Saturday, January 12, 2008

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ဂျပန်အစိုးရက ထောက်ပံ့လှူဒါန်း

ကျောင်းသား ၈၀၀ကျော် တက်ရောက် ပညာသင်ကြား နေသည့် သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအတွက် ကျောင်းဆောင်သစ် တစ်ခု ဆောက်လုပ်ရန် ဂျပန်အစိုးရက ထောက်ပံ့ လှူဒါန်းမှု ပြုလုပ် လိုက်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ သတင်း ထုတ်ပြန် ပါသည်။ အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းခြင်းကို ဂျပန် အစိုးရ၏ လူမှု ကူညီ ထောက်ပံ့ရေး အစီအစဉ် (Grassroots Grant Assistance) အရ လုပ်ဆောင်ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ် အတွက် အမေရိကန် ဒေါ်လာ ၈၁၅၀၀ ကျော် ထောက်ပံ့မည် ဖြစ်သည်။

မြိတ်မြို့ ကလွင်ကျေးရွာရှိ
သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၌ တည်ရှိသည့် သံသရာအေး ဘုန်းတော်ကြီးကျောင်းကို ၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် ကျောင်းသား ၁၄၉ဦးဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကို စတင်ခဲ့သည်။ ကျောင်စတင် ဖွင့်လှစ်ချိန်မှ စ၍ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံနှင့် ၀ါးဖြင့် ဆောက်လုပ် ထားသည့် အဆောက် အအုံ များတွင် ပညာ သင်ကြားပေး ခဲ့သည်။ နှစ်စဉ်ပင် ပြင်ဆင်မှုများ ပြုလုပ် နေခဲ့ရသည်ဟု သိရသည်။ GGA အစီအစဉ်ဖြင့် စာသင်ခန်း ရှစ်ခန်းပါ နှစ်ထပ်ကျောင်းဆောင်၊ ကျောင်းသုံး ပရိဘောဂများနှင့် အခြားသော လိုအပ်ချက်များ ကိုပါ ဖြည့်ဆည်း နိုင်မည် ဖြစ်ပြီး ယင်းကူညီမှုသည် ကျောင်းသားများ၏ ပညာရေးပိုမို အဆင်ပြေရန် သာမက မြန်မာ - ဂျပန် ချစ်ကြည်ရေး ခိုင်မာမှုကိုပါ ရည်ရွယ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖေါ်ပြ ထားပါသည်။
ရည်ညွှန်း - ခေတ်လူငယ်

1 comments:

Khin said...

ကျေးဇူးတင်ပါတယ် ဂျပန်အစိုးရကို သာဓုခေါ်ပါတယ်။

I appreciate goodwill of Japanese government.
Monastic education is good for basic buddhist teachings.