Wednesday, January 2, 2008

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ ပြုလုပ်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ မြိတ်မြို့၌ ပြုလုပ်

၂၀၀၈ခုနှစ်၊ နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အများ ပြည်သူ များ ကြည့်ရှု့ လေ့လာ နိုင် ရန် အတွက် ဌာနဆိုင်ရာ အသီးသီးမှ ခင်းကျင်း ပြသမည့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကို (၂-၁-၂၀၀၈) ရက်နေ့ ညနေ (၃)နာရီ အချိန်တွင် မြိတ်မြို့ မြို့မ အားကစားကွင်းတွင် ကျင်းပ ပြုလုပ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးက တက်ရောက် အားပေးချီးမြှင့်ပြီး တနင်္သာရီတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင် (၂) ဦးသာဒိုးမှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ပြခန်းများကို တနင်္သာရီ တိုင်းအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ၀န်ကြီးဌာန အလိုက် လုပ်ငန်း ဆောင်ရွက်မှု များကို ခင်းကျင်း ပြသ ထားပြီး စုစုပေါင်း ပြခန်း (၂၀)ခုဖြင့် (၃)ရက်ကြာ ဖွင့်လှစ်ပြသွားမည် ဖြစ်သည်။


0 comments: