Monday, March 26, 2012

မြိတ်မြို့NLD တံဆိပ် ကန်ထရိုက်နှင့် တံဆိပ်ရိုက်ဆိုင်များ ပြသနာတက်

မြိတ်မြို့မှာ NLD ပါတီမှ ရန်ပုံငွေအတွက် ရောင်းချပေးနေသော အင်္ကျီများနှင့်ပတ်သက်ပြီး အပြင်တံဆိပ်ရိုက်ဆိုင်များနှင့် ပြဿနာများဖြစ်ခဲ့ကြပါတယ်… ၂၀၁၂ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမည်ဖြစ်သည့်အတွက်ကြောင့် မြိတ်မြို့ပြည်သူလူထုများက ကြိုဆို အားပေး ထောက်ခံရန် အတွက် NLD အင်္ကျီများကို တခဲနက်ဝယ်ယူဝတ်ဆင်ခဲ့ကြပါတယ် … ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိသည့်နေ့မှာ NLD ပါတီကရောင်းချပေးနေတဲ့ အင်္ကျီများဟာ ကုန်သွ...ားခဲ့ပါတယ်.. (၂၄) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပါလာတဲ့ လေယာဉ်နဲ့အတူ NLD ပါတီက မှာထားတဲ့ အင်္ကျီတွေဟာ ပါမလာခဲ့ပါဘူး…. ဒါကြောင့် အင်္ကျီဝတ်ဆင်လိုတဲ့ပြည်သူလူထုများဟာ အပြင်တံဆိပ်ရိုက်ဆိုင်များမှာ ရိုက်နှိပ်ဝင်ဆင်ခဲ့ကြတယ်… တံဆိပ်ရိုက်ဆိုင်၏ပြောကြားချက်အရ အဲလိုရိုက်နှိပ်ပေးနေတဲ့အချိန်မှာ NLD ပါတီမှ မြို့နယ်ပါတီဝင်တစ်ဦးဖြစ်သူ ကိုဖြိုး (ဖြိုးသီရိ ဖိနပ်ဆိုင်)၏ အစ်မဖြစ်သူ မဇင်မာကြည်နှင့် NLD ပါတီဝင်များရောက်ရှိလာပြီး “အင်္ကျီ တံဆိပ်ရိုက်နေတာကို နားလိုက်၊ မနားဘူးဆိုရင် NLD ပါတီဥပဒေအရ အရေးယူခြင်းခံရမယ်… ဒီအင်္ကျီထုတ်ဝေခွင့်ကို ငါကန်ထရိုက်ယူထားတယ်…” ဟုဆိုကာ တံဆိပ်ရိုက်ဆိုင်အား ဓါတ်ပုံများရိုက်ယူသွားခဲ့ပါတယ်… တံဆိပ်ရိုက်ဆိုင်တစ်ဆိုင်မှာဆိုရင် အင်္ကျီတွေကို တန်ဖိုးငွေဖြတ်ပြီးယူသွားခဲ့ပါတယ်… ထပ်ရိုက်မယ်ဆိုရင် NLD ပါတီဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ပြောသွားခဲ့ပါတယ်… တချို့ အင်္ကျီတွေဆိုရင် ရိုက်လို့တောင်မပြီးသေးဘူး.. ဒီအတိုင်းယူသွားခဲ့ပါတယ်... တံဆိပ်ရိုက်ဆိုင်က သူတို့စိုးရိမ်တာ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ လာရောက်ဟန့်တားမည်ကိုသာ စိုးရိမ်တာပါ… အခုတော့ NLD ပါတီက လာပြီးတော့ ခြိမ်းခြောက်သွားတယ်လို့ဆိုပါတယ်. ပြီးတော့ တံဆိပ်ရိုက်ဆိုင်ကရောင်းချပေးနေတာ NLD ကရောင်းပေးတဲ့ဈေးနဲ့ အတူတူပါပဲတဲ့… သာမန်အင်္ကျီတစ်တည်ကို ၂၅၀၀ ကျပ်၊ နည်းနည်းကောင်းတာကို ၃၅၀၀ ကျပ်၊ ခေါင်းစည်းတစ်ခုကို ၅၀၀ ကျပ်နဲ့ရောင်းချပေးတယ် လို့ပြောပါတယ်... အင်္ကျီတစ်ထည်မှာ အရင်းဈေး သာမန် အင်္ကျီ ၁၂၀၀ ကျပ်၊ နည်းနည်းကောင်းတာ ၁၅၀၀ ကျပ်ဆိုတော့ တစ်ဝက်လောက်မြတ်တယ်လို့ပြောပါတယ်… “ဒါကြောင့် NLD ပါတီမှာ စီးပွါးရေး ဈေးကွက်တွက်ပြီး ကိုဖြိုးပါထားတယ်ဖြစ်ရမယ်… ပြီးတော့ ပါတီရန်ပုံငွေလိုနေတာကို ချေးငွေတွေပေးပြီး အတိုးနဲ့ယူမယ်လို့လည်း ပြောနေတယ်… ” လို့ဆိုပါတယ်… “အမှန်တကယ် ပါတီကို ယုံကြည် လေးစားတယ်ဆိုရင် ကိုယ့်ပါတီက ရောင်းချပေးနေတဲ့ အင်္ကျီကုန်သွားရင်တောင် အပြင် တံဆိပ်ရိုက်ဆိုင်တွေ ရိုက်ပေးတာကို ကျေးဇူးတောင်တင်ရအုံးမယ်… ကိုယ့်ပါတီ လူသိများတာ..လူတွေအားပေးတာတွေကို မလိုချင်ဘူးဆိုတော့ အဲဒါ ဘယ်လိုအတွေး လည်းဆိုတာ စဉ်းစားကြည့်ပေတော့…”


♣ ♣ ယခုရေးသားထားသောစာအား ဖတ်ရှုနေသောသူသည် မြိတ်မြို့သူ/သားများဖြစ်မည်ဆိုပါက မြိတ်မြို့ရှိ တံဆိပ်ရိုက်ဆိုင်များတွင် အသေးစိပ်ကို စုံစမ်းမေးမြန်းနိုင်ပါသည်... ♣

3 comments:

မြိတ်သားလေး said...

မြိတ်NLD ရုံးခွဲ အနေဖြင့် ပါတီတံဆိပ်ပါ အကျီင်္င်္၊ရင်ထိုး၊နဖူးစည်း၊စာစောင် စသည်များကို မြိတ်NLD ရုံးရံပုံငွေအတွက် ရောင်းချပေးလျက်ရှိပါသည်။ မြိတ်မှအဆိုပါ တံဆိပ်ရိုက်ဆိုင်အားလည်းNLD တံဆိပ်(logo)ပါ ပစ္စည်းများကို မြိတ်NLDရံပုံငွေအလို့ငှာ ရုံးမှပင်ရောင်းချပေးမည်ဟု ကြိုတင်ပြောဆိုထားပြီးဖြစ်ပါသည်။အဆိုပါတံဆိပ်ရိုက်ဆိုင်မှသူ့သဘောဖြင့်သူရောင်းနေသဖြင့် မဇင်မာကြည်(NLDပါတီဝင်)မှ မြိတ်ရုံး ကိုယ်စားပြု သွားရောက်အသိပေးပြောကြားခြင်းသာဖြစ်ပါသည်။ငွေထုတ်ချေးသည်ဆိုသည်မှာလည်း အခြေအမြစ်မရှိသည့်ပြောဆိုချက်သာဖြစ်ကြောင်းသိစေအပ်ပါသည်။

tun tun said...

မည့်သည့် ပါတီမဆို ပါတီပိုင် တံဆိပ်ပါ အင်္ကျီ၊ ရင်ထိုး နဖူးစည်း စာစောင် စသည်များကို ပါတီဝင်မှတပါး တခြားသူတို့သည် ရောင်းချခြင်း၊ ဖြန့်ဝေခြင်း စသည်များကို လုပ်ပိုင်ခွင့်ရှိမယ်လို့ မထင်ပါ၊ အဲဒီလို စည်းကမ်းချက်မျိုး၊ တားမြစ်ချက်မျိုးကိုလည်း ပါတီတိုင်းမှာ သတ်မှတ်ထားသော စည်းမျဉ်းများ ရှိမယ်လို့လည်းထင်ပါတယ်။ ဒါကြောင့် ပါတီခွက်ပြုချက်မရဘဲ စီးပွားရေး အဖြစ် ရောင်းချနေမှုကို ပါတီအဖွဲ့ဝင်များ ဟန့်တားသည်မှာ မှားတယ်လို့ မမြင်မိပါဘူး။ ခုလည်း မြိတ် NLD ပါတီပိုင် တံဆိပ်၊ ရင်ထိုး၊ အကျီင်္၊ နဖူးစည်း စသည်တို့ကို ခွင့်ပြုချက်မရဘဲ ရောင်းချနေမှုကို အဖွဲဝင်တစ်ယောက်ဖြစ်သော မဇင်မာကြည်နှင့် အဖွဲ့ဝင်များသွားရောက် သတိပေး ဟန့်တားမှုမှာ အမှားမရှိ မှန်ကန်ကြောင်း ထင်မြင်မိပါသည်။

right regenition said...

မဇင်မာကြည် ဟန့်တားတာ မမှားဘူး။ လုံးဝမှန်ကန်တယ်။ မင်းလည်းမဇင်မာကြည်လို ဟန့်တားနိုင်အောင် မင်းမှာအရည်အချင်းရှိလို့လား။ သူများ အရည်အချင်းရှိတာ မနာလိုမှုတွေဖြစ်ပြီး ကဲရဲ့နေတာက မင်းကွ။ သေတော့မှာပဲ့ ဒီကောင်။