Tuesday, January 24, 2012

ပြည်ခိုင်ဖြိုးပါတီမှ ဦးချစ်သန်း ကျွန်းစုမြို့နယ်အတွက် အမည်စာရင်း တင်သွင်း

ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလောင်းအဖြစ် ဦးချစ်သန်း (ဗိုလ်မှူးချုပ်- ငြိမ်း)အား ရွေးချယ်ထားပြီး ဇန်န၀ါရီ ၂၃ ရက် နေ့လည် (၁)နာရီအချိန်တွင် ဦးချစ်သန်းကိုယ်တိုင် မြိတ်ခရိုင် ကော်မရှင် ဥက္ကဌ ဦးဝင်းမြင့် နှင့် ကော်မရှင် အဖွဲ့ဝင်များ ရှေ့မှောက်တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ - ၁၈(ဂ)နှင့်အညီ အမည်စာရင်း တင်သွင်းကြောင်း နှင့် ၄င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဦးသက်စိုး(ခ) ဦးစိုးစိုးက ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးချစ်သန်း၏ ကိုယ်ရေးရာဇ၀င်

အမည်

ဦးချစ်သန်း(ဗိုလ်မှူးချုပ်-ငြိမ်း)

နိုင်ငံသားစိစစ်ရေးမှတ်

၁၁/တသန (နိုင်)၀၀၀၇၅၃

မွေးသက္ကရာဇ်

၂၃-၄-၁၉၅၃ (၆၁)နှစ်

လူမျိုး/ဘာသာ

ဗမာ / ဗုဒ္ဓ

ပညာအရည်အချင်း

B.A(D.S.A) , H.G.P

အလုပ်အကိုင်

ဒါရိုက်တာ၊ ဂိုလ်းဒင်းဖလားဝါးကုမ္ပဏီ

လက်ရှိနေရပ်လိပ်စာ

အမှတ်(၁/၉)၊ (၁)ရပ်ကွက်၊ ကျွန်းစုမြို့

အဘအမည်

ဦးကျော်စိုး (ဗမာ/ ဗုဒ္ဓ )

အမိအမည်

ဒေါ်စိန်လွင် (ဗမာ / ဗုဒ္ဓ )





0 comments: