Monday, August 5, 2013

ရနောင်း ခရိုင်နှင့် မြိတ်ခရိုင် စီးပွားရေးလုပ်ငန်း ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖလှယ်ပွဲ ကျင်းပ

ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ Governor Act...ing Sub Lt. Cherdsak Iampathes ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ဖလှယ်ပွဲကို သြဂုတ်လ (၃)ရက် နေ့လည် (၁)နာရီတွင် မြိတ်မြို့ KRCP ဟိုတယ် အစည်း အဝေးခန်းမ၌ ကျင်းပရာ ရနောင်း ခရိုင်စီးပွားရေး လုပ်ငန်းရှင် (၂၃)ဦးနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင် (၄၇)ဦး တက်ရောက်ခဲ့ ကြသည်။


ရှေးဦးစွာ ထိုင်းနိုင်ငံ ရနောင်း ခရိုင်မှ Governor Acting Sub Lt. Cherdsak Iampathes က အမှာစကား ပြောကြားသည်။ ယင်းနောက် ရနောင်းခရိုင် ကုန်သည်ကြီးများ အသင်းဥက္ကဌ Mrs Narumon Karopoom က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်း ဒုတိယ ဥက္ကဌ ဦးကြည်စန်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ထိုနောက် ရနောင်း ခရိုင် စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်စီးပွားရေး လုပ်ငန်း ရှင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်း များပေးအပ် ကြသည်။

ဆက်လက်၍ ရနောင်းခရိုင် စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များ ဆိုင်ရာ လုပ်ငန်း အချင်းချင်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ခရီးသွား လာရေး လုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအကြောင်း ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ အပြီးတွင် ရနောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့သည် ပြည့်ဖြိုးထွန်း ကုမ္ပဏီသို့ သွားရောက် လေ့လာခဲ့ကြပြီး ကုမ္ပဏီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးလှသန်းနှင့် ရနောင်းခရိုင် ကုန်သည်ကြီးများ အသင်းဥက္ကဌ Mrs Narumon Karopoom တို့က ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ညှိနှိုင်း ဆောင်ရွက်ရေး MOU လက်မှတ် ရေးထိုးခဲ့ကြကြောင်း သတင်း ရရှိသည်။
IPRD MYEIK

 


0 comments: