Monday, January 7, 2008

ရေငန်ပုစွန်သားပေါက်များ မျိုးစိုက်ထည့်မှု ပြလုပ်ခြင်း

ရေငန်ပုစွန်သားပေါက်များ မျိုးစိုက်ထည့်ခြင်း အခမ်းအနား
မြိတ်မြို့၌ ပြုလုပ်

တနင်္သာရီတိုင်းအတွင်း သားငါးကဏ္ဍ ထုတ်လုပ်မှုနှင့် သားငါးရိက္ခာဖူလုံပိုလျှံရေး၊ ရေသယံဇာတ တိုးပွားရေး စသည့် ရည်ရွယ်ချက်များဖြင့် မြိတ်ပင်လယ်ပြင်ရှိ ဒီရေရောက် သစ်တောများ အနီးတွင် ရေငန်ပုစွန် သားပေါက်နှင့် ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကို ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့ (၀၉၃၀) နာရီအချိန် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ မြို့မဆိပ်ကမ်း ဗောတံတားတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကမ်းရိုးတန်း ဒေသ တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးက အမှာစကား ပြောကြားပြီး တနင်္သာရီတိုင်း ငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်က ရေငန်ပုစွန် သားပေါက်များ ဒီရေတော အနီးတွင် မျိုးစိုက် ထည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ပြီးနောက် တိုင်းမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူ လူထုများမှ မြိတ် ပင်လယ်ပြင်ရှိ ဒီရေရောက် တောများအနီးတွင် ရေငန်ပုစွန်သားပေါက်များ ၊ ငါး သားပေါက်များ မျိုးစိုက် ထည့်ခြင်း ဆောင်ရွက် ကြသည်။


မျိုးစိုက်ထည့်လိုက်သည့် သားပေါက်များ

မျိုးစိုက်ထည့်လိုက်သည့် သားပေါက်များ

မျိုးစိုက် ထည့်သည့် ရေငန်ပုစွန် သားပေါက်များနှင့် ငါးသားပေါက်များ၏ တန်ဖိုးမှာ ငွေကျပ် (၄၅)သိန်း တန်ဖိုးရှိပြီး ငါးလုပ်ငန်း ဦးစီးဌာနပိုင် လောင်းလုံးမြို့နယ် ၀မော် ရေငန်ပုစွန် သားပေါက်စခန်းမှ PL သားပေါက် ကောင်ရေ (၁၄.၄၄)သိန်း၊ ဗင်းတေ့ခ်ျ ကုမ္ပဏီ သားပေါက်စခန်းမှ PL သားပေါက် ကောင်ရေ (၁.၂)သိန်း၊ စုစုပေါင်း PL သားပေါက် ကောင်ရေ (၁၅.၆၄)သိန်းနှင့် ပြည့်ဖြိုးထွန်း ကုမ္ပဏီ၊ ကောင်းကောင်း ကုမ္ပဏီ စသည့် တို့မှ ဂဏန်းမဲ (၃၅၀၀) ကောင်၊ ကျောက်ငါး (၇၀၀) ကောင်၊ ကျောက်ပုစွန် (၁၀၀) ကောင်၊ ကင်းပုစွန် (၁၀၀) ကောင်တို့အား ပင်လယ်ပြင် ဒီရေရောက် တောများ အတွင်း မျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရှိ ရသည်။

0 comments: