Tuesday, January 24, 2012

ကျွန်းစုမြို့နယ် NLD ရုံးဖွင့်ပွဲ ပြုလုပ်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် NLD ရုံးခန်းနှင့် ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားအား ကျွန်းစုမြို့ အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အိမ်အမှတ်(၁/၁၆) ရှိ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအင်စိန် ပိုင်ဆိုင်သော နေအိမ်တွင် ၂၀၁၂ ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် (၀၈၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဥက္ကဦးလှမင်း ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီတို့က ဖဲကြိုးဖြတ်ပြီး နောက် အခမ်းအနား တက်ရောက်လာကြသူများအား အမှာစကား ပြောကြားကြသည်။ ကျွန်းစုမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနားသို့ မြိတ်မြို့နယ် NLD ပါတီမှ (၈၀)ဦး၊ ကျွန်းစုမြို့နယ် ပါတီမှ (၂၀)ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ (၄၀)ဦးခန့် စုစုပေါင်း အင်အား (၁၆၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ဥက္ကဌ ဦးလှမင်း

ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေးသူများ


ကျွန်းစုမြို့နယ်ဥက္ကဋ္ဌဦးဖိုးကြည်နှင့် တိုင်းဥက္ကဋ္ဌ ဦးလှမင်း


လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီနှင့် ဦးလှမင်း

ကျွန်းစုရုံးဖွင့်ပွဲကို ဦးစီးဆောင်ရွက်သူ မြို့နယ်ကော်မတီဝင်များ

















































0 comments: