Saturday, August 17, 2013

ကျွန်းစုမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၆)ရက် နံနက်(၉)နာရီတွင် ကျွန်းရတနာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ၊ ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြည်သူဗဟိုပြုသော အဖွဲ့အစည်း များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပွင်းလင်းမြင်သာ မှုဖြင့် ဆောင်ရွက်သွားကြရန်နှင့် စည်းစည်းလုံးလုံးဖြင့် ညှိနှိုင်းဆောင် ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြိတ်ခရိုင် ဥပဒေအရာရှိ နှင့် မြိတ်ခရိုင် စီမံကိန်း ဦးစီးမှူး ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကြကြောင်း သတင်း ရရှိသည်။
IPRD MYEIK


0 comments: