Sunday, July 19, 2015

ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဆေးမှူး ဗိုလ်မှူး ခွန်ညီညီ ဦးစီး ဆေးအဖွဲ့ စစ်သည် (၃) ဦးနှင့် ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇော်မောင် ဦးစီး သူနာပြုများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၅ ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်း၌ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ သို့ သွားရောက်၍ ဒေသခံ ပြည်သူ လူထုများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆေး ကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။




ထိုသို့ ဆောင်ရွက်ရာ၌ အမျိုးသား (၃၀) ဦး၊ အမျိုးသမီး (၆၆) ဦး စုစုပေါင်း (၉၆) ဦးတို့အား ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ဆေးကုသရန် လိုအပ်သူ များအား ဆေးကုသ ပေးခဲ့ကာ လိုအပ်သော ဆေးဝါး များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ ဆေးကုသရေး အဖွဲ့သည် အလားတူ ဆေးကုသ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၌ စဉ်ဆက် မပြတ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။




0 comments: