Thursday, January 24, 2008

မြန်နှုန်းမြင့် ADSL လိုင်းများ တပ်ဆင်နိုင်ပြီ

ထားဝယ်နှင့် မြိတ်မြို့တွင် မြန်နှုန်းမြင့် ADSL လိုင်းများ တပ်ဆင်နိုင်ပြီ

မြန်မာနိုင်ငံ အောက်ပိုင်း အကျဆုံးဒေသများ ဖြစ်သည့် ထားဝယ်နှင့် မြိတ်မြို့တို့တွင် ယခုလ အကုန်မှ စတင်၍ အင်တာနက် မြန်နှုန်းမြင့် ( MPT ) ADSL များ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေး ( MPT ) မှ ချပေးသော အဆိုပါ ( MPT ) ADSL အား ယခုအခါ မြန်မာနိုင်ငံ မြို့ကြီး ၂၇ မြို့တွင် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။

မြန်နှုန်းမြင့် ADSL များသုံးစွဲရန်အတွက် ADSL ငှားရမ်းခ အသုံးပြုရန် ဈေးနှုန်းမှာ ကျပ် ၂၃ သိန်း ၀န်းကျင်ရှိပြီး ယခု လက်ရှိ ရန်ကုန်တွင် ADSL အလုံးရေ ၈၀ ကျော်နှင့် မန္တလေးမြို့တို့တွင် ၂၁ လုံး အငှားချထားပြီး ဖြစ်သည်။ အင်တာနက် မြန်နှုန်းမြင့် ADSL အသုံးပြုမည့် သူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး(MPT) နှင့် Globel Net . Co.Ltd သို့ တိုက်ရိုက်ဆက်သွယ်ရမည် ဖြစ်သည်။

Ref: 7 Day News - Vol:6, No.44 (24.1.2008)

0 comments: