Tuesday, July 7, 2015

တနင်္သာရီမြို့၌ ဖုံး/ သွန်/ လဲ/ စစ် နှင့် အဘိတ်ဆေးခတ်ပေးခြင်း ပြည်သူ့ အကျိုးပြုလုပ်ငန်း စုပေါင်း ဆောင်ရွက်

တနင်္သာရီမြို့၌ ဖုံး/ သွန်/ လဲ/ စစ် နှင့် အဘိတ်ဆေးခတ်ပေးခြင်း  ပြည်သူ့ အကျိုးပြုလုပ်ငန်း
စုပေါင်း ဆောင်ရွက်


တနင်္သာရီ - ဇူလိုင်လ (၆)ရက်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်  တနင်္သာရီမြို့တွင် သွေးလွန် တုတ်ကွေးရောဂါ လက္ခဏာနှင့် အသွင်တူသည့် အပြင်းဖျား  ဖျားခြင်းရောဂါဖြင့် ဆေးရုံ၌  အတွင်းလူနာ အဖြစ် ကုသခံနေရသူ များပြား နေသဖြင့် သွေးလွန် တုတ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး အသွင်နှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ရေကန်များ၊ ရေသိုလှောင်သည့် တိုင်ကီပုံးများ၊ ရေ၀ပ်နေသော အိုးခွက်၊ တာယာဟောင်းများ၊ အိုးခြမ်းပဲ့များအား  ဖုံး/ သွန် / လဲ / စစ် အစီအစဉ် နှင့် ပိုးလောက်လန်းများ မပေါက်ဖွားစေရေး အတွက် အဘိတ် ဆေးခတ်ပေးခြင်း လုပ်ငန်းများကို စုပေါင်း အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် လျက် ရှိရာ  ဇူလိုင်လ(၆)ရက်နေ့  မွန်းလွဲ(၁၂း၃၀)အချိန် မှ(၃း၀၀) နာရီ အချိန်​ထိ တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်  အာယုလမ်းနှင့် ၀ဏ္ဏလမ်း တစ်လျှောက် နေအိမ်များအား  စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြသည်။




 ယင်းအဖွဲ့တွင်  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများ၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင် အရာရှိ ဦးဟုန်စိုး နှင့်ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေးဌာန တာဝန်ခံ သူနာပြု ဆရာမ ဒေါ်စန်းလွင်နှင့် ၀န်ထမ်းများ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်အေးတင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ၊ ချောင်းငယ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေနှင့် ရာအိမ်မှူး၊ဆ ယ်အိမ်မှူးများ လိုက်ပါလျက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ဒေသခံအိမ်ရှင်များ ကိုလည်း ခြင်မပေါက်ဖွားစေရေး အသိပညာ ပေးခဲ့ကြ ကြောင်း သိရှိရသည်။


0 comments: