Saturday, January 21, 2012

မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့နယ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲကို ဇန်န၀ါရီလ (၂၁) ရက်နေ့ နံနက်(၈) နာရီတွင် မြိတ်မြို့ အထက်မြစ်ငယ်ရပ် စကားဝါးလမ်းနှင့် ရွှေကျောင်း လမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းဥက္ကဋ္ဌ ဦးလှမင်း ၊ တိုင်း အတွင်းရေးမှူး ဦးအောင်စိုးနှင့် ကျွန်းစု မြို့နယ်တွင် ၀င်ရောက် အရွေးခံမည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ တို့ တက်ရောက်ပြီး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ကာ တက်ရောက် လာကြသူများအား အမှာစကား ပြောကြားသည်။

ထိုအခမ်းအနားသို့ ကန်ခေါင်းရပ်ကွက်အတွင်းရှိ ဒီမိုကရေစီ လိုလားသူ မွတ်ဆလင်ဘာသာဝင် အများစု ပါဝင်သော ပြည်သူ လူထု အင်အား (၁၀၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်။ ထိုအခမ်းအနား တစ်ခုလုံးအတွက် မွတ်ဆလင် ဘာသာဝင် အများစု တက်တက်ကြွကြွ ဖြင့် ဆောင်ရွက်ခဲ့သည်။ ဖဲကြိုးကိုင်ခြင်း၊ ကတ်ကြေး ဗန်းကိုင်ခြင်း၊ စသည်တို့အား မွတ်ဆလင်ဘာသာဝင် ချောမောလှပသည့် အမျိုးသမီးငယ်များက တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။

ထိုအခမ်းအနား ကျင်းပရာတွင် မြိတ်မြို့ရှိ လူအစည်းကားဆုံး လမ်းမကြီး သုံးလမ်းအား ပိတ်ထားရသည့် အတွက် ယာဉ်ကြော ၂ နာရီခန့် ပိတ်ဆို့ ထားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် အများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွင် မွတ်ဆလင် ဘာသာဝင်များ အများစု ဦးဆောင်လှုပ်ရှားနေသည့်အတွက် မကျေမနပ် ဖြစ်နေကြောင်းနှင့် NLD ပေါက်ပေါက်လာသည့်အတွက် မွတ်ဆလင်ဘာသာဝင်များ တက်ကြွလာမှုကြောင့် စိုးရိမ်သောက ရောက်နေကြ ကြောင်း သိရှိရသည်။





0 comments: