Tuesday, August 27, 2013

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ(၂၆)ရက် နံနက်(၁၀း၁၅)နာရီတွင် နည်းပညာ တက္ကသိုလ် (မြိတ်)သို့ရောက်ရှိ ရာ ကျောင်းအုပ်ကြီး ဒေါက်တာ တင်ဆန်းက တက္ကသိုလ်တွင် ပညာ သင်ကြားပေးနေမှုနှင့် ဒေသအတွင်း အထောက်အကူပြု HRD သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုတို့အား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် က တက္ကသိုလ်တွင် ပညာ သင်ကြားပေးလျက် ရှိသော ဆရာ/ ဆရာမများအား အားပေးစကားပြောကြားပြီး ပညာသင်ကြားလျက် ရှိသော ကျောင်းသား လူငယ်များ စည်းကမ်း ကောင်းမွန်ရေး၊ မူးယစ်ဆေးဝါး မသုံးစွဲစေရေးနှင့် အကျင့် စာရိတ္တ မြင့်မားစေရေး အတွက် ဆရာ/ ဆရာမများက ၀ိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ၊ ကျောင်းဆင်း ကျောင်းသား /သူများ အနေဖြင့် မကြာမီတွင် စက်မှုဇုံများ ပေါ်ပေါက်လာတော့မည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး တက္ကသိုလ် အတွက် လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် ကွန်ပျူတာ တက္ကသိုလ်(မြိတ်)သို့သွားရောက်၍ ဆရာ/ ဆရာမများအား အားပေးစကားပြောကြားပြီး ပညာသင်ကြားလျက် ရှိသော ကျောင်းသား
လူငယ်များ စည်းကမ်း ကောင်းမွန်ရေး၊ မူးယစ်ဆေးဝါး မသုံးစွဲစေရေးနှင့် အကျင့် စာရိတ္တမြင့်မားစေရေး အတွက် ဆရာ/ဆရာမများက ၀ိုင်းဝန်း ထိန်းသိမ်းပေးစေ လိုကြောင်း၊ ကျောင်းဆင်း ကျောင်းသား/ သူများအနေဖြင့် မကြာမီတွင် စက်မှုဇုံများ ပေါ်ပေါက် လာတော့မည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး တက္ကသိုလ် အတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မြိတ်တက္ကသိုလ် သို့ရောက်ရှိရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူးက တက္ကသိုလ်မှ သင်တန်းများသင်ကြားပေးနေမှု၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆရာ/ ဆရာမများအား အားပေးစကားပြောကြား ပြီး ကျောင်းသား လူငယ်များ လမ်းကြောင်းမမှား စေရေး၊ မူးယစ်ဆေးဝါးမသုံးစွဲစေရေး၊ အကျင့် စာရိတ္တမြင့်မားရေး အတွက် ဆရာ/ဆရာများက ၀ိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေးအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်ဒေသကြီး ၀န်ကြီးချုပ်သည် မြိတ်တက္ကသိုလ် အဏ္ဏ၀ါ သိပ္ပံဌာနသို့ သွား ရောက် ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ကျန်းမာရေး ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ဆေးရုံကြီးမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှု ၊ ဆေးဝါးများ ထောက်ပံ့ပေးနေမှု၊ ဆေးရုံပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ အမှစကားပြောကြား ပြီး ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများမှ တင်ပြချက်များအား ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဇီဝိတဒါန သံဃာတော်နှင့် သီလရှင်များ ဆေးရုံ တည်ဆောက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

IPRD MYEIK


0 comments: