Wednesday, July 8, 2015

ပြည်ပပို့ကုန် အမယ်သစ်ဖြစ်သော ပင်လယ်ရေမှော် မွေးမြူရေး လုပ်ငန်းအား ပိုမိုလုပ်ကိုင်လျက်ရှိ

ပြည်ပပို့ကုန် အမယ်သစ်ဖြစ်သော ပင်လယ်ရေမှော် မွေးမြူရေး လုပ်ငန်းအား ပိုမိုလုပ်ကိုင်လျက်ရှိ

ရန်ကုန်   ဇူလိုင်   ၆

မြန်မာနိုင်ငံ အပါအဝင် ပင်လယ်သမုဒ္ဒရာနှင့်နီးသော ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ များတွင် ပင်လယ်ရေမှော် မွေးမြူခြင်းကို ပိုမိုလုပ်ကိုင်လျက် ရှိကြသည်။ ၎င်းပင်လယ်ရေမှော်သည် စားသောက်ကုန်လုပ်ငန်းများ အပြင် ဆေးဖက်ဝင်ပြီး ကျန်းမာရေးနှင့် ကိုက်ညီသောကြောင့် ယခုချိန်တွင် ၎င်းရေမှော်များ ဖြစ်ထွန်းရာ တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ ကျွန်းစုများတွင် မွေးမြူနေကြသည်။


မြိတ်ကျွန်းစုရေပြင်တွင် မွေးမြူထားသော ပင်လယ်ရေမှော် အမျိုးအစားများမှာ Phaeo Phycae ခေါ် အညိုရောင်ရေမှော်နှင့် Ch-ilcrophycae ခေါ် အစိမ်းရောင်ရေမှော် တို့ဖြစ်ကြသည်။ အဆိုပါ ရေမှော်များကို  မြန်မာနိုင်ငံအပြင် မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့တွင်လည်း  အဓိက မွေးမြူနေကြကြောင်း သိရသည်။ ၎င်းပင်လယ်ရေမှော် မွေးမြူရေး လုပ်ငန်းသည် ပျိုးပင်များ ပြည့်စုံပါက မွေးမြူချိန် ရက် ၄ဝ နှင့် အခြောက်လှမ်းချိန် ၃ ရက် ပေါင်း ၄၃ ရက်ဖြင့် ဝင်ငွေ ပြန်လည် ရရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။

ပင်လယ်ရေမှော် မွေးမြူရေးလုပ်ငန်းသည်  နှစ်တိုစီးပွားရေး လုပ်ငန်းဖြစ်သည့် အပြင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း အထောက်အကူပေးသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ၎င်းပင်လယ် ရေမှော်ခြောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဝဝ ကျော်ရရှိပြီး ပင်လယ်ရေမှော် အမှုန့်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃ဝဝဝ ကျော် ရရှိသောကြောင့် တွက်ခြေကိုက်ကာ ယခုချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ စီးပွားရေး လုပ်ငန်းရှင်များက  ပိုမိုမွေးမြူလာကြကြောင်း သိရသည်။

မြ၀တီသတင်းစာ

0 comments: