Saturday, March 10, 2012

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ ပထမအကြီမ် စည်းရုံးရေးဆင်း


အမတ်လောင်း ဒေါ်တင်တင်ရီနှင့် အဖွဲ့ဝင် အမျိုးသား(၇)ဦး၊ အမျိုးသမီး (၅)ဦး တို့သည် မြိတ်မြို့ မှ (3.3.2012) ရက်နေ့ နံနက်(၉) နာရီအချိန်တွင် မြို့သစ်ရပ် ကမ်းလွန်ဆိပ်မှ စတင်ထွက်ခွာခဲ့ရာ နေ့လည်(၁၂)နာရီ အချိန်တွင် ကျွန်းစုမြို့နယ်မင်းဂုတ် ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။


ပြီးနောက် မင်းဂုတ်ကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်ပွဲကို ထိုနေ့(၁၂နာရီ၁၅မိနစ်)အချိန်တွင် ကျင်းပခဲ့ရာ ဇေးကမိကျေးရွာ၊ မောင်းလှော်ကျေးရွာ၊ ၀ါရစ်မြန်မာကျေးရွာ၊ ရတောင်ကျေးရွာမှ အဖွဲ့ဝင်(၃၀၀)ကျော် တက်ရောက်အားပေးခဲ့ ပါသည်။


ထိုနေ့ နေ့လည်(၂)နာရီ အချိန်တွင် မင်းဂုတ်ကျေးရွာမှ ပဲ့တိုင်ကျေးရွာသို့ ဆက်လက် ထွက်ခွာခဲ့ရာ ညနေ(၄)နာရီ အချိန်တွင် ရောက်ရှိပြီး သင်ပုန်းကျွန်း ကျေးရွာနှင့် ယမုံကျေးရွာတို့မှ အဖွဲ့ဝင် (၄၀၀)ကျော် လာရောက်ကြိုဆိုခဲ့ ကြပါသည်။ ထိုနောက် မဲဆွယ် စည်းရုံး ဟောပြောခဲ့ပြီး ည(၇) အချိန်တွင် ပြီးဆုံးပြီး အိပ်စက် အနား ယူခဲ့ကြပါသည်။


(4.3.2012)ရက်နေ့ နံနက်(၅)နာရီ အချိန်တွင် ရေကန်အော်ကျေးရွာ သို့ ဆက်လက် မဲဆွယ် စည်းရုံးရေးဆင်း ခဲ့ပါသည်။ ထိုကျေးရွာသို့ နံနက်(၁၀)နာရီတွင် ရောက်ရှိပြီး အင်အား (၅၀၀)ကျော် လာရောက်ကြိုဆိုခဲ့ပါ သည်။ ထိုနောက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပြီး နေ့လည်(၁၂)နာရီ အချိန်တွင် ရေကန်အော်ကျေးရွာမှ ကံမော် ကျေးရွာသို့ ထွက်ခွာပြီး နေ့လည်(၂)နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုကျေးရွာတွင် ပြည်သူလူထုအင်အား (၁၀၀၀)ကျော် လာရောက်ကြိုဆို အားပေးခဲ့ကြပါသည်။ ထိုပြည်သူများကို စည်းရုံးေ ဟာပြောခဲ့ပြီး ည(၈)နာရီ အချိန်တွင် မဲတောကျေးရွာသို့ ထွက်ခွာခဲ့ရာည(၁၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုည အချိန်တွင်လဲ အင်အား (၁၀၀)ကျော် အားတက်စရာ လာရောက်ကြိုဆို နေခဲ့ပါသည်။ ထိုနောက် အိပ်စက် အနားယူခဲ့ကြ ပါသည်။


နောက်တစ်နေ့(5.3.2012) နံနက်(၈)နာရီ အချိန်တွင် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါသည်။ ထိုနော် နံနက် (၁၀)နာရီတွင် ဟောပြောပွဲပြီးဆုံးကာ မဲတောကျေးရွာမှ ချောင်းကြီးဝ ကျေးရွာသို့ ဆိုင်ကယ်များဖြင့် နာရီဝက်စာ ခရီးနှင်ခဲ့ကြ ပါသည်။ ချောင်းကြီးဝတွင် လူအင်အား(၂၀၀)ခန့်ကြိုဆိုခဲ့ပြီး နောက်စည်းရုံးရေး ဟောပြောခဲ့ပါသည်။ ထိုမှတဆင့် အုပ်ဖိုမော်ကျေးရွာသို့ နေ့လည်(၁၂)နာရီခွဲတွင် ထွက်ခွာခဲ့ပါသည်။ နေ့လည်(၁) နာရီခွဲတွင် ရောက်ရှိခဲ့ပါသည်။ ထိုရွာတွင်ကား လူအင်အား (၆၀)ခန့်ကိုသာ စည်းရုံး ဟောပြောခဲ့ပါသည်။


ထိုနောက် နေ့လည်(၂)နာရီအချိန်တွင မော်ခေါင်းတုံး ကျေးရွာသို့ ဆက်လက် ထွက်ခွာခံရာ ညနေ(၅)နာရီ တွင်ရောက်ရှိပြီး အင်အား(၄၀၀)နီးပါ လာရောက်ကြိုဆို ဂုဏ်ပြုခဲ့ပါသည်။ ၄င်းတို့အား မဲဆွယ်စည်းရုံးခဲ့ပြီး ည(၈)နာရီတွင် မြေနီတောင် ကျေးရွာသို့ ထွက်ခွာခဲ့ရာည(၁၀)နာရီခွဲအချိန်တွင် ရောက်ရှိ ဟောပြောခဲ့ပြီးည (၁၁)နာရီခွဲတွင် မြေနီတောင်မှ ငမန်းချောင်း ကျေးရွာသို့ ညအိပ်ရန် ထွက်ခွာခဲ့ရာ ည(၁၂)နာရီတွင် ရောက်ရှိ အနားယူခဲ့ကြပါသည်။


(6.3.2012) နံနက်(၇)နာရီတွင် ငမန်းချောင်းကျေးရွာမှ ပြည်သူများကို စည်းရုံးခဲ့ပါသည်။ နံနက်(၈)နာရီခွဲ အ ချိန်တွင် စခန်းသစ်စံပြကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ (၁၁နာရီ၁၅မိနစ်) အချိန်တွင် ရောက်ရှိပြီး အင်းအား(၈၀၀) ကျော်ခန့်ရှိသော ပြည်သူလူထုများက တခဲနက်လာရောက်ကြိုဆိုခဲ့ပြီး စခန်းသစ်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲအား စည်းကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။ ထိုနောက် ကျွန်စုမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၊ တိုင်း အောင်နိုင်ရေး အဖွဲ့ဝင် ဦးသက်ရှိန်နှင့် ဦးခိုင်မင်းတို့မှ အဖွဲ့ချုပ်အဖွဲ့ဝင်နှင့် ပြည်သူလူထုကို မဲဆွယ်စည်း ရုံးခဲ့ပါသည်။


ထိုနောက် နေ့လည်(၂)နာရီ အချိန်တွင် မြိတ်မြို့သို့ ပြန်လည် ထွက်ခွာပြီး တောပြားကြီး ကျေးရွာတွင် ခဏနား ပြီး ညနေ(၄)နာရီ အချိန်တွင် ဆက်လက် ထွက်ခွာခဲ့ရာ ည(၇)နာရီအချိန်မှာ မြိတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ပြန်လည်ရောက်ရှိပြီး ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

http://www.facebook.com/profile.php?id=100002467917792

0 comments: