Thursday, August 1, 2013

မိုးသည်းထန်စွာ ရွာသွန်း၍ တနင်္သာရီ မြစ်ရေမြင့်တက် စိုးရိမ်ရေမှတ် ရောက်ရှိရာ (၁)ပေလို

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် နှစ်စဉ် နှစ်တိုင်း လိုလိုပင် မြစ်ရေလွှမ်းမိုးမှုများ ကြုံတွေ့လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးများအဆက် မပြတ်ရွာသွန်းခြင်း၊ ကြောင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နေ့လည် (၁၂) နာရီအချိန် တိုင်းထွာချက် များအရ မြစ်ရေအမှတ်မှာ သာမာန် ရေမျက်နှာပြင်အထက် ၂၃ ပေ မြင့်တက်နေပြီး စိုးရိမ် ရေမှတ်သို့ ရောက်ရှိရန် (၁)ပေ သာ လိုကြောင်း သိရှိသည်။



မြစ်ရေကြီးမှုကြောင်း တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက်တွင် မြေပြင်အထက် ၆ပေ ကျော် မြင့်တက်လျက် ရှိပြီး ချောင်းငယ်ရပ်ကွက်မှာ မြေပြင်အထက် ၇ ပေကျော် မြင့်တက်လျက်ရှိကာ ချောင်းကြီးရပ်ကွက်မှ အိမ်ထောင်စု (၃၆)စု၊ လူဦးရေ (၁၈၆) ဦး၊ ချောင်းငယ်ရပ်ကွက်မှ အိမ်ထောင်စု (၂၀)စု၊ လူဦးရေ (၉၉) ဦးတို့အား ရေလွတ်ကာ ဖြစ်သည့် အကျဉ်းဦးစီးကုန်း၊ ရိပ်သာကျောင်း၊ တနင်္သာရီမြို့နယ် ခန်းမ၊ ချောင်းကြီး ဘုန်းကြီး ကျောင်းတို့တွင် ပြောင်းရွေ့ပေးထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သက်ဆိုင်ရာမှ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။



0 comments: