Monday, January 30, 2012

ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးဖိုးကြည် ၉၀ ပြည့်နှစ်က ရန်ပုံငွေလိမ်လည်မှု

ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည် NLD ပါတီ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ကျွန်းစုမြို့နယ်NLD ဥက္ကဋ္ဌ ဦးဖိုးကြည်အား ကျွန်းစုမြို့နယ် ပါတီဝင် များက ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိကြောင်း သိရှိရသည်။


ဦးဖိုးကြည်သည် (၉၀) ပြည့်နှစ် ရွေးကောက်ပွဲ ကာလတွင် NLD ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဦးအတွက် မဲအောင်နိုင်ရေး အတွက် ကျေးရွာပြည်သူများထံမှ အလှူငွေများ ကောက်ခံပြီး အလှူငွေအားလုံးအား စာရင်းမပြပဲ ကိုယ်ကျိုး အတွက် သုံးစွဲဖူးကြောင်း၊ ယခုလည်း ဒေါ်တင်တင်ရီအတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေရာ ရန်ပုံငွေများ ကိုယ်ကျိုးရှာ သုံးစွဲမည်မှာ သေချာကြောင်း ယခင် မြို့နယ် စည်း ကော်မတီအဖြစ် ဆောင်ရွက်ဖူးသူ မောင်းလှော်ကျေးရွာနေ ဦးကိုကိုလေးက ပြောကြားသည်။ ဦးကိုကိုလေး ကပင် အမေစု ကို ၄င်းတို့ အနေဖြင့် ချစ်ခင်မြတ်နိုးလေးစားကြောင်း ၊ သို့သော်လည်း ဗဟိုမှ ချထားပေး သော ဒေါ်တင်တင်ရီ နှင့် ဥက္ကဋ္ဌ ဦးဖိုးကြည်တို့အား ၄င်းအနေဖြင့် ကြည်ညိုလို့ မရကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄င်းအနေဖြင့် ဘာမှကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း၊ NLD ပါတီ ကိုတော့ မဲပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ကျွန်းစုမြို့နယ် NLD ဥက္ကဋ္ဌ ဦးဖိုးကြည်သည် ယခုလက်ရှိတွင် မည်သည့် စီးပွားရေးလုပ်ငန်းမှ လုပ်ကိုင်ခြင်း မရှိပဲ သားသမီးများထံ မှီခိုနေကြောင်း သိရှိရသည်။



ဦးဖိုးကြည်အား ယုံကြည်ပြီး ငွေလှူဒါန်းခြင်း မပြုရန်
အကြောင်းကြားစာ


ကျွန်းစုမြို့နယ် ဥက္ကဋ္ဌ ဦးဖိုးကြည်

0 comments: