ်ပါတယ်။ စား သောက်နေကျ မဟုတ်ရင် ၀မ်းလျှော ၀မ်းပျက် မူးဝေ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ NLD တာဝန် ရှိသူတွေဟာ ဒီလို ကိစ္စမျိုးကိုတောင် မစဉ်းစား တတ်ကြတာ တွေ့ရှိရပါသည်။
မြိတ်ဒေသခံ NLD ခေါင်းဆောင်တွေဟာ ၄င်းတို့ရဲ့ ဥကဋ္ဌ္က ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ အဆင့်နဲ့ အညီ တည်တည် ငြိမ်ငြိမ် စည်းကမ်းရှိစွာ ကြိုဆိုရေး ဆောင်ရွက်ရမည့် အစား မြိတ်မြို့ ပြည်သူလူထု စိတ်ပျက်အောင် ညလုံးပေါက် ဆောင်းဘောက် စပီကာနဲ့ အော်ဟစ်ခြင်း၊ သီချင်းဖွင့်ခြင်း၊ မော်တော်ဆိုင်ကယ်တန်းများနဲ့ စီတန်းပြီး ဟွန်းသံများ ဆူညံအောင် တီးခြင်း၊ တွေကြောင့် ပြည်သူလူထု ဟာ (၃)ရက်လောက် အကြို ကတည်းက အိပ်ကောင်းချင်း မအိပ်ရ ၊ စားကောင်းခြင်း မစားရ ၊ ရင်တထိတ် ထိတ်နဲ့ နေရတဲ့အတွက် NLD အဖွဲ့ဝင်တွေကို မေတ္တာပို့ နေတာ မြိတ်သား အားလုံး အသိပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ မြိတ် NLD ခေါင်းဆောင် တွေဟာ သူတို့မှာ တာဝန်ရှိတဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေး၊ သွားလာရေး ၊ စားသောက်ရေးကို အာရုံစိုက် ဂရုပြုခြင်း မရှိပဲ သူတို့ စီးပွားရေး လုပ်ငန်းတွေ ကြေညာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ ခဲ့တာ မြိတ်သားတွေ အားလုံး အသိပဲ ဖြစ်ပါတယ်။ ( လိုအပ်ရင် မှတ်တမ်း ဓာတ်ပုံဖြင့် တင်ပြပါမည်။ )
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်သူ တစ်ဦးရဲ့ စာကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
mr.poet: ဒီမိုကရေစီဆိုတာ ဘာလဲဗျ..... ကျုပ်တို့မြိတ်မှာတော့ ဒီမိုကရေစီလို့ အော်နေတဲ့လူတွေ သူတို့ရဲ့ အမေစုမလာခင် နှစ်ရက်သုံးရက်လောက် ကတည်းက မနက်မိုးလင်း ကနေ ညနက် မိုးချုပ်တဲ့ အထိ ကားတွေနဲ့ ဆောင်းဘောက်တွေ စပီကာတွေတင်
mr.poet: သီချင်းတွေ အကျယ်ကြီးဖွင့် ရုပ်ပျက်ဆင်းပျက်ကခုန်အော်ဟစ် စည်သာရာ နတ်ကတဲ့သူတွေ ကလည်း အနောက်ကနေ ဆိုင်ကယ်တွေနဲ့အော်ဟစ်......ပြီးတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်၊ စတဲ့စတဲ့ ပွဲတော်တွေတိုင်း ကျုပ်တို့မြို
mr.poet: ကျုပ်တို့မြို့မှာ ဆိုင်ကယ်တွေနဲ့ ဆူပူသောင်းကျန်း နေကျ လူငယ်အဖွဲ့ တွေကလည်း အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး တစ်မြို့လုံး အနှံ့ သောင်းကျန်းချင်တိုင်း သောင်းကျန်း နေကြလေရဲ့ဗျာ... .တချို့ဆို လက်ထဲမှာ
mr.poet: တုတ်တွေ ဘာတွေတောင် ကိုင်ထားတယ်ဗျာ... .ကားတွေပေါ်မှာ တွေ့လိုက်ရင်လည်း ကုလား တွေချည်းပဲ..... မသိရင် ကျွန်တော်တို့မြိတ်မှာ ကုလားသင်္ကြန် ကျနေသလိုပဲ......
mr.poet: NLD အင်္ကျီဝတ်လိုက်ရင်၊ တံဆိပ်တွေကပ်လိုက်ရင်ပဲ သူတို့ကို ထိလို့မရတော့သလိုလို မြောက်ကြွမြောက်ကြွနဲ့ ကြာတော့ မျက်စိစပါးမွှေးစူးလာတယ်.... ဒါလားဗျာ....ခင်ဗျားတို့ပြောတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ.....
တကယ်တော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ် ၊ ကျွန်းစု ခရီးစဉ် မအောင်မြင်ရခြင်း ဟာ မြိတ် NLD ပါတီ ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာလို မျက်နှာရ လုပ်လိုမှု၊ မိမိကိုယ်ကိုယ် ပေါ်လွင်ထင်ရှားအောင် ဆောင်ရွက်မှု၊ NLD ပါတီဝင်များ အပေါ် မကွပ်ကဲ မထိန်းချုပ်နိုင်မှု၊ စည်းကမ်းမရှိမှု တို့ကြောင့် မအောင်မြင်ခြင်း ဖြစ်တာကို သတိမမူကြပဲ ရှပ်ပြေးယာဉ်ကို မရရှိမှုကိုသာ အကြောင်းပြပြီး ရှပ်ပြေးယာဉ် ပိုင်ရှင်တွေကို အပြစ် ပုံချကြတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲလားလို့ မေးမြန်းရင်း NLD ပါတီကြီး မြိတ်မြို့ရဲ့ လူတိုင်းကြိုက် စိန်မျှားဆေးပေါ့လိပ်ထက် သက်တမ်းရှည်ရှည် ရပ်တည် နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

3 comments:

byeiktar(byeikchitthu) said...

အမေစု မြိတ်ခရီးစဉ်မှာ ရှပ်ပြေးအမြန်ရေယာဉ်ပိုင်ရှင်တွေကို ရေယာဉ်မငှားရဲအောင် ဖိအားပေးတဲ့ ကြံဖွတ် အမာခံတွေကတော့ PPT ဦးလှသန်း၊ ကျော်ကျော်ဖြိုး ကုပ္မဏီ ပိုင်ရှင် မောင်ကျား(ခေါ်) ကျားမောင်၊ ဘားတောင်ရွာနေ-သန်ဌေး၊ တို့က အဓိက ငွေရယ် ၊ အာဏာရယ်၊ခြိမ်းခြောက်မှုတွေနဲ့ ဖိအားပေးနေခြင်းပဲ့ဖြစ်ပါတယ်။
၎င်းတို့ ကြံဖွတ်အောင်နိုင်ရေးအတွက် စက်မှုဝန်ကြီး ဦးစိုးသိန်းမှ တာဝန်ပေးထားပြီး၊ ၄င်းတာဝန်အတွက် မြန်မာမီနီဆလွန်နှင့် ဂရင်းတိုင်းဂါး မော်တော်ယာဉ်များကို ထုတ်ပေးထားပါတယ်။ ဒါကြောင့် အဲဒီကောင် ကပ်ဖါးကောင်၊ ငမိုက်သား၊ စောက်ချိုးမပြေ၊ မျက်နှာလိုမျက်နှာရ သုံးကောင်ကြောင့် အမေစု ခရီးစဉ် နှောင့်နှေးရတာ ဖြစ်ပါတယ်
အမေစုမြိတ်ကိုရောက်ရှိစဉ် တစ်မြို့လုံးမှ ပြည်သူလူထုများ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက်ဂါရ၀ပြု အားပေးသည့်အချိန်တွင် လည်း မီးသတ်ကားများဖြင့် မီးလန့်စေရန်ကြိုတင်စီစဉ်ထားပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာ မလုပ်ဖြစ်ပါ။ ကျွန်စု NLD ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ဧပြီလ (၂) ရက်နေ့ မဲရေတွက်ပြီး အနိုင်ရကာ မြိတ်သို့ အပြန် မြို့လှည့်နေစဉ် မီးလောင်မှုမဖြစ်ပွားပဲ မီးသတ်စခန်းများသို့ ဖုန်းဖြင့် မီးလောင်နေသယောင် သတင်းပေးပြီး ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေရန် မီးသတ်ကားများဖြင့် မြို့လှည့် မီးလန့်ခဲ့ပါသည်။
၎င်းဖုန်းဖြင့် သတင်းပေးသူကိုလည်း အာဏာပိုင်များမှ အရေးယူမှု မရှိခဲ့ပါ။ စဉ်းစားကြည့်စရာမလိုပါ။ ဘယ်ကောင်တွေရဲ့ ကလိန်ကကျစ်ဥာဏ်တွေလဲ။ ပီးတော့ ဦးကျားမောင်က ကြုံးဝါးသံကိုလည်းကြားယောင်နေမိပါတယ်။ ကြံဖွတ်က ဦးချစ်သန်းနှင့် NLD ကဒေါ်တင်တင်ရီတို့ ရွှေးကောက်ပွဲမှာ NLD ကအနိုင်ရလို့ ရှိရင် ကြံဖွတ်မဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးကျားမောင်မှ ခေါင်းဖြတ်ခံမည်၊ လီးဖြတ်ခံမည် ဟု ကြွေးကြော်နေပါသည်။ ကဲ့အခု NLD ကျွန်းစုမြို့နယ်တွင် အနိုင်ရရှိသောအခါ ဦးကျားမောင်မှာ သူပြောသောစကားအတိုင်း ဖြစ်မဖြစ် ကို မြိတ်ပြည်သူလူထူမှ စောင့်ကြည့်နေပါသည်။ ယနေအချိန်ထိ ဦးကျားမောင်မှာ မြိတ်တွင်မတွေ့ရတော့ပါ။ ဦးကျားမောင်၏ အသုဘ အခန်းအနားသို့ နားရေးကူညီမှု အသင်းမှလည်း အားကြိုးမာန်တက်ကူညီရန် စောင့်မမျှော်လျှက်ရှိပါသည်။

spinder said...

even