Wednesday, January 18, 2012

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းအား ပါတီဝင်များက မနှစ်သက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်တင်တင်ရီအား ၂၀၁၂ ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက် အမှတ် - ၅/၁/၂၀၁၂ ဖြင့် မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် လစ်လပ်လျက် ရှိသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာတွင် ဒေါ်တင်တင်ရီအား ၀င်ရောက် အရွေးချယ်ခံရန် တာဝန် ပေးအပ်လိုက်ခြင်း အပေါ် မြိတ်ခရိုင်အတွင်းရှိ မြိတ် ကျွန်းစု ပုလော တနင်္သာရီ မြို့နယ်များရှိ အဖွဲ့ချုပ် အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များက မနှက်သက်ကြောင်းနှင့် ဒေါ်တင်တင်ရီ အား မလိုလားကြောင်း သိရှိရသည်။

၎င်းတို့အနေဖြင့် ဒေါ်တင်တင်ရီအား မနှက်သက်ရခြင်းမှာ ဒေါ်တင်တင်ရီသည် ပါတီ အကြပ်အတည်း ဖြစ်နေစဉ် ကာလများတွင်း ၀င်ရောက်ပါဝင် လှုပ်ရှားခြင်း မရှိပဲ ရှောင်ပြေးနေကြောင်း၊ အဆင်းရဲ အပင်ပန်းခံပြီး ဆောင်ရွက်ရာတွင် မိမိတို့သာ ဆောင်ရွက်ခဲ့ရကြောင်း ၊ မိမိတို့ အနေဖြင့် ထောင်မကြောက် တန်းမကြောက် စီးပွားရေး အပျက်ခံပြီး ပါတီရပ်တည်ရေးအတွက် စည်းရုံးလှုပ်ရှား နေချိန်တွင် ဒေါ်တင်တင်ရီမှာ ၄င်း၏ ရုပ်သိမ်း ထားခြင်း ခံရသော ရှေ့နေလိုင်စင် ပြန်လည်ရရှိရေးအတွက် အာဏာပိုင် အဖွဲ့အစည်းများအား ပူးပေါင်းပြီး ပါတီနှင့် မဆိုင်သလို နေခဲ့ကြောင်း ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖိုးကြည်က ပြောကြားသည်။

ထို့အပြင် ဒေါ်တင်တင်ရီသည် ဗုဒ္ဓဘာသာ အမည်ခံထား သော်လည်း ၄င်းမှာ ခရစ်ယာန် ဘာသာ ကိုးကွယ်သူ တစ်ဦးဖြစ်ကြောင်း၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှင်သန်ရေးအတွက် မိမိတို့ အစ္စလာမ်ဘာသာဝင် အများစုကသာ ထောင်အကျခံ၍ ဆောင်ရွက်ခဲ့သော်လည်း တကယ့် ပြိုင်ဆိုင်ရမည့် ကိစ္စ ပေါ်ပေါက် လာသည့်အခါ၊ အခွင့်အရေး ရရှိသည့် အခါတွင် ခရစ်ယာန် ဘာသာဝင် ဖြစ်သူကသာ ရရှိသဖြင့် မိမိတို့ အနေဖြင့် မကျေနပ်ကြောင်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။
ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၏ ကိုယ်ရေးအကျဉ်း
အမည် - ဒေါ်တင်တင်ရီ
အဘအမည် - ဦးလှဖေ
မွေးသက္ကရာဇ် - ၂၃-၁၁-၁၉၄၆
လူမျိုး / ဘာသာ - ဗမာ / ဗုဒ္ဓ (ခရစ်ယာန်ဘာသာကိုးကွယ်)
နိုင်ငံသားစိစစ်ရေးအမှတ် - ၆/မအရ(နိုင်) 079523
ပညာအရည်အချင်း - ဥပဒေဘွဲ့
အလုပ်အကိုင် - အထက်တန်းရှေ့နေ (လိုင်စင်ရုပ်သိမ်းခံထားရ)
ခင်ပွန်းအမည် - ဦးခင်မောင် (ဂျွန်ခင်မောင်) / အင်္ဂလိပ်စကားပြောသင်တန်း
သားသမီးအမည် - (၁) မမာလာခင် (၄၄)နှစ် ၊ ၆/မအရ(နိုင်)079352
(၂) မသူဇာခင် (၄၂)နှစ်၊ ၆/မအရ(နိုင်)080293
(၃) ၀င်းဇော်ခင် (၄၁)နှစ်၊ ၆/မအရ(နိုင်)079326
(၄) သန့်ဇော်ခင် (၄၀)နှစ်၊ ၆/မအရ(နိုင်) 002185

3 comments:

ကိုစိုးလင်းသန်း said...
This comment has been removed by the author.
lusoe said...

စောက်ပို မနာလိုဖြစ်နေကြတာသူတို့နေရာမရတိုင်း

lusoe said...

စောက်ပို မနာလိုဖြစ်နေကြတာသူတို့နေရာမရတိုင်း