Friday, January 4, 2008

လွတ်လပ်ရေးနေ့ အခမ်းအနား မြိတ်မြို့တွင် ကျင်းပ

လွတ်လပ်ရေးနေ့ အခမ်းအနား မြိတ်မြို့တွင် ကျင်းပ

၂၀၀၈ခုနှစ်၊ နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြိတ်မြို့ ရွှေပေးကျေးရွာရှိ တိုင်းအားကစားကွင်းတွင် (၄-၁-၂၀၀၈)ရက်နေ့ နံနက် (၇း၀၀) နာရီ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ကျောင်းသူ/ ကျောင်းသားများ၊ ပြည်သူလူထုများ စုစုပေါင်း အင်အား ၁၄၀၀ ကျော် တက်ရောက်သည်။



အခမ်းအနားတွင် တနင်္သာရီတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ ပေးပို့သော လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်ပြီး ရွှေပေးကျေးရွာရှိ တိုင်းအားကစားရုံ၌ နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ/ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများမှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ပြပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သည်။



0 comments: